ချန်ဟော့် ဖရဲသီးအရောင်းကွင်း ယာယီပိတ်

ချန်ဟော့် ဖရဲသီးအရောင်းကွင်း ယာယီပိတ်

မြန်မာ– တရုတ်နယ်စပ်ရှိ တရုတ်ဘက်ခြမ်းမှ ဝမ်တိန်မြို့၊ ချန်ဟော့်ဖရဲအရောင်းကွင်းအား ယနေ့မှစကာ ယာယီပိတ်လိုက်ပြီဖြစ်ကြောင်း နယ်စပ်ကုန်သည် လုပ်ငန်းရှင်များမှ သိရသည်။

“ပိုးတွေ့လူနာများလာလို့ ဒီနေ့ကစပြီး ရွှေလီ – ဝမ်တိန် ဒေသကို Lockdown ချပြီး စည်းကမ်း‌တွေထပ်ပြီး တင်းကြပ်လိုက်် ပြီး‌တော့ ဖရဲအရောင်းကွင်းလည်း ပိတ်လိုက်ပြီ” လို့ လုပ်ငန်းရှင်တစ်ဦးက ပြောသည်။

လုပ်ငန်းရှင်များ၏ ပြောဆိုချက်အရ ဝမ်တိန်မြို့နှင့် ရွှေလီမြို့တို့တွင်း မတ်လ ၈ရက်နေ့ တစ်ရက်တည်း ပိုးတွေ့လူနာ ၂၃ ဦးတွေ့ရှိခဲ့သည့်အတွက် ပိတ်လိုက်ရခြင်းဖြစ်ကြောင်း သိရသည်။

ထို့ပြင် မြန်မာ– တရုတ်နယ်စပ်ဖြစ်သည့် အဆိုပါကုန်သွယ်ရေးဇုန်နှင့် ဖရဲသီးအရောင်းကွင်းများအား ကိုဗစ်အကြောင်းပြချက်ဖြင့်  မကြာခနပိတ်နေသည့်အတွက် သစ်သီးတင်ပို့ရာတွင် ပျက်စီးဆုံးရှုံးမှုလည်းများလည်း ရှိနေကြောင်း လုပ်ငန်းရှင်များမှ သိရသည်။

“မကြာခဏ ပိတ်နေတော့ မြန်မာဘက်ခြမ်းစောင့်နေတဲ့ ဖရဲ၊ သခွား အသီးကားတွေ ခန့်မှန်းခြေအစီးရေ ၅၀၀ လောက်ရှိတယ်။ အရောင်းကွင်းက ပိတ်လိုက်ဖွင့်လိုက်ဆိုတော့ ပျက်ဆုံးဆုံးရှုံးရတာ များတယ်” လို့ အသီး ကုန်တင်ယာဉ်မောင်း တစ်ဦးက ပြောပါသည်။

လက်ရှိတွင် တရုတ်ဘက်ခြမ်းရောက်‌ပြီး အရောင်းကွင်းမရောက်သေးသည့် ကားအစီး‌ရေ ၂၀၀ ဝန်းကျင် ရှိနေသေးသည့်အပြင် မြန်မာဘက်မှလည်း စောင့်နေရသည့် ကားအစီးရေ ၅၀၀ ခန့်ရှိ‌နေသေးသည့်အတွက် Lockdown ကာလ ကြာမြင့်မှာကို စိုးရိမ်နေကြကြောင်း ဖရဲလုပ်ငန်းရှင် တစ်ဦးက ပြောသည်။

ရွှေလီ၊ ဝမ်တိန်၊ ကျယ်ဂေါင် မြို့တွင် မတ်လ ၁ ရက်နေ့မှ မတ်လ ၈ ရက်နေ့အထိ လက္ခဏာမပြသူ အပါအဝင် ပိုးတွေ့ ၁၀၀ ကျော်ရှိကြောင်း ရွှေလီခရိုင်ကျန်းမာရေးဌာန၏  သတင်းထုတ်ပြန်ချက်အရသိရသည်။

May 1, 2026
ကချင်ပြည်နယ်၊ မချမ်းဘော့မြို့နယ် အရှေဘက် အလန်ဂါးကျေးရွာအဝင်က...
April 30, 2026
စစ်ကိုင်းနဲ့ကချင်အစပ်က အမျိုးသားညီညွတ်ရေးအစိုးရ NUGသိမ်းပိုက်ထားတဲ့...
April 29, 2026
ဖားကန့်မှာ စစ်တပ်ဖမ်းဆီးသွားတဲ့ မိုင်(Mai) ဆေးရုံက ဆေးဆရာဝန်တစ်ချို့နဲ့ ဥရုဆွတ်အောင်တည်းခိုခန်းက...
April 28, 2026
ဂျာဘောက်ရာ — ကချင်ပြည်နယ်အတွင်း မိုးသက်လေပြင်းတိုက်ခိုက်မှုကြောင့် မိုးကောင်းမြို့နယ်အတွင်း...