အာဏာရှင်စနစ်ဖျက်သိမ်းရေးအတွက် ULA/AA နှင့် အလွတ်သဘောတွေ့ဆုံလိုကြောင်း NUG ဖိတ်ကြား

အာဏာရှင်စနစ်ဖျက်သိမ်းရေးအတွက် ULA/AA နှင့် အလွတ်သဘောတွေ့ဆုံလိုကြောင်း NUG ဖိတ်ကြား

အာဏာရှင်စနစ် အပြီးတိုင်ဖျက်သိမ်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ဖော်ဆောင်ရေးလုပ်ငန်းများကို ကြိုးပမ်းဆောင်ရွက်ရန်အတွက် ရခိုင်အမျိုးသားအဖွဲ့ချုပ်(ULA/AA)ကို အလွတ်သဘောဖြင့်တွေ့ဆုံလိုကြောင်း အာဏာသိမ်းစစ်ကောင်စီကိုတော်လှန်နေသည့် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)မှ ဖိတ်ကြားလိုက်သည်။

NUG မှဖွဲ့စည်းထားသည့် မဟာမိတ်ဆက်ဆံရေးကော်မတီကို မိတ်ဆက်ခြင်းနှင့် အလွတ်သဘောတွေ့ဆုံလိုကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၏ မဟာမိတ်ဆက်ဆံရေးကော်မတီခေါင်းဆောင် နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်၏လက်မှတ်ဖြင့် မတ် ၂၄ ရက်နေ့က ဖိတ်ကြားထားခြင်းဖြစ်သည်။

“လူကြီးမင်းတို့ (ULA)အဖွဲ့အစည်း၊ အဆင်ပြေသင့်လျော်မယ့် အချိန်၊ နေ့ရက်မှာ အမျိုးသားညီညွတ်ရေးအစိုးရ၊ မဟာမိတ်ဆက်ဆံရေးကော်မတီအနေနဲ့ လူကြီးမင်းတို့နဲ့မိတ်ဆက် အလွတ်သဘောတွေ့ဆုံလိုပါကြောင်း ခင်မင်ရင်းနှီးစွာ အဆိုပြုဖိတ်ကြားအပ်ပါတယ်”ဟု (ULA/ AA)အား ဖိတ်ခေါ်စာတွင်ရေးသားထားသည်။

မိမိတို့ကြား ပိုမိုချစ်ကြည်ရင်းနှီးသောဆက်ဆံရေးနှင့် အပြန်အလှန်ယုံကြည်မှုတည်ဆောက်ရေးမှသည် အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများ၊ မိတ်ဖက်နိုင်ငံရေးအဖွဲ့အစည်းများ၊ အင်အားများနှင့်အတူ ပူးပေါင်းလက်တွဲ၍ အာဏာရှင်စနစ်အပြီးတိုင်ဖျက်သိမ်းရေး၊ ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စု ဖော်ဆောင်ရေးလုပ်ငန်းစဉ်များကို ကြိုးပမ်းဆောင်ရွက်ရန် များစွာဆန္ဒပြင်းပြထက်သန်လျက်ရှိကြောင်း NUG ၏ ထုတ်ပြန်ချက်တွင်ရေးသားထားသည်။

အမျိုးသားညီညွတ်ရေးအစိုးရသည် အာဏာရှင်စနစ်ပပျောက်ရေး၊ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေးအတွက် အခြေခံကောင်းများတည်ဆောက်နိုင်ရေးအတွက် တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများ၊ မိတ်ဖက်နိုင်ငံရေးအဖွဲ့အစည်းများ၊ အင်အားစုများနှင့် ပိုမိုဆက်သွယ်ပူးပေါင်းချိတ်ဆက် ဆောင်ရွက်နိုင်ရေးအတွက် မဟာမိတ်ဆက်ဆံရေးကော်မတီကို ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ ၂၉ ရက်နေ့တွင် ဖွဲ့စည်းခဲ့သည်ဟုလည်း ဖော်ပြထားသည်။

April 11, 2026
တိုက်ပွဲများ ရှိနေသည့် စစ်တွေမြို့တွင် စစ်ကောင်စီသည် ရခိုင်ပြည်နယ် အစိုးရအဖွဲ့အဖြစ် ဝန်ကြီး ၈...
April 10, 2026
စစ်ကောင်စီ ထိန်းချုပ်ထားဆဲဖြစ်သည့် ရခိုင်ပြည်၊ စစ်တွေမြို့တွင် သင်္ကြန်ကာလ နီးကပ်လာမှုနှင့်အတူ...
နတ်ရေကန်ဗျုဟာကုန်းအနီးက ကမ္ဘာလုံးကာကင်းစခန်းကို ၂၀၂၅ အောက်တိုဘာလက တွေ့ရစဉ်။ ဓာတ်ပုံ - AK Htoo
April 9, 2026
မကွေးတိုင်း၊ ငဖဲမြို့နယ် နတ်ရေကန်စခန်းတွင် တိုက်ပွဲဖြစ်ပွားမှု ဆက်တိုက်ရှိနေပြီး...
တားမြစ်ထားသည့် ယစ်မျိုးကုန်များ ရောင်းချမှုရှိ/မရှိ ULA/AA က စစ်ဆေးမှုများ လုပ်ဆောင်နေသည်ကို ၂၀၂၅ ခုနှစ်အတွင်းက ရခိုင်ဒေသတစ်နေရာတွင် တွေ့ရစဉ်။ ဓာတ်ပုံ - APM
April 8, 2026
သင်္ကြန်ကာလအတွင်း အာရက္ခတပ်တော်(AA) ထိန်းချူပ်ဒေသများသို့ တရားဝင် တင်သွင်းခွင့်ပြုထားသည့်...