မင်းပြားမြို့ ကုတင်(၅၀)ဆံ့ဆေးရုံတွင် ဆရာဝန်အင်အား လိုအပ်ချက်ရှိနေ

မင်းပြားမြို့ ကုတင်(၅၀)ဆံ့ဆေးရုံတွင် ဆရာဝန်အင်အား လိုအပ်ချက်ရှိနေ

ရခိုင်ပြည်နယ်၊ မင်းပြားမြို့ရှိပြည်သူ့ဆေးရုံတွင် ဆရာဝန်အင်အားနည်းနေ၍ ကျန်းမာရေးစောင့်ရှောက်မှုပေးရာတွင် အခက်အခဲများရှိနေကြောင်း သိရသည်။

လူဦးရေ ၂ သိန်းကျော်နေထိုင်သည့် မင်းပြားမြို့တွင် ကုတင်(၅၀)ဆံ့ဆေးရုံတည်ရှိနေသော်လည်း လက်ရှိတွင် မြို့နယ်ဆရာဝန်တစ်ဦးနှင့် လက်ထောက်ဆရာဝန်တစ်ဦးသာရှိသည်။

“ပုံမှန်ဆိုရင် ကုတင် ၅၀ ဆံ့တဲ့ဆေးရုံမှာ မြို့နယ်ဆရာဝန်တစ်ယောက်နဲ့ လက်ထောက်ဆရာဝန် ၆ ယောက်ရှိရမယ်။ အခုက ဆေးရုံမှာ ဆရာဝန်နှစ်ယောက်ပဲရှိတော့ ဂျူတီမျှဆင်းပြီးတော့ ပြည်သူ့တွေကိုဆေးကုပေးနေရတယ်။ ကိုဗစ်ကာလအတွင်းမှာ လုပ်ရတာဖြစ်တဲ့အတွက် ကိုဗစ်ကာကွယ်ထိန်းသိမ်းရေးအပိုင်းတွေရော၊ ကုသရေးအပိုင်းတွေလုပ်ရတဲ့အခါ အားနည်းမှုတွေတော့ရှိတယ်”ဟု မင်းပြားမြို့နယ်ဆရာဝန် ဒေါက်တာ နေဝင်းထွန်းက DMG ကိုပြောသည်။

ထိုသို့ကုတင် ၅၀ ဆံ့ဆေးရုံတွင် တခါတရံ လူနာ ၈၀ ကျော်အထိ ဆေးရုံတက်ရောက်ကုသမှုများရှိသဖြင့်လည်း လက်ရှိဆရာဝန်အင်အားနှင့်လိုက်မမီဘဲ ဆရာဝန်လိုအပ်ချက်ရှိနေခြင်းဖြစ်သည်။

မင်းပြားဆေးရုံတွင် ကျန်းမာရေးစောင့်ရှောက်မှုခံယူရန်လာရောက်သည့် လူနာများမှာလည်း အခက်အခဲများကြုံတွေ့ရသဖြင့် ဆရာဝန်အင်အားကို လုံလောက်စွာချထားပေးရန် ဒေသခံများကတောင်းဆိုကြသည်။

မင်းပြားဒေသခံ ဒေါ်အေးခင်စောက “လူနာတွေအနေနဲ့ ဆရာဝန်တွေရှိနေတာက အများကြီးပိုအဆင်ပြေတယ်။ တော်တဲ့တတ်တဲ့ ဆရာဝန်တွေရှိရင် အများကြီးပိုကောင်းတာပေါ့။ အခုက ဆရာဝန်နည်းနည်းပဲရှိတော့ လိုက်မမီဘူးလေ။  ဆရာဝန်တစ်ယောက်လည်း ကျန်းမာရေးမကောင်းလို့ ဆေးကုဖို့သွားတယ်ကြားတယ်။ ဆရာဝန်ကြီးတစ်ယောက်ပဲရှိတယ်တဲ့ လောလောဆယ်။ ဆရာဝန်တွေမရှိရင် လူနာတွေအနေနဲ့အားငယ်တာပေါ့”ဟု ပြောသည်။

မင်းပြားမြို့နယ်အတွင်းတွင် ပန်းမြောင်းတိုက်နယ်ဆေးရုံရှိပြီး မင်းဖူးတိုက်နယ်ဆေးရုံမှာ အဆောက်အဦဆောက်လုပ်ပြီး၍ ဝန်ထမ်းများနှင့် ဆေးပစ္စည်းများချထားပေးရန် ပြည်နယ်ကျန်းမာရေးဌာနသို့ တင်ပြထားဆဲဖြစ်ကြောင်း မင်းပြားမြို့နယ်ဆရာဝန် ဒေါက်တာ နေဝင်းထွန်းထံမှ သိရသည်။

လက်ရှိမင်းပြားမြို့ပြည်သူ့ဆေးရုံတွင် အလုပ်သမားများအပါအဝင် ကျန်းမာရေးဝန်ထမ်း ၅၄ ဦးရှိပြီး မင်းပြားဒေသခံများ အပါအဝင် တခြားပေါက်တော၊ မြေပုံနှင့် မြောက်ဦးမြို့နယ်တို့မှ ဒေသခံများမှာလည်း လာရောက်ဆေးကုသမှု ခံယူခြင်းများရှိကြောင်း သိရသည်။

အလားတူ ရမ်းဗြဲမြို့နယ် စကုကျွန်းတိုက်နယ်ဆေးရုံတွင်လည်း ၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာလကတည်းက ဆရာဝန်မရှိ၍ စကုကျွန်းပေါ်ရှိကျေးရွာ ၈ ရွာမှ လူဦးရေ ၅၀၀၀ ခန့်မှာ ကျန်းမာရေးစောင့်ရှောက်မှုခံယူရန် အခက်အခဲနှင့် ရင်ဆိုင်နေကြရသည်။

April 11, 2026
တိုက်ပွဲများ ရှိနေသည့် စစ်တွေမြို့တွင် စစ်ကောင်စီသည် ရခိုင်ပြည်နယ် အစိုးရအဖွဲ့အဖြစ် ဝန်ကြီး ၈...
April 10, 2026
စစ်ကောင်စီ ထိန်းချုပ်ထားဆဲဖြစ်သည့် ရခိုင်ပြည်၊ စစ်တွေမြို့တွင် သင်္ကြန်ကာလ နီးကပ်လာမှုနှင့်အတူ...
နတ်ရေကန်ဗျုဟာကုန်းအနီးက ကမ္ဘာလုံးကာကင်းစခန်းကို ၂၀၂၅ အောက်တိုဘာလက တွေ့ရစဉ်။ ဓာတ်ပုံ - AK Htoo
April 9, 2026
မကွေးတိုင်း၊ ငဖဲမြို့နယ် နတ်ရေကန်စခန်းတွင် တိုက်ပွဲဖြစ်ပွားမှု ဆက်တိုက်ရှိနေပြီး...
တားမြစ်ထားသည့် ယစ်မျိုးကုန်များ ရောင်းချမှုရှိ/မရှိ ULA/AA က စစ်ဆေးမှုများ လုပ်ဆောင်နေသည်ကို ၂၀၂၅ ခုနှစ်အတွင်းက ရခိုင်ဒေသတစ်နေရာတွင် တွေ့ရစဉ်။ ဓာတ်ပုံ - APM
April 8, 2026
သင်္ကြန်ကာလအတွင်း အာရက္ခတပ်တော်(AA) ထိန်းချူပ်ဒေသများသို့ တရားဝင် တင်သွင်းခွင့်ပြုထားသည့်...