ကျင်စန်းကျော့ တရုတ်- မြန်မာ နယ်စပ်ကုန်သွယ်‌ရေးဂိတ် ယာယီပိတ်

ကျင်စန်းကျော့ တရုတ်- မြန်မာ နယ်စပ်ကုန်သွယ်‌ရေးဂိတ် ယာယီပိတ်

ရှမ်းပြည်နယ်မြောက်ပိုင်းရှိ မြန်မာ-တရုတ် နှစ်နိုင်ငံ၏အဓိကကုန်သွယ်ရေးဂိတ်တစ်ခုဖြစ်သည့် ကျင်စန်းကျော့ဂိတ်ကို ယာယီပိတ်လိုက်ကြောင်း လုပ်ငန်းရှင်များထံမှ သိရသည်။

လုပ်ငန်းရှင်များ၏ ပြောဆိုချက်အရ တရုတ်ဘက်မှ အကောက်ခွန်ဝန်ထမ်း‌များနှင့် ခေါက်တိုယာဉ်မောင်း ရှန်တိန်ယာဥ်‌‌မောင်းများထံ ကိုဗစ်ပိုးတွေ့ရှိသည့်အတွက် ‌နှစ်နိုင်ငံအဝင်အထွက်အား ၃ ရက် ပိတ်လိုက်ရခြင်း ဖြစ်သည်ဟု သိရသည်။

“ဟုတ်တယ် မနေ့က သွားလို့ရသေးတယ်။ ဒီမနက်မှ ပိတ်လိုက်တာ တရုတ်ဘက်က ယာဉ်မောင်းတွေမှာ ပိုးတွေ့ရလို့တဲ့” ဟု ကုန်သည်တစ်ဦးက ပြောသည်။

ထို့ပြင် မြန်မာဘက်ခြမ်းတွင်လည်း ကုန်တင်ယဉ်မောင်း ၂၀ ကျော် ပိုးတွေ့ ထားသည့်အပြင် မူဆယ်မြို့နယ်တွင်လည်း ပိုးတွေ့ လူနာများလာကြောင်း သိရသည်။

လက်ရှိ တရုတ်ဘက်ဝမ်တိန်တွင်လည်း အိမ်ပြင်မထွက်ဖို့ လူမှုကွန်ယက်မှ အသိပေးထားပြီး ရွှေလီဘက်တွင်လည်း ပိုးတွေ့နေရာအချို့ကို လော့ခ်ဒေါင်းချမှတ်ထားကြောင်း တရုတ်ဘက်နေထိုင်သည့် မြန်မာနိုင်ငံသား တစ်ဦးက ပြောသည်။

မြန်မာတရုတ်နယ်စပ် ကုန်သွယ်ရေးဂိတ်အားတရုတ်ဘက်မှ ကိုဗစ်အကြောင်းပြချက်နှင့် ပြီးခဲ့တဲ့ နှစ်ဝက်ခန့်ပိတ်ခဲ့ပြီး ၂၀၂၁ နိုဝင်ဘာလကုန်ပိုင်းက ပြန်လည်ဖွင့်လှစ်ခဲ့သည်။

Most read this week

စစ်အုပ်စုတပ် စစ်သင်္ဘောများ တိုက်ခိုက်ခံရပြီးနောက် ဧရာဝတီမြစ်အတွင်း မျောပါလာသည့် စစ်လက်နက်ပစ္စည်းအချို့ / Crd
September 4, 2026
ဧရာဝတီမြစ်ကြောင်းအတိုင်း စစ်အုပ်စုတပ်၏ စစ်သင်္ဘောများ သယ်ဆောင်လာသည့် စစ်လက်နက်ပစ္စည်းများ နှင့်...
September 4, 2026
ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာသည့် စစ်အုပ်စုတပ် စစ်သင်္ဘောအုပ်စုကို ရွှေကူမြို့အနီး...
စက်တင်ဘာလ ၂ ရက်နေ့ စစ်သင်္ဘောအုပ်စု တိုက်ခိုက်ခံရပြီးနောက် ဖမ်းဆီးခံရသည့် တပ်မိသားစု ဝင် များ။
September 3, 2026
ကချင်ပြည်၊ ရွှေကူမြို့မှ ဗန်းမော်ဘက်သို့ ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာစဉ်...
ရွှေကူမြို့နယ်အတွင်း ဇင်းဘုံကျေးရွာ၌ ပေါက်ကွဲမှုဖြစ်ပွားခဲ့သည့် မြင်ကွင်း
September 2, 2026
ကချင်ပြည်၊ ရွှေကူမြို့နယ်၊ ဧရာဝတီမြစ်ကမ်းဘေးရှိ ဇင်းဘုံကျေးရွာဘက်သို့ ဩဂုတ်လ ၂၅ ရက်နေ့က...