ယင်းမာပင် Hero Tiger Force စခန်းနှစ်ခု ဖြိုခွဲခံရ

ယင်းမာပင် Hero Tiger Force စခန်းနှစ်ခု ဖြိုခွဲခံရ

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်ရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တစ်ခုဖြစ်သည့် Hero Tiger Force စခန်းနှစ်ခု မတ်လ ၁၂ ရက် နံနက်ပိုင်းက ဖြိုခွဲခံလိုက်ရကြောင်း သိရသည်။

ယနေ့ နံနက် ၈ ခန့်အချိန်ခန့် စစ်ကောင်စီတပ် အင်အား ၁၀၀ ကျော်သည် ယင်မာပင်မြို့နယ် ကျွန်းလေးပင်ရွာအနီးတွင် စခန်းချထားသည့် Hero Tiger တပ်ဖွဲ့၏ စခန်းနှစ်ခုကို အင်အားအလုံးအရင်းဖြင့်ဝင်ရောက်စီးနင်ခဲ့သောကြောင့် တပ်ဖွဲ့ဝင်များ နောက်ဆုတ်ခဲ့ရပြီး ယင်းစခန်းနှစ်ခုကို စစ်ကောင်စီတပ်သားများက မီးရှို့ဖျက်ဆီးခဲ့ကြောင်း Hero Tiger Force အဖွဲ့ခေါင်းဆောင်က KNG သတင်းဌာနသို့ ပြောသည်။

“ကျွန်နော်တို့မှာ စခန်းက နှစ်ခုခွဲထားတာဗျ။ အဲ့ဒီနှစ်ခုလုံး ဖြိုခွဲခံလိုက်ရတာ နှစ်ခုလုံးကို မီးရှို့သွားတာ။ ကျွန်တော်တို့မှာ ဘာမှမရှိတော့ဘူး။ စခန်းနောက်ဘက်ကနေ လက်နက်ကြီးတွေ ထုပြီးတော့ ဝင်လာတာဗျ။ ကျနော့်ရဲဘော်တွေက ပြန်ဆုတ်ခဲ့တာ ရဲဘော်တွေကတော့ ထိခိုက် ဖမ်းဆီးခံရမှုမရှိဘူး။ စခန်းပဲ မီးရှို့ခံလိုက်ရတယ်ဗျ” ဟု အဖွဲ့ခေါင်းဆောင်က ပြောသည်။

မီးရှို့ခံလိုက်ရသည့် စခန်းနှစ်ခုမှာ စခန်းတစ်ခုနှင့် တစ်ခု အကွာအဝေးနှစ်မိုင်ခန့်သာရှိပြီး ပျက်စီးဆုံးရှုံးမှု တန်ဖိုးငွေကျပ် သိန်းငါးဆယ် ခန့်ရှိမည်ဖြစ်ကြောင်း သိရသည်။

“ရဲဘော်တွေကတော့ အသက်လုပြီးပြေးခဲ့ရတာပေါ့ဗျ။ ထုတ်လုပ်ရေးသုံးပစ္စည်းတွေ ဝရိန်တုံးတွေပါသွားတယ်။ ပြီးတော့ ပင်မစခန်းကနေ ဖုန်းပြောတဲ့ဟာနဲ့ပတ်သက်တဲ့ ပစ္စည်းတွေ ကျန်တဲ့တခြားပစ္စည်းတွေပါသွားတယ်။ အားလုံးပေါင်းခန့်မှန်း သိန်းငါးဆယ်ဖိုးလောက် ပါသွားတယ်။ လက်နက်တွေကတော့ မပါသွား ဘူး” ဟု Hero Tiger အဖွဲ့ခေါင်းဆောင်ကပြောသည်။

ယနေ့မီးရှို့ဖျက်ဆီးခံလိုက်ရသည့် စခန်းနှစ်ခုလုံးသည် ငါးလ ကျော်ကြာနေထိုင်ခဲ့သောစခန်းဖြစ်ပြီး Hero Tiger အဖွဲ့၏ ပထမဆုံးအကြိမ် ဖြိုခွဲခံရသော စခန်းများလည်း ဖြစ်ကြသည်။

ယင်းမာပင်မြို့နယ်တွင် မတ်လ ၃ ရက်နေ့က ဖုန်းအင်တာနက်လိုင်းများ စတင်ဖြတ်တောက်ခြင်းခံရပြီးနောက် စစ်ကောင်စီတပ်များ ထိုးစစ်ဆင်မှု ပိုမိုပြုလုပ်လာသည်နည်းတူ အကြမ်းဖက်မှုများလည်း ပိုမိုလုပ်ဆောင်လာကြောင်း သိရသည်။

အဆိုးရွားဖြစ်စဉ်မှာ မတ် လ ၈ ရက်နေ့က လက်ပံတောကျေးရွာရှိ ဘုန်းတော်ကြီးကျောင်းတွင် စစ်ရှောင်နေသည့် စစ်ရှောင်ပြည် သူ ၁၁ ဦး အား စစ်ကောင်စီတပ်ဖွဲ့ဝင်များမှ သတ်ဖြတ်ခဲ့မှုဖြစ်သည်။

Most read this week

စစ်အုပ်စုတပ် စစ်သင်္ဘောများ တိုက်ခိုက်ခံရပြီးနောက် ဧရာဝတီမြစ်အတွင်း မျောပါလာသည့် စစ်လက်နက်ပစ္စည်းအချို့ / Crd
September 4, 2026
ဧရာဝတီမြစ်ကြောင်းအတိုင်း စစ်အုပ်စုတပ်၏ စစ်သင်္ဘောများ သယ်ဆောင်လာသည့် စစ်လက်နက်ပစ္စည်းများ နှင့်...
September 4, 2026
ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာသည့် စစ်အုပ်စုတပ် စစ်သင်္ဘောအုပ်စုကို ရွှေကူမြို့အနီး...
စက်တင်ဘာလ ၂ ရက်နေ့ စစ်သင်္ဘောအုပ်စု တိုက်ခိုက်ခံရပြီးနောက် ဖမ်းဆီးခံရသည့် တပ်မိသားစု ဝင် များ။
September 3, 2026
ကချင်ပြည်၊ ရွှေကူမြို့မှ ဗန်းမော်ဘက်သို့ ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာစဉ်...
ရွှေကူမြို့နယ်အတွင်း ဇင်းဘုံကျေးရွာ၌ ပေါက်ကွဲမှုဖြစ်ပွားခဲ့သည့် မြင်ကွင်း
September 2, 2026
ကချင်ပြည်၊ ရွှေကူမြို့နယ်၊ ဧရာဝတီမြစ်ကမ်းဘေးရှိ ဇင်းဘုံကျေးရွာဘက်သို့ ဩဂုတ်လ ၂၅ ရက်နေ့က...