စစ်ကောင်စီတပ်နှင့် ပျူစောထီးတပ်စခန်းကို PDF တပ်ဖွဲ့ ၂ခုက သွားရောက်တိုက်ခိုက်

စစ်ကောင်စီတပ်နှင့် ပျူစောထီးတပ်စခန်းကို PDF တပ်ဖွဲ့ ၂ခုက သွားရောက်တိုက်ခိုက်

စစ်ကိုင်းတိုင်းဒေသကြီး မြိုင်မြို့နယ် သရကန်ကျေးရွာတွင် တပ်စွဲနေထိုင်နေသည့် စစ်ကောင်စီတပ်နှင့် ပျူစောထီးတပ်စခန်းကို ပြည်သူ့ကာကွယ်ရေးတပ် ကျားသစ်နက်ပြောက်ကျားတပ်ဖွဲ့နှင့် မြိုင်နယ်တောင်ပိုင်းတော်လှန်ရေးအင်အားစုများ သွားရောက်တိုက်ခိုက်ခဲ့သဖြင့်  စစ်ကောင်စီတပ်နှင့် ပျူစောထီးဘက်မှ ထိခိုက်သေဆုံးမှုများကြောင်း သိရသည်။

စစ်ကောင်စီတပ်နှင့် ပျူစောထီးတပ်ဖွဲ့ဝင် အင်အား ၁၀၀ ခန့်ရှိသည့် စခန်းကို ယမန်နေ့ မတ်လ ၂၃ ရက်နေ့ ည ၉ နာရီအချိန်တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၂ခုက လက်နက်ကြီး လက်နက်ငယ်များဖြင့် ဝန်းရံပိတ်ဆို့ တိုက်ခိုက်ခဲ့သဖြင့် စစ်ကောင်စီဘက်မှ ၁၇ ဦးကျဆုံးပြီး ဒဏ်ရာရရှိသူအများအပြားရှိခဲ့ကြောင်း ကျားသစ်နက် ပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးကဆိုသည်။

“တိုက်ပွဲကတော့ တစ်နာရီလောက်ကြာတယ်။ သူတို့ဘက် ၁၇ ဦး လောက်ကျတယ်။ ပြီးရင် ထိခိုက်ဒဏ်ရာရှိတဲ့သူတွေလည်းများ တယ်။ ကျနော်တို့ ဘက်ကတော့ တစ်စုံတစ်ရာ ထိခိုက်မှုမရှိပဲ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ပါတယ်” ဟု ပြောဆိုသည်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၂ခု သွားရောက်တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သားများ၏ ယာယီစခန်း ၁ခုလည်းထိခိုက် ပျက်စီးခဲ့သည်ဟုလည်းသိရသည်။

ကျားသစ်နက်ပြောက်ကျားတပ်ဖွဲ့သည် ပုလဲမြို့နယ်တွင် အခြေစိုက်ထားသည့် နယ်စည်းမခြားတော်လှန်ရေးတပ်ဖွဲ့တစ်ခုဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့၏ စခန်းဆယ်ခုထက်မနည်းတိုက်ခိုက်ခဲ့ပြီဖြစ်ပြီး ၎င်းတို့၏ လက်ချက်ကြောင့် စစ်ကောင်စီတပ်သား ၁၀၀ ကျော်ကျဆုံးခဲ့ပြီဖြစ်ကြောင်း သိရသည်။

Most read this week

စစ်အုပ်စုတပ် စစ်သင်္ဘောများ တိုက်ခိုက်ခံရပြီးနောက် ဧရာဝတီမြစ်အတွင်း မျောပါလာသည့် စစ်လက်နက်ပစ္စည်းအချို့ / Crd
September 4, 2026
ဧရာဝတီမြစ်ကြောင်းအတိုင်း စစ်အုပ်စုတပ်၏ စစ်သင်္ဘောများ သယ်ဆောင်လာသည့် စစ်လက်နက်ပစ္စည်းများ နှင့်...
September 4, 2026
ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာသည့် စစ်အုပ်စုတပ် စစ်သင်္ဘောအုပ်စုကို ရွှေကူမြို့အနီး...
စက်တင်ဘာလ ၂ ရက်နေ့ စစ်သင်္ဘောအုပ်စု တိုက်ခိုက်ခံရပြီးနောက် ဖမ်းဆီးခံရသည့် တပ်မိသားစု ဝင် များ။
September 3, 2026
ကချင်ပြည်၊ ရွှေကူမြို့မှ ဗန်းမော်ဘက်သို့ ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာစဉ်...
ရွှေကူမြို့နယ်အတွင်း ဇင်းဘုံကျေးရွာ၌ ပေါက်ကွဲမှုဖြစ်ပွားခဲ့သည့် မြင်ကွင်း
September 2, 2026
ကချင်ပြည်၊ ရွှေကူမြို့နယ်၊ ဧရာဝတီမြစ်ကမ်းဘေးရှိ ဇင်းဘုံကျေးရွာဘက်သို့ ဩဂုတ်လ ၂၅ ရက်နေ့က...