နိုင်ငံ့ဝန်ထမ်းများ၏ အငြိမ်းစားယူရမည့်အသက်ကို ၆၂ နှစ်ဟု စစ်ကောင်စီက ပြင်ဆင်သတ်မှတ်

နိုင်ငံ့ဝန်ထမ်းများ၏ အငြိမ်းစားယူရမည့်အသက်ကို ၆၂ နှစ်ဟု စစ်ကောင်စီက ပြင်ဆင်သတ်မှတ်

မြန်မာနိုင်ငံတစ်ဝန်းလုံး၌ တာဝန်အသီးသီးထမ်းဆောင်နေကြသည့် နိုင်ငံ့ဝန်ထမ်းများ၏ အငြိမ်းစားယူရမည့်အသက်ကို ၆၂ နှစ်ဟု ပြင်ဆင်သတ်မှတ်လိုက်ကြောင်း မတ်လ ၃၁ ရက်နေ့တွင် စစ်ကောင်စီက သတင်းထုတ်ပြန်ထားသည်။

နိုင်ငံတော်၏ လူ့စွမ်းအားအရင်းအမြစ်ကိုထိန်းသိမ်းရန်၊ လုပ်သက်ရင့် နိုင်ငံ့ဝန်ထမ်းများ၏ လုပ်ငန်းအတွေ့အကြုံနှင့် ကျွမ်းကျင်မှုတို့အရ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးတွင် ဆက်လက်အထောက်အကူပြုစေရန်၊ လုပ်ငန်းကျွမ်းကျင်သည့် လုပ်သက်ရင့်နိုင်ငံ့ဝန်ထမ်းများကို နိုင်ငံတော်က ဆက်လက်ချီးမြှောက်ရန်အတွက် ပြင်ဆင်သတ်မှတ်လိုက်ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထိုသို့ ဝန်ထမ်းတစ်ဦး၏ အငြိမ်းစားယူရမည့်နှစ်အား ၆၂ နှစ်ဟု တိုးမြှင့်ပြောင်းလဲသတ်မှတ်လိုက်ခြင်းမှာ နိုင်ငံ့ဝန်ထမ်းလုပ်မည့်သူ နည်းပါးလာမှုကြောင့်ဖြစ်နိုင်သည်ဟု လွှတ်တော်အမတ်ဟောင်းတစ်ဦးဖြစ်သည့် ဒေါက်တာအေးမောင်ကသုံးသပ်သည်။

"၆၂ နှစ် သတ်မှတ်လိုက်တယ်ဆိုတာက လူငယ်တွေအနေနဲ့ နိုင်ငံ့အလုပ်ကို ဝင်ရောက်မှုနည်းပါးလာပုံပေါက်တယ်။ နိုင်ငံဝန်ထမ်းဘဝမှာ အသက်အရွယ်အလိုက် ဝင်ရမယ့်အပိုင်းတွေမှာ လျှော့နည်းပုံရတယ်။ ဒါကြောင့် အသက်အရွယ်ကြီးသူတွေကို ပင်စင်ပေးလိုက်လို့ရှိရင် နိုင်ငံ့တာဝန်ထမ်းတဲ့ကဏ္ဍတွေမှာ အခက်ခဲဖြစ်လာမှာကြောက်လို့ထင်တယ်။ အဲဒီအချက်တွေကြောင့်ပဲ ဖြစ်ဖို့များတယ်"ဟု ၄င်းကပြောသည်။

နှစ်(၆၀)ပြည့်၍ ပင်စင်ယူရတော့မည့်အရွယ်များအား သက်တမ်းတိုးမြှင့်လိုက်ခြင်းမှာ တချို့သောဌာနဆိုင်ရာများမှ ဝန်ထမ်းများအတွက် နစ်နာမှုများရှိလာနိုင်ကြောင်းလည်း ဒေါက်တာအေးမောင်က ဆက်လက်ပြောသည်။

"အသက် ၆ဝ ဆိုတော့ ဝန်ထမ်းလုပ်ငန်းမှာ အတွေ့အကြုံတွေ အများကြီးရပြီးသားလူတွေဖြစ်သွားပြီ။ သူတို့ကို ဆက်လက်တာဝန်ထမ်းဆောင်ခိုင်းရင်တော့ နိုင်ငံတော်အတွက်ကောင်းပါတယ်။ဒါပေမဲ့တစ်ခုရှိတာက တချို့ဌာနဆိုင်ရာတွေမှာ အောက်ကဝန်ထမ်းတွေက အထက်ကလူပင်စင်ရမှ ရာထူးတိုးမယ့်အပိုင်းတွေရှိတယ်။ အခုလို ၆၂ နှစ်တိုးလိုက်တာက ရာထူးတိုးမယ့်ဝန်ထမ်းတွေအတွက် လမ်းပိတ်ထားသလိုမျိုးလည်းဖြစ်လာနိုင်တယ်"ဟု ၄င်းကဆိုသည်။

အမည်မဖော်လိုသည့်ကျန်းမာရေးဝန်ထမ်းတစ်ဦးက "အခုလိုကြီးပြဋ္ဌာန်းလိုက်တာက တာဝန်ထမ်းဆောင်ချင်တဲ့သူကို နောက်ဆုတ်သလိုဖြစ်စေတယ်။ လက်ရှိအသက် ၆၀ ပြည့်တဲ့သူတွေအတွက် ပင်စင်ယူဖို့နဲ့အနားယူချင်ကြမှာပါ။ အခုလိုထပ်ပြီးထမ်းဆောင်ခိုင်းတာကတော့ အဆင်ပြေမှာမဟုတ်လောက်ဘူး"ဟု ဆိုသည်။

စစ်တပ်မှ နိုင်ငံတော်အာဏာကိုသိမ်းယူပြီးနောက် တစ်နှစ်ကျော်အချိန်တွင် နိုင်ငံ့ဝန်ထမ်းများ၏ အငြိမ်းစားယူရမည့်အသက်ကို ၆၂ နှစ်ဟု သတ်မှတ်လိုက်ခြင်းလည်းဖြစ်သည်။

May 19, 2026
အာရက္ခတပ်တော်(AA)နှင့် ပူးပေါင်းတပ်များ၏ ထိုးစစ်သည် လက်ရှိတွင် ပဲခူးတိုင်း၊...
May 18, 2026
စစ်အစိုးရ ထိန်းချုပ်နေဆဲဖြစ်သည့် ရခိုင်ပြည်၊ စစ်တွေမြို့တွင် မြို့အဝင်အထွက် နေရာများ၊...
May 16, 2026
ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ် တောင်မော်ဦး ရေတပ်စခန်းမှ ထိုးစစ်ဆင်လာသည့် အာဏာသိမ်းစစ်တပ်နှင့် AA...
၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလတွင် ပလက်ဝမြို့နယ်မှ စစ်တပ်စခန်းတစ်ခု သိမ်းပိုက်ပြီးနောက် တွေ့ရသည့် AA တပ်ဖွဲ့ဝင်များ။ ဓာတ်ပုံ - AA Info Desk
May 15, 2026
စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်၊ နတ်မဟုတ် ကလေးကျေးရွာအတွင်း အထိုင်ချထားသည့် စစ်တပ် စခန်းကို AA...