ဘူးသီးတောင်တွင် စစ်ကျန်လက်နက်ပေါက်ကွဲမှုကြောင့် မွတ်ဆလင်တစ်ဦးသေ၊ တစ်ဦးဒဏ်ရာပြင်းထန်

ဘူးသီးတောင်တွင် စစ်ကျန်လက်နက်ပေါက်ကွဲမှုကြောင့် မွတ်ဆလင်တစ်ဦးသေ၊ တစ်ဦးဒဏ်ရာပြင်းထန်

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်တွင် စစ်ကျန်လက်နက်တစ်ခုပေါက်ကွဲမှုကြောင့် မွတ်ဆလင် အမျိုးသားတစ်ဦးသေဆုံးကာ နောက်ထပ်အမျိုးသားတစ်ဦးမှာ ပြင်းထန်ဒဏ်ရာရရှိခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။

မတ်လ(၂၇)ရက်နေ့ ညပိုင်းက မေယုတောင်တန်းနေရာတွင် ထင်းခုတ်သွားစဉ် စစ်ကျန်လက်နက်တစ်ခုကိုနင်းမိရာမှ ယင်းသို့ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ယင်းသို့ပေါက်ကွဲမှုကြောင့် သိမ်တောင်ပြင်ကျေးရွာမှ အသက် (၁၈)နှစ်အရွယ် မာမတ်ရော်ရှိတ်မှာသေဆုံးသွားခဲ့ပြီး ဒိုးတန်းကျေးရွာမှ အသက်(၂၀)အရွယ် ဟာဘီအူလာမှာ ညာဘက်လက်မောင်း၊ ပခုံးတို့တွင် ပြင်းထန်ဒဏ်ရာများရရှိခဲ့သည်ဟု ဒဏ်ရာရရှိသူ၏ မိသားစုဝင်တစ်ဦးကပြောသည်။

“သူတို့နှစ်ယောက်က အမြဲတမ်းလိုလို အဲဒီနေရာကို မီးသွေးဖုတ်ဖို့သွားကြတယ်။ မနေ့က မီးသွေးဖုတ်ဖို့ ထင်းခုတ်သွားတဲ့အခါ ဗုံးသီးကိုနင်းမိတဲ့အတွက် ပေါက်ကွဲပြီးတော့ ဒဏ်ရာရသွားကြတယ်။ တစ်ယောက်ကတော့ ဒဏ်ရာပြင်းထန်တဲ့အတွက် ဘူးသီးတောင်ဆေးရုံကိုသွားတဲ့အခါ ဘုတ်မှာသေသွားတယ်။ နောက်တစ်ယောက်က ဆေးရုံမှာဆေးကုသခံယူနေပါတယ်“ဟု ဆိုသည်။

အဆိုပါ စစ်ကျန်လက်နက်ပေါက်ကွဲသည့်နေရာအနီးတွင် မြန်မာစစ်တပ်စခန်းတစ်ခုရှိသည်ဟု ၎င်းမိသားစုဝင်က ဆက်လက်ပြောဆိုသည်။

အဆိုပါဒဏ်ရာရှိသူနှင့် သေဆုံးသွားသူတို့မှာ ဆင်းရဲနွမ်းပါးသည့်အတွက် ထင်းခုတ်၊ မီးသွေးဖုတ်၊ ကြုံရာကျပန်းအလုပ်များကို လုပ်ကိုင်စားသောက်နေသူများဖြစ်သည်ဟု သိရသည်။

ရခိုင်တွင် တောတောင်များကိုမှီခိုပြီး လုပ်ကိုင်စားသောက်နေသည့်ဒေသခံများမှာ တိုက်ပွဲအကျိုးဆက်ဖြစ်သည့် မြေမြုပ်မှိုင်းနှင့် စစ်ကျန်လက်နက်ပေါက်ကွဲမှုကြောင့် သေဆုံးဒဏ်ရာရရှိမှုများဖြစ်ပေါ်နေခြင်းဖြစ်သည်။  

ရခိုင်ပြည်နယ်တွင် တိုက်ပွဲဖြစ်ပွားခဲ့သည့် ၂ နှစ်တာကာလအတွင်း မြေမြုပ်မှိုင်းနှင့်စစ်ကျန်လက်နက်ပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရရှိသူ စုစုပေါင်း ၁၀၀ ကျော်နှင့် သေဆုံးသူ ၇၀ ဦးကျော် ရှိခဲ့သည်။

Most read this week

August 4, 2026
ရခိုင်ပြည်၊ သံတွဲမြို့နယ်၊ ငပလီမြို့၊ ဂျိတ္တော အမှတ် (၉) ရပ်ကွက်ကို စစ်တပ်က လေကြောင်းမှ...
စစ်တပ်၏ စစ်ရေးပြအခမ်းအနားတစ်ခုတွင် ဂျက်တိုက်လေယာဉ်များကို တွေ့ရစဉ်။ (ဓာတ်ပုံ - AFP)
August 3, 2026
ဝိုင်းပတ်ပိတ်ဆို့ ခံထားရသည့် မကွေးတိုင်းဒေသကြီး၊ ငဖဲမြို့နယ်ရှိ နတ်ရေကန်ဗျူဟာစခန်း အနီးတစ်ဝိုက်...
August 3, 2026
ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်ရှိ စစ်ဘေးရှောင်စခန်းအချို့တွင် သွေးလွန်တုပ်ကွေးရောဂါ...
ဓာတ်ပုံ - သရုပ်ဖော်ပုံ
August 1, 2026
ULA/AA ထိန်းချုပ်ဒေသများတွင် ဖြစ်ပွားခဲ့သော အဓမ္မပြုကျင့်ခံရမှုများနှင့်ပတ်သက်ပြီး သက်ဆိုင်ရာ...