ကနီမြို့တွင် အရပ်သားပြည်သူ ၁၀ ဦးကျော်ကို စစ်ကောင်စီက အကြောင်းမဲ့ဖမ်းဆီးသွား

ကနီမြို့တွင် အရပ်သားပြည်သူ ၁၀ ဦးကျော်ကို စစ်ကောင်စီက အကြောင်းမဲ့ဖမ်းဆီးသွား

စစ်ကိုင်းတိုင်းဒေသကြီး ကနီမြို့တွင် အရပ်သားပြည်သူ ဆယ်ဦးကျော်ကို စစ်ကောင်စီလက်အောက် ခံစစ်တပ်နှင့် ရဲများက ယနေ့ မတ်လ ၈ ရက်နေ့ နံနက်ပိုင်း ၈နာရီဝန်းကျင်တွင် အကြောင်းမဲ့ဖမ်းဆီးသွားကြောင်း သိရသည်။

စစ်ကောင်စီသားနှင့် ရဲအဖွဲ့များအင်အား၃၀ကျော်ခန့်က ကနီမြို့ အမှတ် (၂) ရပ်ကွက်နှင့် အမှတ် (၃) ရပ်ကွက်အတွင်းဝင်ရောက်လာကာ အမျိုးသားငါးဦးနှင့် အမျိုးသမီးခြောက်ဦးကို အကြောင်းမဲ့ ဖမ်းဆီးသွားကြောင်း ကနီပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့ဝင်တစ်ဦးက KNG သတင်းဌာနသို့ပြောသည်။

“ပြည်သူတွေသူ့ဟာနဲ့သူနေအိမ်ထဲမှာ နေနေတဲ့ဟာကို ဘာမှအကြောင်းပြချက်မရှိပဲနဲ့ ဖမ်းဆီးသွားတယ်။ အဓိကတော့ အခြားသောစစ်ကောင်စီထောက်ခံတဲ့သူတွေနဲ့ လူမှုရေး ကိစ္စတွေပေါ်မှာမူ တည်ပြီးတော့ ဒီအိမ် ဟိုအိမ်ဆိုပြီးတော့ လက်ညိုးထိုး ဖမ်းဆီးခိုင်းတဲ့အနေအထားပါ”ဟု ကနီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးကပြောသည်။

အဖမ်းခံရသည့် ၁၁ ဦးမှာ အမှတ် (၃) ရပ်ကွက်မှ နှစ်ဦး နှင့်အမှတ် (၂) ရပ်ကွက်မှ ၉ ဦးပါဝင်ပြီး ဖမ်းခံရသူများလုံးသည် စျေးရောင်းစားသည့် သာမန်ပြည်သူများသာဖြစ်ကြောင်းသိရသည်။

အဆိုပါ ၁၁ ဦးကို နံနက်ပိုင်းတွင် ကနီမြို့မ ရဲစခန်းသို့ကနဦးခေါ်ဆောင်သွားကြောင်သိရပြီး နောက်ပိုင်းတွင် မည်သည့် နေရာ၌ ဖမ်းဆီးထိမ်းသိမ်းထားသည်ကို မသိရှိရသေးပေ။

ကနီးမြို့တွင် ယမန်နေ့ ညပိုင်းကလည်းအမှတ် (၂) ရပ်ကွက်နေ အသက် ၂၁ နှစ်အရွယ်ရှိမသန်မစွမ်း အမျိုးသားတစ်ဦး ကို စစ်ကောင်စီကအကြောင်းမဲ့ဖမ်းဆီးခေါ်ဆောင်သွားပြီး ပြန်လည်လွတ်မြောက်လာခြင်းမရှိသေးကြောင်း ကနီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ သိရသည်။

ကနီတစ်မြို့နယ်လုံးတွင် စစ်တပ်အာဏာသိမ်းသည့်နောက်ပိုင်း အကြောင်းမဲ့ ဖမ်းဆီးခံရသည့် ပြည်သူ စုစုပေါင်း ၈၀ ကျော်ခန့်အထိရှိပြီဖြစ်ပြီး ယင်းအနက် ပြန်လည်လွတ်မြောက် လာသူ ၂၀ ကျော်သာရှိသေးကြောင်းသိရသည်။

Most read this week

စစ်အုပ်စုတပ် စစ်သင်္ဘောများ တိုက်ခိုက်ခံရပြီးနောက် ဧရာဝတီမြစ်အတွင်း မျောပါလာသည့် စစ်လက်နက်ပစ္စည်းအချို့ / Crd
September 4, 2026
ဧရာဝတီမြစ်ကြောင်းအတိုင်း စစ်အုပ်စုတပ်၏ စစ်သင်္ဘောများ သယ်ဆောင်လာသည့် စစ်လက်နက်ပစ္စည်းများ နှင့်...
September 4, 2026
ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာသည့် စစ်အုပ်စုတပ် စစ်သင်္ဘောအုပ်စုကို ရွှေကူမြို့အနီး...
စက်တင်ဘာလ ၂ ရက်နေ့ စစ်သင်္ဘောအုပ်စု တိုက်ခိုက်ခံရပြီးနောက် ဖမ်းဆီးခံရသည့် တပ်မိသားစု ဝင် များ။
September 3, 2026
ကချင်ပြည်၊ ရွှေကူမြို့မှ ဗန်းမော်ဘက်သို့ ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာစဉ်...
ရွှေကူမြို့နယ်အတွင်း ဇင်းဘုံကျေးရွာ၌ ပေါက်ကွဲမှုဖြစ်ပွားခဲ့သည့် မြင်ကွင်း
September 2, 2026
ကချင်ပြည်၊ ရွှေကူမြို့နယ်၊ ဧရာဝတီမြစ်ကမ်းဘေးရှိ ဇင်းဘုံကျေးရွာဘက်သို့ ဩဂုတ်လ ၂၅ ရက်နေ့က...