ရေးမြို့ပရဟိတ လူငယ်တစ်ဦး အဖမ်းခံထားရစဥ် သေနတ်ဒဏ်ရာ ဆေးကုသခွင့်မရ၍ သေဆုံး

ရေးမြို့ပရဟိတ လူငယ်တစ်ဦး အဖမ်းခံထားရစဥ် သေနတ်ဒဏ်ရာ ဆေးကုသခွင့်မရ၍ သေဆုံး

မွန်ပြည်နယ် ရေးမြို့နယ်ရှိ မွန်ပြည်သစ်ပါတီ (NMSP) ထိန်းချုပ်နယ်မြေ ဝဲပေါင်ကျေးရွာတွင် မတ်လ ၁၈ရက်က အဖမ်းခံခဲ့ရသည့် ပရဟိတလူငယ် ကိုအောင်ခန့်ဟိန်းသည် သေနတ်ဒဏ်ရာဖြင့် ဆေးကုသခွင့်မရဘဲ သေဆုံးခဲ့ကြောင်း မိသားစုနှင့် နီးစပ်သူများထံမှ သိရသည်။

မတ်လ ၁၈ ရက် ညနေပိုင်းတွင်  မွန်ပြည်သစ်ပါတီထိန်းချုပ်နယ်မြေ ဝဲပေါင်ရွာထိပ်ရှိ ဝပ်ရှော့တွင် ကားပြင်နေစဉ် စစ်တပ်က ဝင်ရောက်ပစ်ခတ်ရာ ဒေသကာကွယ်ရေးတပ် (PDF) တစ်ဦးနှင့် ဝပ်ရှော့ဆရာတစ်ဦး သေဆုံးခဲ့သည်။

အဆိုပါ ပစ်ခတ်မှုတွင် ရှိနေသည့် ပရဟိတသမား ကိုအောင်ခန့်ဟိန်းသည်လည်း ဆီးခုံတွင် ကျည်ဒဏ်ရာဖြင့် အဖမ်းခံခဲ့ရပြီး ဆေးကုသခွင့်မရရှိသောကြောင့် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း မိသားစုဝင်များနှင့် နီးစပ်သူက ပြောသည်။

"သူ့မိသားစုဆီကနေ တစ်ဆင့်သိရတာပါ။ အနှိပ်စက်ခံထားရတယ်။ သူ့ဒဏ်ရာကလည်း ဆေးကုသခွင့်မရဘဲ ညက ၈နာရီလောက်က ဆုံးသွားတယ်တဲ့။ Dead body ပြန်ရမရမသိရသေးဘူး"ဟု ၎င်းက ပြောသည်။

ကိုအောင်ခန့်ဟိန်းသည် ရေးမြို့နယ် ဇာတိဖြစ်ပြီး အသက် ၂၆ နှစ်အရွယ် ပရဟိတလူငယ်တစ်ဦးဖြစ်ကာ ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်၊ မတ်လတွင် စစ်တပ်က ၎င်းကို ပုဒ်မတပ် ဖမ်းဝရမ်းထုတ်ခဲ့ကြောင်း သိရသည်။

အထက်ပါ ကိုအောင်ခန့်ဟိန်း သေဆုံးသည့် ဖြစ်စဉ်နှင့် ပတ်သက်၍ ရေးမြို့နယ် ရဲစခန်းကို ဆက်သွယ်ခဲ့သော်လည်း မိမိတို့တွင် ဖြေကြားပိုင်ခွင့်မရှိကြောင်း မွန်သတင်းအေဂျင်စီကို ပြောကြားခဲ့သည်။

ကိုအောင်ခန့်ဟိန်းသည် ခက်ခဲသည့် ကျေးရွာငယ်များတွင် စာသင်ကျောင်းများ လမ်းတံတားများကို တည်ဆောက်ပေးသူဖြစ်ပြီး ပရဟိတလူငယ်အဖြစ် လူသိများသူ ဖြစ်ကြောင်း ၎င်းနှင့် နီးစပ်သူထံမှ သိရသည်။

 
 

 

 

August 6, 2026
တနင်္သာရီမြို့နယ်၊ တကူကျေးရွာအုပ်စု၊ လမိုင်းကော့ကျေးရွာကို စစ်တပ်က လေကြောင်းဖြင့်...
August 5, 2026
ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်တစ်ကြောတွင် အခြေစိုက်ခဲ့သည့် အွန်လိုင်းငွေလိမ်လုပ်ငန်းများမှာ နယ်စပ်...
Dawei SEZ Watch (ဇူလိုင်လ ၂၉ နှင့် ၃၀ ရက်အတွင်း တောင်မင်းပြောင်ရွာ နေအိမ်များ မီးရှို့ဖျက်ဆီးခံထားရပုံ)
August 4, 2026
တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်အတွင်းရှိ ထားဝယ်အထူးစီးပွားရေးဇုန် စီမံကိန်းဧရိယာ၌ ဇူလိုင်လ...
August 4, 2026
မွန်ပြည်၊ မုဒုံမြို့နယ်တွင် ရပ်ကျေးအုပ်ချုပ်ရေးမှူးသစ် ရွေးချယ်ပွဲများ လုပ်ဆောင်ခဲ့သော်လည်း...