မိုးမောက်မြို့တွင် နယ်ထိန်းရဲတစ်ဦးပစ်သတ်ခံရ

မိုးမောက်မြို့တွင် နယ်ထိန်းရဲတစ်ဦးပစ်သတ်ခံရ

ကချင်ပြည်နယ် ဗန်းမော်ခရိုင် မိုးမောက်မြို့ ကြေးနန်းရပ်ကွက်အနီးတွင် စစ်ကောင်စီလက် အောက်ခံ ရဲတပ်ဖွဲ့ဝင်တစ်ဦး ဖေဖော်ဝါရီ ၇ ရက်နေ့ ညနေ ၅နာရီဝန်းတွင် ပစ်သတ်ခံခဲ့ရကြောင်းသိရသည်။

ပစ်သတ်ခံလိုက်ရသူမှာ အသက် ၃၀ ကျော်အရွယ်ရှိသူ နယ်ထိန်းရဲ ဦးကျော်ဇေယျ(ခ)ကျော်ကျော်ဆိုသူဖြစ်ပြီး မိုးမောက်စျေးအနီးဆိုင်ကယ်ရပ်နေစဥ် ပစ်သတ်ခံရသည်ဟု ခါနန်ရပ်ကွက်နေအမျိုးသားတစ်ဦးက KNGသတင်းဌာနသို့ပြောသည်။

“မနေ့က မိုးချုပ်ခါနီးအချိန်မှာ သတ်ခံရတယ်။ မိုးမောက် ကြေးနန်းရပ်ကွက်ကစျေးနားမှာဟုတ်တယ်။ သတ်ခံရတာကာ ဘယ်သူဘယ်ဝါဘယ်အဖွဲ့အစည်းက သတ်သွားတယ်ဆိုတာတော့ မသိရဘူး” ဟု မိုးမောက်မြို့ ခါနန်ရပ် ကွက်နေအမျိုးသားကပြောသည်။

ဦးကျော်ဇေယျ(ခ) ကျော်ကျော်ခေါ်သူ၏ ဦးခေါင်း နှောက်စေ့မှာ သေနတ်ကျည်ထိမှန် သေဆုံးသွားကြောင်းသိရသည်။

မိုးမောက်မြို့တွင် ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ ၁၉ ရက်နေ့က ည ၁၀ နာရီအချိန်တွင် မိုးမောက်အခြေစိုက် ခ.မ.ရ (၄၃၇) တပ်ရင်း ရှေ့တွင် ခါနန်ရပ်ကွက်နေ ဦးထိန်နန်နှင့် ဦးလဂျာ ဆိုသည့်အမျိုးသားနှစ်ဦးပစ်သတ်ခံခဲ့ရသည်။

Most read this week

စစ်အုပ်စုတပ် စစ်သင်္ဘောများ တိုက်ခိုက်ခံရပြီးနောက် ဧရာဝတီမြစ်အတွင်း မျောပါလာသည့် စစ်လက်နက်ပစ္စည်းအချို့ / Crd
September 4, 2026
ဧရာဝတီမြစ်ကြောင်းအတိုင်း စစ်အုပ်စုတပ်၏ စစ်သင်္ဘောများ သယ်ဆောင်လာသည့် စစ်လက်နက်ပစ္စည်းများ နှင့်...
September 4, 2026
ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာသည့် စစ်အုပ်စုတပ် စစ်သင်္ဘောအုပ်စုကို ရွှေကူမြို့အနီး...
စက်တင်ဘာလ ၂ ရက်နေ့ စစ်သင်္ဘောအုပ်စု တိုက်ခိုက်ခံရပြီးနောက် ဖမ်းဆီးခံရသည့် တပ်မိသားစု ဝင် များ။
September 3, 2026
ကချင်ပြည်၊ ရွှေကူမြို့မှ ဗန်းမော်ဘက်သို့ ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာစဉ်...
ရွှေကူမြို့နယ်အတွင်း ဇင်းဘုံကျေးရွာ၌ ပေါက်ကွဲမှုဖြစ်ပွားခဲ့သည့် မြင်ကွင်း
September 2, 2026
ကချင်ပြည်၊ ရွှေကူမြို့နယ်၊ ဧရာဝတီမြစ်ကမ်းဘေးရှိ ဇင်းဘုံကျေးရွာဘက်သို့ ဩဂုတ်လ ၂၅ ရက်နေ့က...