ဒီးမော့ဆိုမြို့နယ်မှာ ရာသီတုပ်ကွေး အဖြစ်များ

ဒီးမော့ဆိုမြို့နယ်မှာ ရာသီတုပ်ကွေး အဖြစ်များ

ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်မှာ စစ်ဘေးရှောင်တွေနဲ့ ဒေသခံ လူထုတွေကြား ရာသီတုပ်ကွေးအဖြစ်များလာပြီလို့ ဒေသခံတွေကပြောပါတယ်။ 

ရာသီတုပ်ကွေးက နှစ်စဥ်နှစ်တိုင်း အဖြစ်များနေတဲ့ ရောဂါတစ်ခုဖြစ်ပါတယ်။

“ဖြစ်ပြီဆို တချို့ဆို မိသားစုအလိုက် ဖြစ်တာမျိုးတွေလည်းရှိတယ်။ လူလတ်ပိုင်းတွေ ပိုဖြစ်တာရောတွေ့ရတာပေါ့။ ဘယ်သူပိုဖြစ်တယ်ဆိုတဲ့ ဟာမျိုးက မရှိဘူးထင်တယ်။ ဖြစ်နေကြတယ်။ တော်တော်အဖြစ်များတယ်” လို့ ရာသီတုပ်ကွေးဖြစ်နေတဲ့ စစ်ဘေးရှောင်အမျိုးသားတစ်ဦးက‌ ပြောပါတယ်။

ကရင်နီမှာ စစ်အာဏာသိမ်းပြီးတဲ့နောက် စစ်ရှောင်ခန်းတွေ၊ တောထောင်တွေထဲမှာနေထိုင်ရတာဖြစ်လို့ ရောဂါကူးစက်မှုက မြန်ဆန်နေတယ်လို့လည်း စစ်ရှောင်တွေကပြောပါတယ်။

တဖက်မှာလည်း ဆေးဝါးကုသမှုအတွက် အလှူရှင်တွေရဲ့ အကူအညီတွေနဲ့ တည်ထောင်ထားတဲ့ ဆေးပေးခန်းတွေမှာ ရောဂါနဲ့ သက်ဆိုင်တဲ့ ဆေးဝါးအလုံအလောက်မရတာကြောင့် ‌ဆေးဆိုင်တွေမှာ ကိုယ်တိုင် ဆေးဝယ်ယူကြရတဲ့အခါ ကုန်စျေးနှုန်းမြင့်တက်မှုနဲ့ အတူ ဝင်ငွေမရှိတာကြောင့် ဆေးဖိုးဝါးခအတွက် ငွေကုန်ကြေးထပ်ကျတာက အခက်အခဲတစ်ခုဖြစ်စေတယ်လို့ စစ်ရှောင်တွေကပြောပါတယ်။

ကရင်နီမှာ ရာသီတုပ်ကွေးအပြင် အရေးပြားရောဂါ၊ သွေးလွန်တုပ်ကွေး ရောဂါတို့က အာဏာသိမ်းကာလအတွင်းမှာ ပြန်လည်များပြားလာနေပြီး အမြစ်မပြတ်နိုင်ဘဲ လူထုတွေကြားမှာ ဖြစ်ပွားနေကြတာပါ။ IEC ရဲ့ ၂၀၂၅ ခုနှစ် စာရင်းအရ တစ်နှစ်အတွင်း ကရင်နီမှာ ဆေးခန်းပုံမှန်လာပြနေတဲ့ လူနာပေါင်း ၉၂၅၇၇ ဦးရှိတယ်လို့ပြောထားပါတယ်။

ဓါတ်ပုံ – (ဒီးမော့ဆိုမြို့နယ် အရှေ့ပိုင်းရှိ စစ်ဘေးရှောင် စာသင်ကျောင်းတစ်ကျောင်းကို တွေ့ရစဉ်။)
September 10, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် (အရှေ့ပိုင်း) ဒေသအတွင်း ဖွင့်လှစ်ထားသည့် စာသင်ကျောင်းအချို့ကို...
September 10, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းရှိ စစ်ရှောင်စခန်း စာသင်ကျောင်းတစ်ခုတွင် ကျောင်းလခ...
September 9, 2026
ကရင်နီပြည်၊ ဖရူဆိုမြို့နယ် အနောက်ဘက်ခြမ်းရှိ စစ်ဘေးရှောင်များ စုပေါင်းနေထိုင်ရာ စခန်းတစ်ခုတွင်...
စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးသွားသော နေအိမ်များ။ / Crd
September 7, 2026
ကရင်နီပြည်၊ ရှားတော (ဆိုမိုဖရေစိုးလေး) မြို့နယ်နှင့် လွိုင်ကော်မြို့နယ် အရှေ့ဘက်ခြမ်းရှိ...