တရုတ်ဘက်ခြမ်း အိုမီခရွန်ပိုးတွေ့ နှုန်းမြင့်နေသောကြောင့် လွယ်ဂျယ်ကုန်သွယ်ရေးဂိတ် ရက်အကန့်သတ်မရှိ ပိတ်ထား

တရုတ်ဘက်ခြမ်း အိုမီခရွန်ပိုးတွေ့ နှုန်းမြင့်နေသောကြောင့် လွယ်ဂျယ်ကုန်သွယ်ရေးဂိတ် ရက်အကန့်သတ်မရှိ ပိတ်ထား

မြန်မာ-တရုတ်နယ်စပ် ကချင်ပြည်နယ် လွယ်ဂျယ်နယ်စပ် ကုန်သွယ်ရေးဂိတ်နှင့်နီးစပ်သည့် တရုတ်ပြည် ဘက်ခြမ်းတွင် ယခုရက်ပိုင်း အိုမီခရွန် ဗိုင်းရပ်စ်ပိုးတွေ့နှုန်းမြင့်မားနေသောကြောင့် ကုန်သွယ်ရေးဂိတ်ကို တရုတ်အစိုးရဘက်မှ ရက်အကန့်သတ်မရှိ ပိတ်လိုက်ကြောင်း သိရသည်။

လွယ်ဂျယ်နယ်စပ်ကုန်သွယ်ရေးဂိတ်နှင့်နီးစပ်သည့် တရုတ်ပြည်ဘက်ခြမ်းရှိ လုံချောင်ခရိုင်ရှိ (Longchuan) လာရင်း (LAYING)၊ နမ်းဟုန်း(NONGHONG) မြို့နှင့် အနီးဝန်းကျင်ရှိမြို့များတွင် မတ်လ ၁၀ ရက်ကျော်ခန့်ကစတင်ပြီး အိုမီခရွန် ဗိုင်းရပ်စ်ပိုးတွေ့နှုန်းမြင့်မားလာသောကြောင့် ပိတ်လိုက်ကြောင်း ဗန်းမော်ခရိုင် သီးနှံစိုက်ပျိုးထုတ်လုပ်သူများအသင်းမှ တာဝန်ရှိသူတစ်ဦးကဆိုသည်။

“ပိတ်ထားတာက လေးရက်ရှိပြီ ဘယ်လိုကြောင့်လဲဆိုရင်တော့ ကိုဗစ်ရောဂါပိုးတွေ့လို့ပေါ့နော်ရောဂါပိုး တွေ့လို့ တရုတ်ဘက်ကနေပြန်ပိတ်သွားတာ။ ဒီနေ့က ကြံပါပိတ်လိုက်ပြီ မနေ့က ကြံဝင်ခိုင်းသေးတယ်။ လုံချောင်ခရိုင် လာရင်း နမ်းဟုန်းတို့ဘက်မှာ ကိုဗစ်အိုမီခရွန်အရမ်းကူး‌နေ လို့တဲ့” ဟု ဗန်းမော်ခရိုင်သီးနှံစိုက်ပျိုးထုတ်လုပ်သူများအသင်းမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

လွယ်ဂျယ် နယ်စပ် ကုန်သွယ်ရေးဂိတ်ပိတ်ထားသည်မှာ ‌လေးရက်ရှိပြီဖြစ်ပြီး လတ်တလော လွယ်ဂျယ်ဂိတ်တွင် တရုတ်ဘက်သို့ တင်ပို့မည့် သီးနှံကားအစီးသုံးရာကျော် ပိတ်မိနေကြောင်းနှင့် လုပ်ငန်းရှင်များ အရှုံးပေါ်နေကြောင်း ဗန်းမော်ခရိုင် သီးနှံစိုက်ပျိုးထုတ်လုပ်သူများအသင်းမှ တာဝန်ရှိသူက ဆက်ပြောသည်။

“ရက်အကန့်အသတ်မရှိ ပိတ်လိုက်တယ် ဟိုမှာကတော့ ငှက်ပျောသီးတွေသွန်ပစ် ဂိုဒေါင်ထဲကနေ သွန်ပစ် ပြီးရှုံး ကားခကရှူံး အဲ့ဒီသွန်ပစ်လိုက်ရတဲ့ငှက်ပျောကားခတွေပါပေးနေရတာ ကျွန်တာ်တို့က တစ်ဖက်နိုင် ငံကိုတင်သွင်းတာ တစ်ဖက်နိုင်ငံရဲ့ပေါ်လစီအရပိတ်လိုက်တော့ကျွန်တော်တို့ကဘာမှမလုပ်နိုင်ဘူး။ တစ်ဖက်နိုင်ငံကပြန်ဖွင့်မယ့်အချိန်ကိုပဲ ထိုင်စောင့်နေရမှာ ဆုံးရှုံးမှုကတော့ဘာပြောကောင်းမလဲဗျာ” ဟု ၎င်းကပြောသည်။

လွယ်ဂျယ်နယ်စပ်ကုန်သွယ်ရေးဂိတ်ဖြင့် မြန်မာဘက်ခြမ်းမှတရုတ်နိုင်ငံသို့ ဗန်းမော်ခရိုင်ထွက် တစ်သျှူးငှက်ပျော၊ ပြောင်း ဆန်၊ ကြံ တို့ကိုတင်ပို့လျက်ရှိပြီး လတ်တလောလွယ်ဂျယ်ဂိတ်၌ ပိတ်မိနေသည့် သီးနှံကား အစီး ၃၀၀ ကျော်တွင် ငှက်ပျောကား အစီး ၂၀၀ နီးပါးရှိကြောင်းသိရသည်။

လွယ်ဂျယ်နယ်စပ်ကုန်သွယ်ရေးဂိတ်ကို ကိုဗစ်ကပ်ရောဂါကြောင့် တရုတ်အစိုးရဘက်က ၂၀၂၁ ဇူလိုင်လ ပိတ်ခဲ့ပြီး ၂၀၂၂ ခုနှစ် ဇန်နဝါရီလတွင်ပြန်လည်ဖွင့်လှစ်ခွင့်ပေးခဲ့ရာမှ အခုပြန်လည်ပိတ်လိုက်ခြင်းဖြစ်သည်။

Most read this week

စစ်အုပ်စုတပ် စစ်သင်္ဘောများ တိုက်ခိုက်ခံရပြီးနောက် ဧရာဝတီမြစ်အတွင်း မျောပါလာသည့် စစ်လက်နက်ပစ္စည်းအချို့ / Crd
September 4, 2026
ဧရာဝတီမြစ်ကြောင်းအတိုင်း စစ်အုပ်စုတပ်၏ စစ်သင်္ဘောများ သယ်ဆောင်လာသည့် စစ်လက်နက်ပစ္စည်းများ နှင့်...
September 4, 2026
ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာသည့် စစ်အုပ်စုတပ် စစ်သင်္ဘောအုပ်စုကို ရွှေကူမြို့အနီး...
စက်တင်ဘာလ ၂ ရက်နေ့ စစ်သင်္ဘောအုပ်စု တိုက်ခိုက်ခံရပြီးနောက် ဖမ်းဆီးခံရသည့် တပ်မိသားစု ဝင် များ။
September 3, 2026
ကချင်ပြည်၊ ရွှေကူမြို့မှ ဗန်းမော်ဘက်သို့ ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာစဉ်...
ရွှေကူမြို့နယ်အတွင်း ဇင်းဘုံကျေးရွာ၌ ပေါက်ကွဲမှုဖြစ်ပွားခဲ့သည့် မြင်ကွင်း
September 2, 2026
ကချင်ပြည်၊ ရွှေကူမြို့နယ်၊ ဧရာဝတီမြစ်ကမ်းဘေးရှိ ဇင်းဘုံကျေးရွာဘက်သို့ ဩဂုတ်လ ၂၅ ရက်နေ့က...