မင်းတပ်မြို့ပေါ် မှာ ညမထွက်ရအမိန့် ထုတ်ပြန်

မင်းတပ်မြို့ပေါ် မှာ ညမထွက်ရအမိန့် ထုတ်ပြန်

ချင်းပြည်နယ်တောင်ပိုင်း မင်းတပ်မြို့ပေါ်မှာ လူမရှိနေအိမ်တွေကို မသမာသူလူတစ်စုက နေအိမ်ဖောက်ထွင်းပြီး အဖိုးတန်ပစ္စည်းခိုးယူမှုတွေ ရှိနေတာတွေကြောင့်  ည ၉ နာရီကနေ မနက် ၅ နာရီအချိန်အတွင်း ညမထွက်ရ အမိန့်ကို မင်းတပ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က မေလ ၂၇ ရက်နေ့မှာ ထုတ်ပြန်လိုက်တယ်လို့ သိရပါတယ်။

စစ်ကော်မရှင် ထိုးစစ်ကို ခုခံတွန်းလှန်ဖို့ဆောင်ရွက်နေတဲ့ ကာလအတွင်း မင်းတပ်မြို့ပေါ် ပြည်သူတချို့ နေအိမ်တွေကို စွန့်ခွာကာ လုံခြုံတဲ့နေရာတွေဆီ ရွှေ့ပြောင်းခြင်းကြောင့် လူမရှိတဲ့ နေအိမ်တွေကို မသမာသူတစ်စုက နေအိမ်ဖောက်ထွင်းပြီး အဖိုးတန်ပစ္စည်းတွေကို ခိုးယူမှုတွေရှိနေပြီး မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ပြည်သူပိုင်ပစ္စည်းတွေ ဖောက်ထွင်းခိုးယူသူတွေရန်ကနေ ကာကွယ်ပေးနိုင်ရေးအတွက် ညစဉ်လှည့်ကင်း ပတ်ကင်းတွေ ဆောင်ရွက်လျက်ရှိတယ်လို့လည်း ဆိုပါတယ်။

ပြည်သူတွေအနေနဲ့ ညစဉ်မိမိနေအိမ်နဲ့ ပုန်းခိုကျင်းများတွင်နေထိုင်ခြင်း၊ ခွင့်ပြုချက်မရှိဘဲ အများပြည်သူနှင့် ဆိုင်တဲ့နေရာတွေကို သွားလာခြင်း၊ လူစုလူဝေးပြုလုပ်ခြင်းတွေ မပြုလုပ်ရန်နဲ့ ည ၉ နာရီကနေ မနက် ၅ နာရီအတွင်း ညမထွက်ရ အမိန့်ကို ထုတ်ဆင့်လိုက်တယ်လို့ ဖော်ပြထားတာတွေ့ရပါတယ်။

ပြီးခဲ့တဲ့ မေလ ဆန်းပိုင်းလောက် ကနေ စလို့ စစ်ကောင်စီတပ်ဖွဲ့တွေဟာ ချင်းပြည်တောင်ပိုင်းက ချင်းတော်လှန်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ မင်းတပ်၊ကန်ပက်လက်မြို့တွေကို ပြန်သိမ်းပိုက်နိုင်ဖို့အတွက် မြေပြင် ၊ ဝေဟင်ကနေ အသည်းအသန် ထိုးစစ်ဆင်နေလို့ နှစ်ဘက်တိုက်ပွဲ ဖြစ်ပွားလျက်ရှိနေတာဖြစ်ပါတယ်။ 

September 7, 2026
ချင်းပြည်၊ ပလက်ဝမြို့နယ်တွင် အခြေခံပညာရေး သင်ရိုးညွှန်းတမ်းကို ရခိုင်ဘာသာစကားဖြင့် သင်ကြားရန်...
ဓါတ်ပုံ - Crd
September 4, 2026
ချင်းပြည်၊ မင်းတပ်မြို့ပေါ်နှင့် အနီးဝန်းကျင်သို့ စက်တင်ဘာလ ၄ ရက် နံနက်ပိုင်းတွင် စစ်အုပ်စုတပ်က...
September 2, 2026
ချင်းပြည်၊ တီးတိန်ခရိုင်၊ ခိုင်ကမ်းမြို့အတွင်း စီးဝင်သည့် ကွဲချောင်းရေကြီးရေလျှံမှုနှင့်...
ဓာတ်ပုံ - Crd
August 28, 2026
ချင်းပြည်၊ ဟားခါးမြို့နယ်၊ ချွန်ကျုံးကျေးရွာ နှစ်ခြင်းအသင်းတော်မှ သင်းအုပ်ဆရာတော် Reverend...