ဒီပဲယင်းနှင့် ဝက်လက်မြို့နယ် လူနေအိမ် ၁၀၀ မီးရိူ့ဖျက်ဆီးခံရ၊ သက်ကြီးရွယ်အိုနှစ်ဦး မီးလောင်သေဆုံး

ဒီပဲယင်းနှင့် ဝက်လက်မြို့နယ် လူနေအိမ် ၁၀၀ မီးရိူ့ဖျက်ဆီးခံရ၊ သက်ကြီးရွယ်အိုနှစ်ဦး မီးလောင်သေဆုံး

စစ်ကိုင်းတိုင်းဒေသကြီး ဒီပဲယင်းနှင့် ဝက်လက်မြို့နယ်တွင် လူနေအိမ် ၁၀၀ တိတိမီးရိူ့ဖျက်ဆီးခံရပြီး လမ်းမလျှောက်နိုင်သည့် သက်ကြီးရွယ်အိုနှစ်ဦးလည်းမီးလောင်သေဆုံးခဲ့ကြောင်း သိရသည်။

မတ်လ ၁၈ ရက်နေ့ စစ်ကောင်စီတပ်သားများ ဒီပဲယင်းမြို့နယ် မရကန်ကျေးရွာ နှင့် ဝက်လက်မြို့နယ်ရှိ တောင်ကုန်းကျေးသို့ရွာကို ဝင်ရောက်လာကာ    မရကန်ကျေးရွာမှ လူနေအိမ် လေးလုံးနှင့် တောင်ကုန်းကျေးရွာမှ အိမ်ခြေ ၉၆ လုံး စုစုပေါင်း လူနေအိမ် ၁၀၀တိတိကိုမီးရိူ့ဖျက်ဆီးခဲ့ ကြောင်းသိရသည်။

လူနေအိမ်များ မီးလောင်မှု ဖြစ်စဉ်တွင် မရကန်ကျေးရွာမှ အသက် ၈၀ကျော် အဖိုးအိုတစ်ဦးနှင့် တောင်ကုန်းကျေးရွာမှ အသက် ၇၅နှစ်အရွယ်ရှိအသက်ကြီးရွယ်အိုတစ်ဦးတို့သည် နေအိမ်များမီးလောင်နေစဉ် ထွက်မပြေးနိုင်သောကြောင့် မီးလောင်သေဆုံးခဲ့ကြောင်း ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် များထံမှသိရသည်။

“အခုမီးရိူ့သွားတဲ့ ရွာက အင်းဘဲကြီးအုပ်စုက တောင်ကုန်းရွာဟုတ်တယ်။ အရင်နေ့က အဲ့ဒီမှာ တိုက်ပွဲ ဖြစ်တယ်။ PDFတွေကို မကျေနပ်လို့ ရွာကိုမီးရိူ့တာ ဆုံးသွားတဲ့သက်ကြီးရွယ်အိုတစ်ဦးက ကျန်းမာရေး မကောင်းဘူး လမ်းမလျှောက်နိုင်ဘူး စစ်သားတွေရွာထဲလာတော့ထွက်ပြေးကြတာသူကမပြေးနိုင် လို့ကျန်ခဲ့တာအိမ်မီးရိူ့တော့အရှင်လတ်လတ်မီးထဲပါသွားတာ”ဟု ဝက်လက်ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်တစ်ဦးက KNG သတင်းဌာနသို့ပြောသည်။

 ဒီပဲယင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးကလည်း “အခုဒီဘက်ကိုစစ်ကြောင်းထိုး အကြမ်းဖက် လုပ်ရပ်တွေလုပ်နေတာက ရေဦးဘက်ကနေကူးလာတဲ့စစ်သားတွေဟုတ်တယ် သူတို့ကတစ်ရွာ ဝင် တစ်ရွာထွက်ပြီး အိမ်တွေကို မီးရိူ့နေတာ အိမ်မွေးတိရီစာန်တွေကိုသတ်တယ် အဖိုးတန်ပစည်းတွေကို ယူတယ်”ဟု ပြောသည်။

ဒီပဲယင်းနှင့် ဝက်လက်မြို့နယ်များတွင် လတ်တလော စစ်ကောင်စီတပ်သားများ၏ထိုးစစ်ဆင်မှုနှင့် အကြမ်းဖက်လုပ်ရပ်များ လူနေအိမ် မီးရိူ့မှုများကြောင့် ဒီပဲယင်းမြို့နယ်အတွင်းမှ ထွက်ပြေးတိန်းရှောင် နေရသည့်ပြည်သူ ငါးထောင်ခန့်ရှိနေပြီး ဝက်လက်မြို့နယ်အတွင်းတွင်လည်း မီးဘေးသင့်ပြည်သူနှင့်ထွက်ပြေးတိန်းရှောင်နေသူ လေးထောင်ကျော်ရှိကြောင်းသိရသည်။

Most read this week

December 17, 2025
မြေရှားသတ္တု တူးဖော်ရေးနဲ့ ပတ်သက်ပြီး ကချင်လွတ်တပ်ရေးအဖွဲ့ KIO/KIA နဲ့ အိန္ဒိယအစိုးရကြား...
December 16, 2025
ကချင်ပြည်နယ်အတွင်းက လူ့အခွင့်အရေးချိုးဖောက်မှု အများဆုံးကျူးလွန်သူတွေဟာ စစ်ကောင်စီတပ်တွေ...
December 15, 2025
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်ထဲက ရှမ်းနီပြည်သူ့စစ်ဂိတ် ၃ ခုမှာ အခွန်အဆမတန်ကောက်နေတဲ့အတွက်...
December 10, 2025
ရှမ်းမြောက်၊ မန်တုံမြို့နယ်မှာ TNLA နဲ့ တရုတ်လုပ်ငန်းရှင်တွေပေါင်းပြီး မြေရှားသတ္တုတူးဖို့...