ကသာတွင် တရားမဝင် ကျွန်းသစ် ခွဲသားတန် ၂၀ ကျော်နှင့် အမျိုးသားသုံးဦးကို ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ဖမ်းမိ

ကသာတွင် တရားမဝင် ကျွန်းသစ် ခွဲသားတန် ၂၀ ကျော်နှင့် အမျိုးသားသုံးဦးကို ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ဖမ်းမိ

စစ်ကိုင်းတိုင်း ကသာမြို့နယ်မှာ တရားမဝင် တင်ဆောင်လာတဲ့ ကျွန်းသစ်ခွဲသား တန် ၂၀ ကျော်နှင့်အတူ အမျိုးသား ၃ ဦးကို ကသာမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးတပ်ဖွဲ့က ဖေဖော်ဝါရီလ ၂၈ ရက်နေ့မှာ ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။

မင်းလယ်ရေဆိပ်တွင် ဖမ်းဆီးရမိသော ကျွန်းသစ်များကို သိမ်းဆည်းလိုက်ပြီး အမျိုးသားသုံးဦးကို ခံဝန်နဲ့ ပြန်လွှတ်ပေးခဲ့တယ်လို့ ကသာမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးက KNG သတင်းဌာနကို ပြောပါတယ်။

”ကျွန်းသစ်တွေကိုတော့ သိမ်းလိုက်ပါတယ်ဗျ။ အမျိုးသားသုံးယောက်ကိုတော့ ဝန်ခံနဲ့ပြန်လွတ်ပေးလိုက်တယ်။ နောက်ဒါမျိုးထပ်မလုပ်ဖို့ဝန်ခံနဲ့လွတ်ပေးလိုက်တယ်အစက ဒဏ်ရိုက်မလို့စီစဥ်ပေမယ့်ဒဏ်တော့မရိုက်ဘူး”ဟု ၎င်းကပြောသည်။

ကသာပြည်သူ့အုပ်ချုပ်ရေးအဖွဲ့အနေနဲ့ တရားမဝင်ကျွန်းသစ် ဖမ်းမိခြင်းမှာ ယခု ပထမအကြိမ်ဖြစ်ကြောင်း သိရပါတယ်။

ကသာမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့အနေနဲ့ မြို့နယ်အတွင်း တရားမဝင်သစ်ခုတ်ခြင်း၊ သစ်ခွဲခြင်း၊ သစ်စက် လည်ခြင်း၊ သယ်ဆောင်ခြင်း မပြုလုပ်ကြရန် သတိပေးထုတ်ပြန်ချက်ကို အခုနှစ်ဆန်းပိုင်းက ထုတ်ပြန်ခဲ့ဖူးပါတယ်။

Most read this week

စစ်အုပ်စုတပ် စစ်သင်္ဘောများ တိုက်ခိုက်ခံရပြီးနောက် ဧရာဝတီမြစ်အတွင်း မျောပါလာသည့် စစ်လက်နက်ပစ္စည်းအချို့ / Crd
September 4, 2026
ဧရာဝတီမြစ်ကြောင်းအတိုင်း စစ်အုပ်စုတပ်၏ စစ်သင်္ဘောများ သယ်ဆောင်လာသည့် စစ်လက်နက်ပစ္စည်းများ နှင့်...
September 4, 2026
ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာသည့် စစ်အုပ်စုတပ် စစ်သင်္ဘောအုပ်စုကို ရွှေကူမြို့အနီး...
စက်တင်ဘာလ ၂ ရက်နေ့ စစ်သင်္ဘောအုပ်စု တိုက်ခိုက်ခံရပြီးနောက် ဖမ်းဆီးခံရသည့် တပ်မိသားစု ဝင် များ။
September 3, 2026
ကချင်ပြည်၊ ရွှေကူမြို့မှ ဗန်းမော်ဘက်သို့ ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာစဉ်...
ရွှေကူမြို့နယ်အတွင်း ဇင်းဘုံကျေးရွာ၌ ပေါက်ကွဲမှုဖြစ်ပွားခဲ့သည့် မြင်ကွင်း
September 2, 2026
ကချင်ပြည်၊ ရွှေကူမြို့နယ်၊ ဧရာဝတီမြစ်ကမ်းဘေးရှိ ဇင်းဘုံကျေးရွာဘက်သို့ ဩဂုတ်လ ၂၅ ရက်နေ့က...