တနိုင်းမြို့နယ်တွင် တပ်ချိန်းသည့် စစ်ကောင်စီတပ်ကို KIA မိုင်းဆွဲတိုက်ခိုက်

တနိုင်းမြို့နယ်တွင် တပ်ချိန်းသည့် စစ်ကောင်စီတပ်ကို KIA မိုင်းဆွဲတိုက်ခိုက်

ကချင်ပြည်နယ်၊ တနိုင်းမြို့နယ် ပိန္နက်နှင့် ရှင်လုံကျေးရွာကြားတွင် လူလဲလှယ်ရန်လာသည့် စစ်ကောင်စီတပ်သားများကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)က မတ် ၂၈ မနက်(၈)နာရီအချိန်ခန့်က မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

တရုံကျေးရွာဘက်မှ ခြေလျင်ဖြင့် တပ်ချိန်းရန် လာသည့် စစ်ကောင်စီတပ်သားများကို KIAက မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီးနောက် နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်း ဒေသခံတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်သို့ ပြောသည်။

“ပိန္နက်နဲ့ ရှင်လုံ ရွာကြားမှာ ဖြစ်တာ။ တရုံကနေ စစ်ကြောင်းအလဲအလှယ် လုပ်တဲ့ တပ်ချိန်းတွေနဲ့ ဖြစ်တာ။ ခြေလျင်နဲ့ ဟုတ်တယ်။ မိုင်းဆွဲတိုက်ခိုက်ပြီး အပြန်အလှန် ပြန်ပစ်ကြတာ။ သူတို့က တနိုင်းဘက် ပြန်တက်သွားပြီ”ဟု ၎င်းက ဆိုသည်။

အဆိုပါစစ်ကောင်စီ ခြေလျင်စစ်ကြောင်းတွင် အင်အား(၅၀)ဝန်းကျင် ပါဝင်ကြောင်းလည်း သိရသည်။

တနိုင်းသွားလမ်းရှိ စစ်ကောင်စီတပ်စခန်းကို လုံခြုံရေးယူ‌နေသည့် စစ်ကောင်စီတပ်သားများကို လည်း မတ်လ(၂၅)ရက်နေ့မနက်ပိုင်းက ကချင်လွတ်လပ်ရေးတပ်မတော်(KIA)မှ မိုင်းဆွဲတိုက်ခိုက်မှုလည်း ရှိခဲ့သည်။

Most read this week

August 4, 2026
ရခိုင်ပြည်၊ သံတွဲမြို့နယ်၊ ငပလီမြို့၊ ဂျိတ္တော အမှတ် (၉) ရပ်ကွက်ကို စစ်တပ်က လေကြောင်းမှ...
စစ်တပ်၏ စစ်ရေးပြအခမ်းအနားတစ်ခုတွင် ဂျက်တိုက်လေယာဉ်များကို တွေ့ရစဉ်။ (ဓာတ်ပုံ - AFP)
August 3, 2026
ဝိုင်းပတ်ပိတ်ဆို့ ခံထားရသည့် မကွေးတိုင်းဒေသကြီး၊ ငဖဲမြို့နယ်ရှိ နတ်ရေကန်ဗျူဟာစခန်း အနီးတစ်ဝိုက်...
August 3, 2026
ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်ရှိ စစ်ဘေးရှောင်စခန်းအချို့တွင် သွေးလွန်တုပ်ကွေးရောဂါ...
ဓာတ်ပုံ - သရုပ်ဖော်ပုံ
August 1, 2026
ULA/AA ထိန်းချုပ်ဒေသများတွင် ဖြစ်ပွားခဲ့သော အဓမ္မပြုကျင့်ခံရမှုများနှင့်ပတ်သက်ပြီး သက်ဆိုင်ရာ...