မော်လမြိုင်တွင် သောက်ရေသန့် ဈေးတက်

မော်လမြိုင်တွင် သောက်ရေသန့် ဈေးတက်

မွန်ပြည်နယ်၊ မော်လမြိုင်မြို့တွင် သောက်ရေသန့်တစ်ဗူး ကျပ် ၇၀၀ ဖြစ်သွားပြီး ယခင်ဈေးထက် ကျပ် ၂၀၀ စျေးတက်သွားသည်။

မော်လမြိုင်မြို့နယ်အတွင်း ဖြန့်ဖြူးရောင်းချနေသည့်  ၂၀ လီတာ သောက်ရေသန့်တစ်ဗူးလျှင် မတ်လ ၁၆ ရက်နေ့မှစတင်ကာ ကျပ် ၂၀၀ စျေး တက်သွားသည်ဟု သုံးစွဲသူများနှင့် မော်လမြိုင်မြို့နယ် အတွင်းရှိ သောက်ရေသန့် လုပ်ငန်းရှင်များ၏ ပြောပြ ချက်အရ သိရသည်။

“အထွေထွေ ကုန်ကျစရိတ် မြင့်တက်လာတာရယ်။ စက်သုံးဆီစျေး မြင့်တက်လာတာကြောင့် သောက်ရေသန့် လုပ်ငန်းရှင်တွေ တွေ့ဆုံညှိနှိုင်းကြပြီးတော့ သောက်ရေသန့်စျေးနှုန်း ပြောင်းလဲသတ်မှတ်ဖို့ သဘောတူ ဆုံးဖြတ် ခဲ့ကြတယ်” ဟု မော်လမြိုင်မြို့က သောက်ရေသန့်လုပ်ငန်းရှင်တစ်ဦး က ပြောသည်။

ယခင်က ၂၀ လီတာ သောက်ရေသန့်တစ်ဗူးကို ကျပ် ၅၀၀ ဖြင့် ဖြန့်ဖြူးရောင်းချနေရာမှ မြင့်တက်လာသည့် အထွေထွေကုန်ကျစရိတ်နှင့် စက်သုံးဆီစျေးကြောင့် ကျပ် ၇၀၀ ဖြင့် ဖြန့် ဖြူးရောင်းချရန် ဆုံးဖြတ်ရခြင်းဖြစ်သည်ဟု ရေသန့်လုပ်ငန်းရှင်များက ပြောသည်။

သောက်ရေသန့်ဗူး စျေးနှုန်းပြောင်းလဲသတ်မှတ်သည်နှင့် ပတ်သက်ပြီး သုံးစွဲသူ ပြည်သူများကို အသိ ပေးကြေညာထားပြီး မတ်လ ၁၆ ရက်နေ့မှစကာ စျေးပြောင်းလဲရောင်းချနေခြင်း ဖြစ်သည်ဟု ‌ရေသန့်လုပ်ငန်း ရှင်များက ပြောသည်။

လက်ရှိတွင် ၂၀ လီတာဗူး သောက်ရေသန့်များသာ စျေးနှုန်းပြောင်းလဲ သတ်မှတ်ထားပြီး ၁ လီတာဗူးနှင့် အခြား ရေသန့်ဗူးများ မပါဝင်သေးကြောင်း ၁ လီတာဗူးနှင့် အခြားရေသန့်ဗူးများလည်း စျေးတက်ရန်ရှိသည်ဟုလည်း သိရသည်။

“အရင်က စျေးတက်ရင် ၅၀ အဲလောက်ပဲ အခုက တစ်ဗူး ၂၀၀ တောင်တက်သွားတယ်။ စျေးတွေ အကုန်တက် နေလို့ ခက်ခဲနေရတဲ့ကြား အခု ရေတွေပါ စျေးတက်တော့ ကြာလာရင် မလွယ်တော့ဘူး” ဟု မော်လမြိုင်မြို့ခံ တစ်ဦးက ပြောသည်။

မော်လမြိုင်မြို့နယ် အတွင်းတွင် သောက်ရေသန့်လုပ်ငန်း ၂၀ ဝန်းကျင်ခန့်ရှိပြီး မော်လမြိုင်မြို့ပေါ် ရပ်ကွက်များ တွင် သာမက မော်လမြိုင်မြို့နယ် အတွင်းရှိ ရပ်ကွက်/ကျေးရွာများအထိ သောက်ရေသန့်များ လိုက်လံဖြန့်ဖြူး ရောင်းချနေကြခြင်း ဖြစ်သည်။

April 11, 2026
တိုက်ပွဲများ ရှိနေသည့် စစ်တွေမြို့တွင် စစ်ကောင်စီသည် ရခိုင်ပြည်နယ် အစိုးရအဖွဲ့အဖြစ် ဝန်ကြီး ၈...
April 10, 2026
စစ်ကောင်စီ ထိန်းချုပ်ထားဆဲဖြစ်သည့် ရခိုင်ပြည်၊ စစ်တွေမြို့တွင် သင်္ကြန်ကာလ နီးကပ်လာမှုနှင့်အတူ...
နတ်ရေကန်ဗျုဟာကုန်းအနီးက ကမ္ဘာလုံးကာကင်းစခန်းကို ၂၀၂၅ အောက်တိုဘာလက တွေ့ရစဉ်။ ဓာတ်ပုံ - AK Htoo
April 9, 2026
မကွေးတိုင်း၊ ငဖဲမြို့နယ် နတ်ရေကန်စခန်းတွင် တိုက်ပွဲဖြစ်ပွားမှု ဆက်တိုက်ရှိနေပြီး...
တားမြစ်ထားသည့် ယစ်မျိုးကုန်များ ရောင်းချမှုရှိ/မရှိ ULA/AA က စစ်ဆေးမှုများ လုပ်ဆောင်နေသည်ကို ၂၀၂၅ ခုနှစ်အတွင်းက ရခိုင်ဒေသတစ်နေရာတွင် တွေ့ရစဉ်။ ဓာတ်ပုံ - APM
April 8, 2026
သင်္ကြန်ကာလအတွင်း အာရက္ခတပ်တော်(AA) ထိန်းချူပ်ဒေသများသို့ တရားဝင် တင်သွင်းခွင့်ပြုထားသည့်...