ရဂေး(Reggae)အဆိုတော် စောဖိုးခွား ပြန်လွတ်မြောက်ရန် ကရင်အနုပညာရှင်များနှင့် ကရင်လူငယ်များ လိုလားနေ

ရဂေး(Reggae)အဆိုတော် စောဖိုးခွား ပြန်လွတ်မြောက်ရန် ကရင်အနုပညာရှင်များနှင့် ကရင်လူငယ်များ လိုလားနေ

လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် နိုင်ငံကျော်အနုပညာရှင်တချို့ မတ်လ ၂ရက်နေ့က ပြန်လည်လွတ်မြောက်လာကြသော် လည်း စစ်တပ်အာဏာသိမ်းမှုဖြစ်စဉ်အစတွင် အဖမ်းခံလိုက်သည့် Reggae အဆိုတော်စောဖိုးခွား ပြန်လည်လွတ် မြောက်လာရန် ကရင်အနုပညာရှင်နှင့် ကရင်လူငယ်အသိုင်းအဝိုင်းက လိုလားနေကြသည်။

စစ်တပ်အာဏာသိမ်းယူမှုတွင် အနုပညာရှင်များအကြား ကနဦး အဖမ်းခံလိုက်ရသည့် ငြိမ်းချမ်းရေးသီချင်းများ သီဆို နေသော Reggae အဆိုတော် စောဖိုးခွားမှာ ပြစ်ဒဏ်ကျခံနေရပြီး သတင်းတစ်စုံတစ်ရာ ပေါ်ထွက်လာခြင်းမရှိသလို ယမန်နေ့(မတ် ၂ရက်)က အနုပညာရှင်တချို့ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည်လွတ်မြောက်လာသည့်အထဲတွင် စောဖိုးခွား မပါဝင်သည့်အပေါ် စိတ်မကောင်းဖြစ်မိကြောင်း ကရင်အဆိုပညာရှင် K ဖိုးခွားက ယခုလို ပြောသည်။

“အနုပညာရှင်တော်တော်များများ ပြန်လွတ်လာတယ်လို့ ကြားရတော့ ဝမ်းသာတာပေါ့။ ဒါပေမဲ့ အပြည့်အဝကြီး မဝမ်း သာနိုင်ဘူး။ ဘာဖြစ်လဲဆိုတော့ Reggae အဆိုတော် စောဖိုးခွား သူ့သတင်းတွေ ဘာမှမကြားရသေးဘူး။ ကရင်တိုင်း ရင်းသားတစ်ယောက်အနေနဲ့ ပြောချင်တာက သူ့ကိုလည်းလွတ်စေချင်တယ်။ လွတ်ပါစေလို့လည်း အမြဲ ဆုတောင်း တယ်။ ကျနော်တို့ ကရင်အနုပညာရှင်ကြားမှာလည်း အခုလေးတင် သူမလွတ်လာသေးတဲ့ အကြောင်းတွေ ပြောနေ ကြတာ။”ဟု ကေအိုင်စီသို့ ပြောသည်။

ထို့အပြင် အဆိုတော်စောဖိုးခွား ပြန်လည်လွတ်မြောက်လာစေရေးအတွက်လည်း တစ်ဦးချင်းအလိုက် ဝိုင်းဝန်းလှုံ့ဆော် ပြောဆိုပေးကြရန်လည်း တိုက်တွန်းလိုကြောင်း K ဖိုးခွားက ဆက်ပြောသည်။

ယမန်နေ့ မတ်လ ၂ရက်နေ့တွင် စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒဖော်ထုတ်မှုတွင် ပါဝင်ခဲ့သော နာမည်ကြီး အနုပညာ ရှင်များဖြစ်သည့် သရုပ်ဆောင် ပိုင်တံခွန်၊ လူမင်း၊ ပြေတီဦး၊ အိနြ္ဒာကျော်ဇင်၊ Beauty Blogger ဝင်းမင်းသန်း၊ ဒါရိုက် တာ ဝိုင်း တို့ကို အနုပညာဖြင့် နိုင်ငံတည်ဆောက်ရေးလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်နိုင်စေရန် လွတ်ငြိမ်းချမ်းသာ ခွင့်တချို့နှင့် စွဲဆိုထားသည့်အမှုများ ပိတ်သိမ်းပေးပြီး ပြန်လွတ်ပေးခဲ့ကြောင်း စစ်ကောင်စီဘက်က ထုတ်ပြန်ခဲ့သည်။

ငြိမ်းချမ်းရေး အဆိုတော် စောဖိုးခွားသည် ငြိမ်းချမ်းရေးသီချင်းများအပြင် အခြားသီချင်းများကိုပါ ရေးစပ်သီဆိုနေသူဖြစ် သလို ဖမ်းဆီးခံလိုက်ရပြီးနောက် ၎င်းကို ပြစ်ဒဏ် ၂နှစ်ချမှတ်ထားကြောင်းသိရှိရပြီး ပြန်လည်လွတ်မြောက်ရန် ၈လခန့် သာလိုတော့ကြောင်း ၈၈ မျိုးဆက်ကျောင်းသားဟောင်း ကိုမြင့်အောင်က ယခုလို ပြောသည်။

၎င်းက “သူက ၂နှစ် ထောင်ကျတာဆိုတော့ နောက် ၈လလောက်နေရင် လွတ်ရက်စေ့မယ်။ လွတ်ရက်စေ့လို့ လွတ်ရင် တောင် နောက်ကနေ တောက်လျှောက်လိုက်ပြီး နောက်အမှုနဲ့ ထပ်ပြီးတရားစွဲထားမှာကိုတောင် စိုးရိမ်မိတယ်။”ဟု ကေအိုင်စီသို့ ပြောသည်။

မြန်မာအနုပညာရှင်အချို့ ပြန်လည်လွတ်မြောက်လာသည့်အပေါ် ၎င်းတို့၏ပရိဿတ်များက ကြိုဆိုကြသလို ကရင်လူ ငယ်အသိုင်းအဝိုင်းကလည်း ၎င်းတို့၏ လူမှုကွန်ရက်စာမျက်နှာများတွင် စောဖိုးခွား ပြန်လည် လွတ်မြောက်လာစေရန် မျှော်လင့်ကြကြောင်း ရေးသားဖော်ထုတ်မှုများ ရှိနေကြသည်။

အမည်မဖော်လိုသူ ကရင်လူငယ်တစ်ဦးက “စောဖိုးခွားတို့က အရင်ဆုံးအဖမ်းခံရတဲ့ အထဲမှာပါတယ်။ ကျနော်တို့ သပိတ်မှောက် ဆန္ဒပြတုန်းကလည်း သူနဲ့ မတရားဖမ်းခံရတဲ့ ကရင်လူငယ်တွေကို ချွင်းချက်မရှိ ပြန်လွတ်ဖို့ တောင်းဆို ခဲ့ဖူးတယ်။ ဒါပေမဲ့ မနေ့က ပြန်လွတ်လာတဲ့အနုပညာရှင်တွေထဲမှာ သူနဲ့ တခြားလူငယ်တွေ မပါတော့ အင်မတန် စိတ် မကောင်းဖြစ်မိတယ်။ ဘာဖြစ်လဲဆိုတော့ သူတို့မှာ ဘာအပြစ်မှမရှိဘူး။”ဟု ကေအိုင်စီသို့ ပြောသည်။

စစ်ကောင်စီက လက်ရှိ ဖမ်းဆီးထိန်းသိမ်းထားဆဲ အဆိုတော် စောဖိုးခွားအပြင် တခြားသော ကရင်လူငယ်များ၊ တိုင်း ရင်းသားလူငယ်များကို ပြန်လည်လွတ်မြောက်ပေးရန် တောင်းဆိုကြောင်းနှင့် စောဖိုးခွားအနေဖြင့်လည်း ကျန်းမာရေး အခံ မကောင်းသည့်အပေါ် စိုးရိမ်မိကြောင်းလည်း အဆိုပါကရင်လူငယ်က ဆက်ပြောသည်။

အလားတူ ကရင်အဆိုရှင် စဖောင်ကလည်း “စောဖိုးခွားက စစဖြစ်ကတည်းက အဖမ်းခံရတာ။ အဲ့ကတည်းက သူ့သတင်းကို ဘာဆိုဘာမှ မကြားရဘူး။ ဘယ်မှာဖမ်းထားလဲ ဘယ်လို ပုံစံမျိုးရှိလဲ ဆိုတာတစ်နှစ်အတွင်း ရှိနေပြီး။ လူတွေက မေ့မေ့ပျောက်ပျောက်တောင် ဖြစ်နေပြီး။ သူ့အသက်အန္တရာယ်အတွက်လည်း တကယ်စိတ်ပူမိတယ်။ အဲ့ တော့ သူ့ကိုအားပေးနေတဲ့ ပရိဿတ်တွေကော အခြားအနုပညာရှင်တွေကော သူ့အတွက် အများကြီး ပြောပေးစေချင် တယ်။”ဟု ကေအိုင်စီသို့ ပြောသည်။

တစ်နှစ်ကျော်ကြာ ဖမ်းဆီးထိန်းသိမ်းခံထားရသည့် ငြိမ်းချမ်းရေး အဆိုရှင် Reggae ကရင်အဆိုတော် စောဖိုးခွား ပြန် လည်လွတ်မြောက်လာစေရန်၊ ၎င်းနှင့်ပတ်သက်သည့် သတင်းအစအန မရရှိကြသည့်အပေါ် ပြည်တွင်းပြည်ပ ကရင်လူ ငယ်များအပြင် ကရင်အွန်လိုင်းစာမျက်နှာအချို့နှင့် ၎င်း၏ မိသားစုဝင်များကလည်း ၎င်းလွတ်မြောက်ရေးအတွက် ဝိုင်း ဝန်းဖော်ထုတ် ပြောဆိုရေးသားနေကြသည်။

Most read this week

December 11, 2025
ပြက္ခဒိန်နှစ် တစ်နှစ်ရဲ့ နောက်ဆုံးလဖြစ်တဲ့ ဒီဇင်ဘာလရဲ့ (၉)ရက်နေ့က အပြည်ပြည်ဆိုင်ရာ အဂတိ လိုက်စား...
December 10, 2025
တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ မြိတ်-ကော့သောင်း ပြည်ထောင်စုလမ်းမကြီးကို စစ်တပ်က...
December 9, 2025
ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ပိုင်း၊ မင်းလက်ပံကျေးရွာရှိ Shunda Park ငွေလိမ်ခြံဝန်းအတွင်း...
December 4, 2025
ကရင်ပြည်နယ်၊ ကော့ကရိတ်နှင့်ကျုံဒိုးမြို့ အုပ်ချုပ်ရေးမှူးရုံးများသို့ ရွေးကောက်ပွဲ မဲပေးနိုင်ရေး...