ကသာနယ်တွင် အင်တာနက်ဖြတ်တောက်ပြီးနောက် စစ်အင်အားတိုးချဲ့မှုပိုမိုများပြားလာ

ကသာနယ်တွင် အင်တာနက်ဖြတ်တောက်ပြီးနောက် စစ်အင်အားတိုးချဲ့မှုပိုမိုများပြားလာ

စစ်ကိုင်းတိုင်း၊ ကသာနယ်တွင် စစ်ကောင်စီတပ်မှ မတ်လ ၃ ရက်နေ့မှစတင်ကာ အင်တာနက်ဖြတ်တောက်ပြီးနောက် စစ်ရေးပြင်ဆင်မှုအပြင် စစ်အင်အားတိုးချဲ့လှုပ်ရှားမှုများ ပိုများလာကြောင်း မြေပြင်သတင်းများအရ သိရသည်။

“တခါမှမမြင်ဖူးတဲ့မျက်နှာစိမ်းလူတွေ လိုင်းကားတွေနဲ့ဝင်လာတာ သတိထားမိတယ်။ တကယ်တော့ ကျွန်တော်တို့မြို့က သွားရင်းဟန်လွဲ လမ်းတိုက်တယ်ဆိုတာမရှိဘူး အသေချာဝင်လာတယ်ဆိုတာသိသာတယ် “ဟု ဒေသတွင်းသတင်းအရင်းမြစ်အရသိရသည်။

အင်တာနက်ဖြတ်တောက်လိုက်ပြီးနောက် မြို့တွင်းသို့ ၁၂ဘီးကား၊အိမ်စီးကားများဖြင့် ဝင်ရောက်မူများရှိလာသည့်အပြင် မတ်လ ၈ ရက် ယမန်နေ့ည ၈နာရီခွဲခန့် စစ်ကောင်စီတပ်အင်အား တစ်ရာကျော်ခန့်ပါသည့် ၁၂ ဘီးကားတစ်စီးသည် နဘားဖက်မှတဆင့် ကသာမြို့သို့ ဝင်ရောက်လာပြီး ကသာနယ်အထက်ဖက်ရှိ ကျေးရွာအချို့ရှိ ဘုန်းကြီးကျောင်းများတွင် တပ်ဖြန့်နေရာယူထားကြောင်းလည်းသိရသည်။

“အရင်ကဆို အခုလိုကားလမ်းကနေ မြို့တွင်းဝင်လာပြီး အင်အားဖြည့်တာ မရှိသလောက်ဘဲ အင်တာနက်ဖြတ်ပြီးနောက်ပိုင်း ၁၂ဘီးကားတွေ၊ အိမ်စီးကားတွေနဲ့ ဝင်တာလာတာရှိတယ်”ဟုအမည်မဖော်လိုသူ ဒေသခံတစ်ဦးကဆိုသည်။

ထို့ပြင် ပြီးခဲ့သည့် မတ်လ ၁ ရက်နေ့တွင်လည်း ကသာမြို့ အမှတ် ၂ ရဲစခန်းဝင်းအတွင်းတွင် စစ်ကောင်စီတပ်မှ ပျူစောထီးအပါအဝင် စစ်တပ်ထောက်ခံသူ၊ ဒလန်အချို့တို့အား လက်တွေ့မိုင်းသင်တန်းများပေးခြင်းများရှိခဲ့ပြီး လက်ရှိတွင် ဒေသခံမဟုတ်သည့် လူစိမ်းများ ဒေသတွင်းဝင်ရောက်လာမှုများ ပိုမိုများသည့်အတွက် ဒေသခံများ စိုးရိမ်နေကြသည်။

လတ်တလော ကသာမြို့တွင် လျှပ်စစ်မီးများ မကြာခဏ ပြတ်တောက်မှုများရှိနေပြီး လာမည့် မတ်လ ၁၂ ရက်နေ့မှ ၁၅ ရက်နေ့အထိ ကသာမြို့နယ်အတွင်း လျှပ်စစ်မီးများ လုံးဝဖြတ်တောက်ထားမည်ဖြစ်ကြောင်း မြို့ခံပြည်သူများအကြား သတင်းများ ထွက်ပေါ်လျှက်ရှိသည်။ စစ်ကိုင်းတိုင်းဒေသကြီးတွင် မြို့နယ် ၅၂ မြို့နယ်ရှိသည့်အနက် မုံရွာ၊ ရွှေဘို၊ ကလေး၊ ရွှေဘိုမြို့နယ်မှ လွှဲ၍ ကျန်သည့်မြို့နယ်များသည် စစ်ကောင်စီတပ်မှ အင်တာနက်ဖြတ်တောက်ထားပြီဖြစ်သည်။

Most read this week

စစ်အုပ်စုတပ် စစ်သင်္ဘောများ တိုက်ခိုက်ခံရပြီးနောက် ဧရာဝတီမြစ်အတွင်း မျောပါလာသည့် စစ်လက်နက်ပစ္စည်းအချို့ / Crd
September 4, 2026
ဧရာဝတီမြစ်ကြောင်းအတိုင်း စစ်အုပ်စုတပ်၏ စစ်သင်္ဘောများ သယ်ဆောင်လာသည့် စစ်လက်နက်ပစ္စည်းများ နှင့်...
September 4, 2026
ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာသည့် စစ်အုပ်စုတပ် စစ်သင်္ဘောအုပ်စုကို ရွှေကူမြို့အနီး...
စက်တင်ဘာလ ၂ ရက်နေ့ စစ်သင်္ဘောအုပ်စု တိုက်ခိုက်ခံရပြီးနောက် ဖမ်းဆီးခံရသည့် တပ်မိသားစု ဝင် များ။
September 3, 2026
ကချင်ပြည်၊ ရွှေကူမြို့မှ ဗန်းမော်ဘက်သို့ ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာစဉ်...
ရွှေကူမြို့နယ်အတွင်း ဇင်းဘုံကျေးရွာ၌ ပေါက်ကွဲမှုဖြစ်ပွားခဲ့သည့် မြင်ကွင်း
September 2, 2026
ကချင်ပြည်၊ ရွှေကူမြို့နယ်၊ ဧရာဝတီမြစ်ကမ်းဘေးရှိ ဇင်းဘုံကျေးရွာဘက်သို့ ဩဂုတ်လ ၂၅ ရက်နေ့က...