ပုသိမ်မှ စစ်အာဏာသိမ်း ဆန့်ကျင်သူ ၁၆ ဦးကို ထောင်ဒဏ်များ ချမှတ်

ပုသိမ်မှ စစ်အာဏာသိမ်း ဆန့်ကျင်သူ ၁၆ ဦးကို ထောင်ဒဏ်များ ချမှတ်

ဧရာ၀တီတိုင်း၊ ပုသိမ်မြို့ခံ နိုင်ငံရေးအကျဥ်းသား အမျိုးသား ၁၆ ဦးကို စစ်ကောင်စီ၏ ထောင်တွင်း တရားရုံးက ထောင်ဒဏ် ၂ နှစ်စီ ချမှတ်လိုက်သည်ဟု သိရသည်။

အဆိုပါ နိုင်ငံရေးအကျဉ်းသား ၁၆ ဦးကို စစ်ကောင်စီက ပုဒ်မ ၁၈၈၊ ပုဒ်မ ၅၀၅ တို့ဖြင့် တရားစွဲဆိုထားပြီး နောက် မတ်လ ၅ ရက်နေ့တွင် ထောင်ဒဏ် ၂ နှစ်စီ ချလိုက်ခြင်းဖြစ်သည် ဟုသိရသည်။

“စစ်တပ်က အာဏာသိမ်း တာမကြိုက်လို့ ဆန့်ကျင်ကန့်ကွက်တာ မတရားမှုကို ဖော်ထုတ် ဆန္ဒပြတာ အပြစ်မရှိ ဘူး။ အဓမ္မ အာဏာသိမ်းတဲ့ စစ်ခေါင်းဆောင်တွေမှာသာ အပြစ်ရှိကြတာ” ဟု နိုင်ငံရေးအကျဥ်းသား တစ်ဦး၏ မိသားစုဝင် တစ်ဦးက ပြောသည်။

စစ်ကောင်စီက ပုဒ်မ ၁၈၈၊ ပုဒ်မ ၅၀၅ တို့ဖြင့် တရားစွဲကာ ဖမ်းဆီးခံထားရသူ ၎င်းတို့ ၁၆ ဦး က အပြစ် ကျူး လွန်ကြောင်း ဝန်ခံခဲ့သည်ဟု အမိန်ချသည့် တရားသူကြီး နှင့် နီးစပ်သူတစ်ဦး က ပြောသည်။

ပုသိမ်မြို့အမှတ် ၆ ရပ်ကွက်နေ ဦးဆန်းဝင်း နှင့် ဦးငတူး အပါအဝင် ပုသိမ်မြို့ခံ ၁၆ ဦးကို စစ်တပ်အာဏာသိမ်းမှု အလိုမရှိကြောင်း ဆန့်ကျင်ဆန္ဒပြသဖြင့် ဖမ်းဆီးပြီးနောက် ၁ နှစ်ခန့် အကြာတွင် ယခုကဲ့သို့ အမိန့်ချမှတ်လိုက်ခြင်း ဖြစ်သည်ဟု စစ်ကောင်စီ၏ တရားရေးဌာန အသိုင်းအဝိုင်းထံမှ သိရသည်။

ယခုထောင်ကျသွားသူများသည် ဖမ်းဆီးခံရစဥ်တုန်းက ရိုက်နှက်ခံခဲ့ရသည့်အပြင် စစ်‌ကြောရေး စခန်းတွင်လည်း နှိပ်စက်ခံခဲ့ရသဖြင့် အချို့မှာ ပုသိမ်ဆေးရုံကြီးတွင် ဆေးကုသမှု ခံယူပြီးမှ ပုသိမ် အကျဉ်းထောင်တွင်းသို့ အပို့ခံ ခဲ့ရခြင်းဖြစ်သည်ဟု နိုင်ငံရေး အကျဥ်းသားများ၏ မိသားစုဝင် အချို့က ပြောသည်။

၎င်းတို့ကို ၂၀၂၁ ခုနှစ် မတ်လ အတွင်းက စစ်တပ် အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြနေစဥ် စစ်ကောင်စီ တပ်များ က အကြမ်းဖက် ဖမ်းဆီး၍ ထောင်တွင်း၌ အချုပ်ဖြင့် ထားရှိပြီး တရားစွဲဆိုခဲ့သည်မှာ တစ်နှစ်နီးပါး ရှိသော် လည်း အမိန့်ချရာတွင် ချုပ်ရက် လျော့ပေါ့ခံစားခွင့်လည်း မရ ဟု တရားလွှတ်တော် ရှေ့နေအချို့ထံမှ တဆင့် သိရသည်။

ပုသိမ်မြို့ခံ အသက် ၇၅ နှစ် အရွယ်ရှိ နိုင်ငံရေး အကျဥ်းသားဟောင်း တစ်ဦးက “စစ်အာဏာရှင် စနစ်မှာ တရား ဥပဒေဆိုတာ ဆိတ်သုဥ်းတယ်။ အာဏာရှင်ရဲ့ အမိန့်က ဥပဒေကို လွှမ်းမိုးနေတယ်။ ပြည်သူကို ဥပဒေအရ အကာအကွယ် မပေးနိုင်ဘူး” ဟု ကောက်ချက်ချ ပြောဆိုသည်။

ပုသိမ်ထောင်အတွင်း၌ စစ်တပ်အာဏာသိမ်းမှုကို ဆန့်ကျင်သူများအား ပုဒ်မအမျိုးမျိုးတပ်၍ ဖမ်းပြီး ထောင် တွင်းချုပ်နှောင်ခံထားရသူ နိုင်ငံရေးအကျဥ်းသား အမျိုးသား အမျိုးသမီး စုစုပေါင်း အယောက် ၃၅၀ ခန့်ရှိသည့် အနက် ၄၁ ဦးကို ထောင်ဒဏ် အသီးသီးချမှတ်ပြီးဖြစ်သည်။

ထောင်ဒဏ် ချမှတ်ခံထားရသည့် နိုင်ငံရေးအကျဥ်းသား ၄၁ ဦးတွင် ယခု အမိန့်ချခံလိုက်ရသည့် ပုသိမ် မြိုခံ ၁၆ ဦး ပါဝင်ပြီး အခြားသူများမှာ ပုသိမ်ခရိုင် အတွင်းရှိ မြို့နယ်များမှ ဖြစ်ပြီး အမျိုးသမီး နိုင်ငံရေး အကျဥ်းသား ၃ ဦး ပါဝင်သည်ဟု ပုသိမ်အကျဥ်းဦးစီးဌာနနှင့် နီးစပ်သူများထံမှ သိရသည်။

February 7, 2026
ဒေါ်အောင်ဆန်းစုကြည်၏ ဝမ်းကွဲ အကို၊ ဗိုလ်ချုပ်အောင်ဆန်း၏ တူ၊ အာဇာနည် ခေါင်းဆောင်ကြီး ဦးဘဝင်း၏ သား...
February 4, 2026
ကချင်ပြည်အတွင်းရှိ ဝိုင်းမော်၊ ဖားကန့်နှင့် မိုးညှင်း-အင်းတော်ကြီးဒေသတို့တွင် KIA...
February 2, 2026
Justice For Myanmar (JFM) အဖွဲ့က Alphabet၊ Apple၊ TikTok နှင့် Telegram လူမှု ကွန်ရက်...
February 2, 2026
မြန်မာနိုင်ငံ မြောက်ပိုင်း၏ ကောင်းကင်ယံသည် ဆောင်းရာသီ၏ အအေးဓာတ်ကြောင့် မှိုင်းညို့နေရုံတင်မကဘဲ...