အမ်းမြို့ပေါ်တွင်ခိုလှုံနေသည့် စစ်ဘေးရှောင်တစ်ထောင်ကျော်နေရပ်ပြန်

အမ်းမြို့ပေါ်တွင်ခိုလှုံနေသည့် စစ်ဘေးရှောင်တစ်ထောင်ကျော်နေရပ်ပြန်

မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲဖြစ်ပွားမှုကြောင့် အမ်းမြို့ပေါ်သို့ ထွက်ပြေးခိုလှုံနေကြသည့် စစ်ဘေးရှောင် တစ်ထောင်ကျော်မှာ မတ်လ ၂၉ ရက်တွင် ပြည်နယ်စစ်ကောင်စီ၏အစီအစဉ်ဖြင့် ၄င်းတို့၏နေရပ်များသို့ ပြန်သွားကြပြီဖြစ်သည်။

လက်ရှိတွင် တိုက်ပွဲရပ်တန့်နေသောကြောင့် ဒေသတည်ငြိမ်မှုရှိနေသဖြင့် စစ်ဘေးရှောင်များ နေရပ်ပြန်သွားကြခြင်းဖြစ်သည်။ ယခုပြန်သွားကြသူများမှာ အမ်းမြို့နယ်၊ ဒါးလက်ကျေးရွာအုပ်စုရှိ ရွာဟောင်း၊ လောင်းအိမ်စု စသည့်ကျေးရွာ ၂၀ ကျော်မှ စစ်ဘေးရှောင်များဖြစ်ကြသည်။

နေရပ်ပြန်သွားကြသည့်လူဦးရေ ၁၃၈၁ ဦးကို စစ်ကောင်စီမှ တစ်အိမ်ထောင်လျှင် ငွေကျပ်ငါးသိန်းစီထောက်ပံ့ကာ ခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီဌာနမှလည်း အဝတ်အထည်၊ အိုး၊ဇွန်း ၊ပန်းကန် စသည့်ပစ္စည်း ၁၇ မျိုးကို ထောက်ပံ့ခဲ့ကြောင်း အမှတ်(၁)စစ်ဘေးရှောင်စခန်းတာဝန်ခံ ဦးသန်းချိုကပြောသည်။

၄င်းတို့နေရပ်ပြန်ရန်အတွက် စာရင်းပေးထားသည်မှာ (၈)လခန့်ကြာမြင့်နေပြီဖြစ်သော်လည်း ယခုမှ နေရပ်ပြန်မည့်အစီအစဉ် အောင်မြင်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

တစ်ဖက်တွင်လည်း ယခုနေရပ်ပြန်သွားခဲ့ကြသည့် ကျေးရွာအနီးတွင် တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့သဖြင့် မိုင်းအန္တရာယ်ရှိမည်ကို စိုးရိမ်မိကြောင်း လူမှုရေးတက်ကြွလှုပ်ရှားသူ အမ်းဒေသခံ ကိုမျိုးလွင်ကပြောသည်။

“သူတို့လုပ်ကိုင်စားသောက်တဲ့နေရာတွေမှာ မြေမြုပ်မှိုင်းတွေရှင်းလင်းမှုမရှိတာကြောင့် သူတို့ရဲ့အသက်အန္တရာယ်ကို ခြိမ်းခြောက်မှုရှိနေတာတွေကိုတော့ ကျနော်တို့စိုးရိမ်တယ်။ နောက်တစ်ခုက ရက္ခိုင့်တပ်တော်နဲ့ မြန်မာစစ်တပ်ဟာ ဆွေးနွေးပြီးလက်မှတ်အသေအချာ ထိုးထားတာလည်းမဟုတ်ဘူးဆိုတော့ အချိန်မရွေးတိုက်ပွဲဖြစ်လာတဲ့အခါ သူတို့ဟာ ဓားစာခံပုံစံမျိုးဖြစ်လာမှာကို စိုးရိမ်တယ်”ဟု ၄င်းကဆိုသည်။

မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့သည် ပြီးခဲ့သည့် ၂၀၁၈ ခု၊ နှစ်ကုန်ပိုင်းမှစတင်ကာ ၂၀၂၀ ခု၊ နိုဝင်ဘာလပထမပတ်အထိ တိုက်ပွဲဖြစ်ပွားခဲ့ကာ လက်ရှိတွင် နားလည်မှုဖြင့်တိုက်ပွဲရပ်တန့်နေခြင်းဖြစ်သည်။

Most read this week

August 4, 2026
ရခိုင်ပြည်၊ သံတွဲမြို့နယ်၊ ငပလီမြို့၊ ဂျိတ္တော အမှတ် (၉) ရပ်ကွက်ကို စစ်တပ်က လေကြောင်းမှ...
စစ်တပ်၏ စစ်ရေးပြအခမ်းအနားတစ်ခုတွင် ဂျက်တိုက်လေယာဉ်များကို တွေ့ရစဉ်။ (ဓာတ်ပုံ - AFP)
August 3, 2026
ဝိုင်းပတ်ပိတ်ဆို့ ခံထားရသည့် မကွေးတိုင်းဒေသကြီး၊ ငဖဲမြို့နယ်ရှိ နတ်ရေကန်ဗျူဟာစခန်း အနီးတစ်ဝိုက်...
August 3, 2026
ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်ရှိ စစ်ဘေးရှောင်စခန်းအချို့တွင် သွေးလွန်တုပ်ကွေးရောဂါ...
ဓာတ်ပုံ - သရုပ်ဖော်ပုံ
August 1, 2026
ULA/AA ထိန်းချုပ်ဒေသများတွင် ဖြစ်ပွားခဲ့သော အဓမ္မပြုကျင့်ခံရမှုများနှင့်ပတ်သက်ပြီး သက်ဆိုင်ရာ...