NLD ကျေးရွာ ရုံး မီးရှို့ခံရ၊ ဘေးအိမ်များပါ ကူးစက်လောင်ကျွမ်း

NLD ကျေးရွာ ရုံး မီးရှို့ခံရ၊ ဘေးအိမ်များပါ ကူးစက်လောင်ကျွမ်း

မြိတ်ခရိုင် တနင်္သာရီမြို့နယ် အတွင်းရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီရုံး မီးရှို့ဖျက်ဆီးခံရပြီး နောက် အနီးအနားက လူနေအိမ် ၃ လုံးထက် မနည်းလည်း မီးကူးလောင်ကျွမ်းသွားသည်ဟု ဒေသခံရွာသား များက ပြောသည်။

ပဝ ကျေးရွာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီရုံး စိုက်ရာနေအိမ် ဖေဖော်ဝါရီလ ၂၇ ရက်နေ့ မွန်းလွဲ ၁၂ နာရီခွဲ အချိန်ခန့်တွင် စတင်မီးရှို့ခံရပြီးနောက် အနီးအနားရှိနေသည့် အိမ်များပါ မီးလောင်ပျက်စီးသွားခဲ့သည်ဟု သိရသည်။

“ဖေဖေါ်ဝါရီလ ၁၇ ရက်နေ့ထဲက စစ်တပ်နဲ့ PDF တွေ တိုက်ပွဲဖြစ်လို့ တရွာလုံး စစ်ဘေးရှောင်နေကြရတယ်။ ရွာ ထဲမှာက စစ်တပ်ကတပ်စွဲထားပြီး ပျူစောထီးတွေလည်းရှိတယ်။” ဟု အသက် ၃၀ ကျော်အရွယ် ပဝကျေးရွာသား တစ်ဦးက စွပ်စွဲ ပြောဆိုသည်။

ပဝကျေးရွာက NLD ပါတီရုံး မီးရှို့ဖျက်ဆီးခံရပြီး အနီးရှိလူနေအိမ် ၃ ဆောင်ထက်မနည်း မီးကူးစက် လောင်ကျွမ်း သွားခဲ့ပြီး စစ်ကောင်စီ၏တပ်များက ရှို့ခြင်းဖြစ်နိုင်သည်ဟု ရွာသားများကပြောသည်။

သတင်းနှင့် မီဒီယာ ကွန်ရက်အနေဖြင့် မီးရှို့သူ မည်သူမည်ဝါဖြစ်သည်ကို သီးခြား အတည်မပြုနိုင်ပါ။

မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့သည့် ပဝကျေးရွာက ရွာသားများသည် စစ်ကောင်စီတပ်ဖွဲ့ဝင်များက တပ်စွဲထားသည့် အတွက် ရွာသားများက စိုးရိမ်ပြီး တိမ်းရှောင်နေကြရသည့် ကျေးရွာဖြစ်သည်။

ထိုမီးလောင်ကျွမ်းမှုကို စစ်ဘေးရှောင်ရာမှ ပြန်လည်ရောက်ရှိနေသည့် ရွာသားအချို့က ဝိုင်းဝန်းငြိမ်းသတ်ခဲ့ သဖြင့် ညနေ ၃ နာရီကျော်ခန့်တွင် မီးငြိမ်းသွားခဲ့သည်ဟု မီးငြိမ်းသတ်ရာတွင်ပါဝင်ခဲ့သည့် ရွာသားတစ်ဦးက ပြော သည်။

ရွာသားအချို့သာ ကျေးရွာကိုပြန်ရောက်နေကြပြီး လက်ရှိမီးလောင်သွားသည့် နေအိမ်ပိုင်ရှင်များသည်လည်း နေအိမ်ကို ပြန်မရောက်သေး ဟု ၎င်းကဆက်ပြောသည်။

လက်ရှိအချိန်တွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားခြင်း မရှိသော်လည်း ရွာသားအများစုမှာ စစ်ကောင်စီ၏ ဖမ်း ဆီးခံရမည့်ဘေးနှင့် တိုက်ပွဲများ ထပ်မံဖြစ်ပွားမည်ကို စိုးရိမ်ကြောက်ရွံ့ကာ နေအိမ်မပြန်ရဲကြသေးသဖြင့် တော တောင်များအတွင်း ဆက်လက်ပုန်းအောင်းနေကြသည်ဟု ဒေသခံများကပြောသည်။

Most read this week

ဓါတ်ပုံ - ပုံဟောင်း
July 27, 2026
စစ်တပ်က အင်အားထပ်မံဖြည့်တင်းထားသည့် ရခိုင်ပြည်၊ စစ်တွေမြို့နှင့် ၇ မိုင်အကွာရှိ ရွှေမင်းဂံရေတပ်...
July 27, 2026
ကရင်ပြည်၊ မြဝတီမြို့တောင်ဘက်ခြမ်းရှိ လေးကေ့ကော်မြို့သစ် အနောက်ဘက် ရဲကုန်းနေရာ၌ ပြီးခဲ့သည့်...
July 27, 2026
UWSA ‘ဝ’ အပါအဝင် မဟာမိတ်ညီနောင် အချို့ စစ်တပ်နှင့် တွေ့ဆုံရန် ပြင်ဆင်နေချိန်အတွင်း...
ဓါတ်ပုံ - Soe Than WIN/AFP via Getty Images
July 25, 2026
စစ်တပ် ထိန်းချုပ်ထားဆဲဖြစ်သည့် ရခိုင်ပြည်၊ စစ်တွေမြို့နယ်အတွင်း အခုရက်ပိုင်းအတွင်း စစ်တပ်က...