မွန်ပြည်နယ်တွင် ရေစပြတ်ပြီ

မွန်ပြည်နယ်တွင် ရေစပြတ်ပြီ

မြို့တော် မော်လမြိုင် အပါအဝင် မွန်ပြည်နယ် မြို့နယ်အချို့တို့တွင် သောက်သုံးရေ ပြတ်လပ်မှုများ စတင်ကြုံ တွေ့နေရသည်ဟု ဒေသခံများက ပြောသည်။

မော်လမြိုင်မြို့ပေါ်ရှိ ရပ်ကွက်အချို့နှင့် မုဒုံ၊ ကျိုက်မရော၊ ပေါင်၊ သထုံ၊ ကျိုက်ထိုမြို့နယ်များ အတွင်းရှိ ရပ် ကွက်၊ ကျေးရွာအချို့တို့တွင် သုံးရေရှားပါး ပြတ်လပ်မှုများ စတင်ကြုံတွေ့လာနေရပြီဟု သိရသည်။

”ရာသီဥတု တအားပူလာတော့ ရေတွင်းရေတွေက ခမ်းလာတယ်။ ရေအခက်အခဲက နှစ်တိုင်းလိုလိုကြုံရတယ်။ စောတာနဲ့ နောက်ကျတာပဲ ရှိတယ်။ အစောကြီးကုန်ရင် အစောကြီး ဝယ်သုံးရတယ်။ ဒီနှစ်ကတော့ စောတယ် သင်္ကြန်တောင် မရောက်သေးဘူး ရေဝယ်နေရပြီး” ဟု မုဒုံမြို့က ဒေသခံတစ်ဦးက ပြောသည်။

ရေတွင်းရေကိုသာ အဓိက သုံးနေကြရသည့် ရပ်ကွက်၊ ကျေးရွာများတွင် ရာသီဥတုပူပြင်းလာမှုကြောင့် မတ်လ ဆန်းပိုင်းမှ စတင်ကာ ရေတွင်းရေများ ခမ်းခြောက်လာပြီး ရေအခက်အခဲ စတင်ကြုံတွေ့လာရသည်ဟုလည်း ဒေသခံများ က ဆိုသည်။

လက်ရှိတွင် ရေအခက်အခဲကြုံတွေ့နေရသည့် ရပ်ကွက်၊ ကျေးရွာတို့တွင် ပရဟိတအဖွဲ့အစည်းအချို့က သောက် သုံးရေ လာရောက် လှူဒါန်းပေးနေသော်လည်း အများစုက ဝယ်သုံးနေရသည်ဟု ဒေသခံများက ပြောသည်။

ရပ်ကွက်၊ ကျေးရွာအချို့တို့တွင် ရေအနည်းအများပေါ်မူတည်ပြီး မော်တော်ယာဥ်ဖြင့် တစ်ခေါက်သယ်လျှင် ကျပ် ၅၀၀၀ နှင့် ၁၀၀၀၀ အကြား ပေးဝယ်နေရသည်ဟုလည်း ဒေသခံအချို့က ပြောသည်။

ကျိုက်မရောမြို့ခံတစ်ဦးက ”ရေအခက်အခဲ စဖြစ်နေပြီး ပရဟိတအဖွဲ့တွေကနေ လာလှူပေးနေတာရှိတယ်။ တချို့ကလည်း ဝယ်သုံးကြတယ်” ဟု ပြောသည်။

မွန်ပြည်နယ်အတွင်းရှိ မြို့နယ် အများစုတို့တွင် နှစ်စဥ် ရေပြတ်လပ်မှုဒဏ် ခံရလေ့ရှိပြီး အထူးသဖြင့် ရေတွင်းရေ ကန်များ တူးဖော်၍ မရသည့် ပင်လယ်ကမ်းခြေနှင့် နီးစပ်သည့် ကျေးရွာများတွင်လည်း သောက်သုံးရေပြတ်လပ် မှု ဆိုးရွားစွာ ကြုံတွေ့ရလေ့ရှိသည်။

သောက်သုံးရေပြတ်လပ်လေ့ရှိသည့် နွေရာသီတွင် ရေအခက်အခဲ ပြဿနာကို မြို့နယ်မီးသတ်တပ်ဖွဲ့များ၊ ကျေး လက်ဒေသ ဖွံ့ဖြိုးရေး ဦးစီးဌာနတို့အပြင် လူမှုအဖွဲ့အစည်းများ၊ ပရဟိတအဖွဲ့အစည်းများက ကူညီဖြေရှင်းပေး လေ့ ရှိသော်လည်း ယခုနှစ်တွင် စက်သုံးဆီစျေးမြင့်တက်မှုနှင့် နိုင်ငံရေးအခြေအနေကြောင့် ရေအလှူရှင်လည်း နည်းနေသည်ဟု ဒေသခံများက ဆိုကြသည်။

April 11, 2026
တိုက်ပွဲများ ရှိနေသည့် စစ်တွေမြို့တွင် စစ်ကောင်စီသည် ရခိုင်ပြည်နယ် အစိုးရအဖွဲ့အဖြစ် ဝန်ကြီး ၈...
April 10, 2026
စစ်ကောင်စီ ထိန်းချုပ်ထားဆဲဖြစ်သည့် ရခိုင်ပြည်၊ စစ်တွေမြို့တွင် သင်္ကြန်ကာလ နီးကပ်လာမှုနှင့်အတူ...
နတ်ရေကန်ဗျုဟာကုန်းအနီးက ကမ္ဘာလုံးကာကင်းစခန်းကို ၂၀၂၅ အောက်တိုဘာလက တွေ့ရစဉ်။ ဓာတ်ပုံ - AK Htoo
April 9, 2026
မကွေးတိုင်း၊ ငဖဲမြို့နယ် နတ်ရေကန်စခန်းတွင် တိုက်ပွဲဖြစ်ပွားမှု ဆက်တိုက်ရှိနေပြီး...
တားမြစ်ထားသည့် ယစ်မျိုးကုန်များ ရောင်းချမှုရှိ/မရှိ ULA/AA က စစ်ဆေးမှုများ လုပ်ဆောင်နေသည်ကို ၂၀၂၅ ခုနှစ်အတွင်းက ရခိုင်ဒေသတစ်နေရာတွင် တွေ့ရစဉ်။ ဓာတ်ပုံ - APM
April 8, 2026
သင်္ကြန်ကာလအတွင်း အာရက္ခတပ်တော်(AA) ထိန်းချူပ်ဒေသများသို့ တရားဝင် တင်သွင်းခွင့်ပြုထားသည့်...