လျှပ်စစ်မီးကို မေလအထိ အလှည့်ကျစနစ်ဖြင့်သာ ပေးနိုင်ဦးမည်

လျှပ်စစ်မီးကို မေလအထိ အလှည့်ကျစနစ်ဖြင့်သာ ပေးနိုင်ဦးမည်

လျှပ်စစ်ဓာတ်အား တိုးမြှင့်ထုတ်လုပ်နိုင်ရန် လုပ်ဆောင်နေသည့်အတွက် လျှပ်စစ်မီးကို မတ်လအထိ အလှည့်ကျစနစ်ဖြင့်သာ ပေးနိုင်ဦးမည်ဟု နစကကောင်စီက သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုခဲ့သည်။

မတ်လ ၂၄ရက်နေ့က နေ့ပြည်တော်တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ တပ်မတော် သတင်းမှန်ပြန်ကြားရေး ဒုတိယဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်းက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

မွန်ပြည်နယ်တွင် လျှပ်စစ်မီး အချိန်ကြာမြင့်စွာ ပြတ်တောက်မှုကြောင့် အခက်တွေ့နေကြောင်း ဒေသခံများက ပြောသည်။

မော်လမြိုင်မြို့ လျှပ်စစ်ဝန်ထမ်းတစ်ဦးက "အခုက ကျွန်တော်တို့ ထုတ်ပြန်ထားတဲ့ အချိန်ဇယားအတိုင်း မောင်းပေးနေပါတယ်။ အထက်ကလည်း အဲဒီအတိုင်း တိတိကျကျသွားဖို့ မှာထားတဲ့အတွက် ဇယားအတိုင်းပဲ ဆက်လုပ်ရမှာပါ။ ဘယ်အချိန်အထိ အခုလိုမောင်းရမလဲ။ ဘာတွေဆက်လုပ်ရမလဲဆိုတာတော့ ကျွန်တော်တို့မသိရသေးပါဘူး"ဟု ‌ပြောသည်။

လျှပ်စစ်ဓါတ်အား တိုးမြှင့်ပေးနိုင်ရန် ဓါတ်ငွေ့ပိုက်လိုင်းတိုးချဲ့ခြင်း၊ ရေအားနှင့် နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်စီမံကိန်းများ တိုးချဲ့ဆောင်ရွက်လျက်ရှိကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

လက်ရှိတွင် တာပိန် (၁) ရေအားလျှပ်စစ် စီမံကိန်းမှ ထွက်ရှိမည့် ဓာတ်အား ၁၂၀ မဂ္ဂါဝပ်အား ဝယ်ယူနိုင်ရန် ညှိနှိုင်းလျက်ရှိပြီး ဘီလူးချောင်း ရေအားလျှပ်စစ်မှထွက်ရှိမည့် ဓာတ်အား ၂၂၀ မဂ္ဂါဝပ်ကိုလည်း နိုင်ငံတော် ဓာတ်အားစနစ်သို့ ပြန်လည်ပို့လွှတ်နိုင်ရန်နှင့် ဖျက်ဆီးခံထားရသည့် တာဝါတိုင်များကိုလည်း ပြန်လည် ပြင်ဆင်လျက်ရှိကြောင်း သတင်းစာရှင်းလင်းပွဲမှ သိရသည်။

August 6, 2026
တနင်္သာရီမြို့နယ်၊ တကူကျေးရွာအုပ်စု၊ လမိုင်းကော့ကျေးရွာကို စစ်တပ်က လေကြောင်းဖြင့်...
August 5, 2026
ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်တစ်ကြောတွင် အခြေစိုက်ခဲ့သည့် အွန်လိုင်းငွေလိမ်လုပ်ငန်းများမှာ နယ်စပ်...
Dawei SEZ Watch (ဇူလိုင်လ ၂၉ နှင့် ၃၀ ရက်အတွင်း တောင်မင်းပြောင်ရွာ နေအိမ်များ မီးရှို့ဖျက်ဆီးခံထားရပုံ)
August 4, 2026
တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်အတွင်းရှိ ထားဝယ်အထူးစီးပွားရေးဇုန် စီမံကိန်းဧရိယာ၌ ဇူလိုင်လ...
August 4, 2026
မွန်ပြည်၊ မုဒုံမြို့နယ်တွင် ရပ်ကျေးအုပ်ချုပ်ရေးမှူးသစ် ရွေးချယ်ပွဲများ လုပ်ဆောင်ခဲ့သော်လည်း...