ဒေါငံခါးနယ်တွင် တိုက်ပွဲပြင်းထန်ပြီး စစ်ဘေးရှောင်များ ထပ်မံရွှေ့ပြောင်းရ

ဒေါငံခါးနယ်တွင် တိုက်ပွဲပြင်းထန်ပြီး စစ်ဘေးရှောင်များ ထပ်မံရွှေ့ပြောင်းရ
မတ်လ ၁၃ ရက်က မြန်မာစစ်တပ်မှ လက်နက်ကြီးနှင့် လေကြောင်းမှတိုက်ခိုက်မှုကြောင့် ဒေါငံခကျေးရွာမှ စစ်ဘေးရှောင်ဒေသခံများ ထပ်မံတိမ်းရှောင်နေရစဉ်။
မတ်လ ၁၃ ရက်က မြန်မာစစ်တပ်မှ လက်နက်ကြီးနှင့် လေကြောင်းမှတိုက်ခိုက်မှုကြောင့် ဒေါငံခကျေးရွာမှ စစ်ဘေးရှောင်ဒေသခံများ ထပ်မံတိမ်းရှောင်နေရစဉ်။

ကယား(ကရင်နီ)ပြည်နယ် ဒီးမော့ဆိုမြို့နယ် ဒေါငံခါးကျေးရွာ တွင် မတ်လ ၁၃ ရက်က တစ်နေ့လုံးနီးပါး ကရင်နီပြည်သူ့ကာကွယ်ရေးတပ်(KNDF)ပူးပေါင်းအဖွဲ့နှင့် မြန်မာစစ်တပ်ကြား တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့သည်။

ထိုတိုက်ပွဲအတွင်း မြန်မာစစ်တပ်မှ လက်နက်ကြီးပစ်ခတ်မှုအကြိမ် ၃၀ ကျော်နှင့် လေကြောင်းတိုက်ခိုက်မှု လေးကြိမ်ထက်မနည်းရှိခဲ့ပြီး နေအိမ် ၁၀၀ လုံးကျော် မီးလောင်ကျွမ်းခဲ့ကြောင်း KNDF ပူးပေါင်းအဖွဲ့ဝင်တစ်ဦးမှ DMG ကိုပြောသည်။

"စစ်ကောင်စီက မနက်အစောကြီးကနေပဲ လေယာဉ်နဲ့ကော အဝေးပစ်အမြှောက်တွေနဲ့ပါ ပစ်ခတ်ခဲ့ပါတယ်။ အဲလိုပစ်ခတ်ခဲ့တဲ့အတွက် KNDF ပူးပေါင်းအဖွဲ့ကတချို့ထိခိုက်ပြီး ကျဆုံးခဲ့တာရှိခဲ့တယ်။ စစ်ကောင်စီတပ်ဘက်ကလည်း ကျဆုံးများခဲ့ပါတယ်"ဟု ၄င်းကပြောသည်။

ထိုသို့နှစ်ဖက်တိုက်ပွဲပြင်းထန်မှုအပြင် မြန်မာစစ်တပ်၏ လက်နက်ကြီးနှင့် လေကြောင်းပစ်ခတ်တိုက်ခိုက်မှုကြောင့် KNDF ပူးပေါင်းအဖွဲ့များ ဒေါငံခါးကျေးရွာမှဆုတ်ခွာခဲ့ရကြောင်း KNDF တပ်ရင်း(၁)မှ ယမန်နေ့ကထုတ်ပြန်သည်။

ထို့အပြင် မြန်မာစစ်တပ်၏ လက်နက်ကြီးနှင့် လေကြောင်းမှဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒေါငံခါးကျေးရွာရှိ စစ်ဘေးရှောင်စခန်းအတွင်းသို့ကျည်ထိမှန်ခဲ့ပြီး ဒေသခံများမှာ ထပ်မံနေရာရွှေ့ပြောင်း ခဲ့ရကြောင်း ကရင်နီစစ်ဘေးရှောင်ကူညီရေးအဖွဲ့ တာဝန်ရှိသူမှဆိုသည်။

"မနေ့တစ်နေ့လုံး နှစ်ဖက်တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့ပါတယ်။ စစ်ကောင်စီတပ်ကလည်း လက်နက်ကြီးနဲ့ကော လေကြောင်း နဲ့ပါ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် စစ်ဘေးရှောင်စခန်းကို ထိမှန်ခဲ့တဲ့အတွက် ဒေသခံတွေကို ထပ်မံနေရာရွှေ့ပြောင်းပေးခဲ့ရပါတယ်"ဟု ၄င်းမှဆိုသည်။

လွိုင်ကော်မြို့နယ် ကယန်းသာယာမှ ထီတရိကျေးရွာသို့ ယနေ့ မတ်လ ၁၄ ရက် နံနက်ပိုင်းက မြန်မာစစ်တပ်မှအင်အား ၃၀၀ ကျော်ဖြင့်ချီတက်လာမှုကြောင့် KNDF ပူးပေါင်းအဖွဲ့နှင့် လက်ရှိ နှစ်ဖက်ထိတွေ့တိုက်ပွဲဖြစ်ပွားနေပြီး စစ်တပ်မှလက်နက်ကြီးဖြင့် ပစ်ခတ်မှုများရှိနေကြောင်း ဒေသခံများကဆိုသည်။

ကယား(ကရင်နီ)ပြည်နယ်၌ စစ်ဘေးရှောင်နှစ်သိန်းကျော်မှာ လက်ရှိအချိန်အထိ ဘေးလွတ်ရာသို့စစ်ဘေးတိမ်းရှောင်နေရကာ စားဝတ်နေရေးနှင့် ကျန်းမာရေးဆိုင်ရာအခက်အခဲများနှင့် ရင်ဆိုင်နေကြရကြောင်း ကရင်နီစစ်ဘေးရှောင်ကူညီရေးလှုပ်ရှားသူများထံမှ သိရသည်။

April 11, 2026
တိုက်ပွဲများ ရှိနေသည့် စစ်တွေမြို့တွင် စစ်ကောင်စီသည် ရခိုင်ပြည်နယ် အစိုးရအဖွဲ့အဖြစ် ဝန်ကြီး ၈...
April 10, 2026
စစ်ကောင်စီ ထိန်းချုပ်ထားဆဲဖြစ်သည့် ရခိုင်ပြည်၊ စစ်တွေမြို့တွင် သင်္ကြန်ကာလ နီးကပ်လာမှုနှင့်အတူ...
နတ်ရေကန်ဗျုဟာကုန်းအနီးက ကမ္ဘာလုံးကာကင်းစခန်းကို ၂၀၂၅ အောက်တိုဘာလက တွေ့ရစဉ်။ ဓာတ်ပုံ - AK Htoo
April 9, 2026
မကွေးတိုင်း၊ ငဖဲမြို့နယ် နတ်ရေကန်စခန်းတွင် တိုက်ပွဲဖြစ်ပွားမှု ဆက်တိုက်ရှိနေပြီး...
တားမြစ်ထားသည့် ယစ်မျိုးကုန်များ ရောင်းချမှုရှိ/မရှိ ULA/AA က စစ်ဆေးမှုများ လုပ်ဆောင်နေသည်ကို ၂၀၂၅ ခုနှစ်အတွင်းက ရခိုင်ဒေသတစ်နေရာတွင် တွေ့ရစဉ်။ ဓာတ်ပုံ - APM
April 8, 2026
သင်္ကြန်ကာလအတွင်း အာရက္ခတပ်တော်(AA) ထိန်းချူပ်ဒေသများသို့ တရားဝင် တင်သွင်းခွင့်ပြုထားသည့်...