ကသာတွင် တရားမဝင် ကျွန်းသစ် ခွဲသားတန် ၂၀ ကျော်နှင့် အမျိုးသားသုံးဦးကို ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ဖမ်းမိ

ကသာတွင် တရားမဝင် ကျွန်းသစ် ခွဲသားတန် ၂၀ ကျော်နှင့် အမျိုးသားသုံးဦးကို ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ဖမ်းမိ

စစ်ကိုင်းတိုင်း ကသာမြို့နယ်မှာ တရားမဝင် တင်ဆောင်လာတဲ့ ကျွန်းသစ်ခွဲသား တန် ၂၀ ကျော်နှင့်အတူ အမျိုးသား ၃ ဦးကို ကသာမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးတပ်ဖွဲ့က ဖေဖော်ဝါရီလ ၂၈ ရက်နေ့မှာ ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။

မင်းလယ်ရေဆိပ်တွင် ဖမ်းဆီးရမိသော ကျွန်းသစ်များကို သိမ်းဆည်းလိုက်ပြီး အမျိုးသားသုံးဦးကို ခံဝန်နဲ့ ပြန်လွှတ်ပေးခဲ့တယ်လို့ ကသာမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးက KNG သတင်းဌာနကို ပြောပါတယ်။

”ကျွန်းသစ်တွေကိုတော့ သိမ်းလိုက်ပါတယ်ဗျ။ အမျိုးသားသုံးယောက်ကိုတော့ ဝန်ခံနဲ့ပြန်လွတ်ပေးလိုက်တယ်။ နောက်ဒါမျိုးထပ်မလုပ်ဖို့ဝန်ခံနဲ့လွတ်ပေးလိုက်တယ်အစက ဒဏ်ရိုက်မလို့စီစဥ်ပေမယ့်ဒဏ်တော့မရိုက်ဘူး”ဟု ၎င်းကပြောသည်။

ကသာပြည်သူ့အုပ်ချုပ်ရေးအဖွဲ့အနေနဲ့ တရားမဝင်ကျွန်းသစ် ဖမ်းမိခြင်းမှာ ယခု ပထမအကြိမ်ဖြစ်ကြောင်း သိရပါတယ်။

ကသာမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့အနေနဲ့ မြို့နယ်အတွင်း တရားမဝင်သစ်ခုတ်ခြင်း၊ သစ်ခွဲခြင်း၊ သစ်စက် လည်ခြင်း၊ သယ်ဆောင်ခြင်း မပြုလုပ်ကြရန် သတိပေးထုတ်ပြန်ချက်ကို အခုနှစ်ဆန်းပိုင်းက ထုတ်ပြန်ခဲ့ဖူးပါတယ်။

Most read this week

December 17, 2025
မြေရှားသတ္တု တူးဖော်ရေးနဲ့ ပတ်သက်ပြီး ကချင်လွတ်တပ်ရေးအဖွဲ့ KIO/KIA နဲ့ အိန္ဒိယအစိုးရကြား...
December 16, 2025
ကချင်ပြည်နယ်အတွင်းက လူ့အခွင့်အရေးချိုးဖောက်မှု အများဆုံးကျူးလွန်သူတွေဟာ စစ်ကောင်စီတပ်တွေ...
December 15, 2025
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်ထဲက ရှမ်းနီပြည်သူ့စစ်ဂိတ် ၃ ခုမှာ အခွန်အဆမတန်ကောက်နေတဲ့အတွက်...
December 10, 2025
ရှမ်းမြောက်၊ မန်တုံမြို့နယ်မှာ TNLA နဲ့ တရုတ်လုပ်ငန်းရှင်တွေပေါင်းပြီး မြေရှားသတ္တုတူးဖို့...