၂ ခြောက်လုံး လှုပ်ရှားမှုကြောင့် ပုသိမ်ထောင်တွင် လူ ၅ ဦးကို တိုက်ပိတ်

၂ ခြောက်လုံး လှုပ်ရှားမှုကြောင့် ပုသိမ်ထောင်တွင် လူ ၅ ဦးကို တိုက်ပိတ်

ပုသိမ်အကျဉ်းထောင် အတွင်း ၂ ခြောက်လုံးလှုပ်ရှားမှု ပြုလုပ်သူ  ၅ ဦးကို တိုက်ပိတ်ခံထားရသည်ဟု အကျဉ်းဦးစီးဌာန နှင့် နီးစပ်သူက ပြောသည်။

ဧရာဝတီတိုင်း၊ ပုသိမ်အကျဉ်းထောင်တွင် ဖေဖော်ဝါလ ၂၂ ရက်နေ့ မွန်းလွဲပိုင်းက စစ်တပ် အာဏာသိမ်းမှု ဆန့် ကျင်သည့် ၂ ခြောက်လုံးလှုပ်ရှားမှု ပြုလုပ်သူ နိုင်ငံရေးအကျဉ်းသားများအနက် ၅ ဦးကို ထောင်အာဏာပိုင်များက တိုက်ပိတ်အပြစ် ပေးထားသည် ဟု အကျဉ်းဦးစီးဌာန နှင့် နီးစပ်သူတစ်ဦးက အတည်ပြုပြောသည်။

“ပြန်လည်စုရုံး ၂ ခြောက်လုံး၊ စစ်အာဏာရှင်ကို တော်လှန်ကြဆိုပြီး ထောင်ထဲမှာ ဆန္ဒပြတယ်။ စစ်အာဏာရှင် အလို မရှိဘူးလို့ အော်ကြတယ်” ဟု ထောင်ဝန်ထမ်းတစ်ဦးက ပြောသည်။

အဆိုပါ လှုပ်ရှားမှုကို ဦးဆောင်သည့် နိုင်ငံရေးအကျဉ်းသားများ ဖြစ်ကြသည့် ကန်ကြီးထောင့်မြို့မှ ကိုစည်သူ အောင်၊ ကိုအောင်အောင်၊ ပုသိမ်မြို့မှ ကိုဝင်းထွန်းနိုင်တို့ အပါအဝင် နိုင်ငံရေးအကျဉ်းသား ၅ ဦးကို ထောင်တွင်း၌ ထပ်မံအချုပ်ချ (တိုက်ပိတ်) လိုက်ခြင်းဖြစ်သည် ဟု ထောင်ဝန်ထမ်းက ဆက်ပြောသည်။

ပုသိမ်အကျဉ်းထောင်အတွင်းရှိ နိုင်ငံရေး အကျဉ်းသား အားလုံး သနပ်ခါးလိမ်း၍ ဖေဖော်ဝါရီလ ၂၂ ရက်နေ့ နေ့ လည် ၂ နာရီက တပြိုင်နက်တည်း အော်ဟစ်ကြွေးကြော် ဆန္ဒပြခဲ့ကြခြင်းဖြစ်သည်။

ထောင်တွင်းရှိ အခြားသော အကျဉ်းသား အချို့ကလည်း ထိုလှုပ်ရှားမှုတွင် ပါဝင်ခဲ့ကြသည်ဟု သိရသည်။

ထောင်တွင်း၌ ထောင်ဆူပူမှု အပါအဝင် ပြစ်မှုတစ်စုံတစ်ရာနှင့် ထောင်စည်းမျဉ်းစည်းကမ်းများကို ချိုးဖောက်သူ တို့ကို ထောင်အာဏာပိုင်များက ထောင်တွင်း၌ပင် အချုပ်အနှောင်ဖြင့် ထပ်မံတိုးမြှင့် အပြစ်ဒဏ်ပေးလေ့ ရှိ ကြောင်း အမည်မဖော်လိုသည့် ထောင်အရာရှိ တစ်ဦးက ရှင်းပြသည်။

“တိုက်ပိတ်တယ် ဆိုတာ ထောင်စည်းကမ်း အချုပ်စည်းကမ်း ချိုးဖောက်တဲ့ အကျဉ်းသားကို အရင်က ရထားတဲ့ ထောင်တွင်း အခွင့်အရေးကို ပိတ်လိုက်တာမျိုးပါ။ အမြင့်ဆုံး တိုက်ပိတ်တဲ့ အပြစ်ဒဏ်မျိုးက အခန်းကျဉ်း တစ် ခုထဲမှာ တစ်ယောက်တည်း အချုပ်အနှောင်နဲ့ထားတာမျိုးပါ” ဟု ရှင်းပြသည်။

ပုသိမ်မြို့ရှိ စစ်ကြောရေးစခန်း နှင့် ရဲစခန်း အသီးသီးတွင် ဖမ်းဆီးခံထားသည့် နိုင်ငံရေးအကျဉ်းသားများမပါ ပုသိမ်အကျဉ်းထောင်အတွင်း နိုင်ငံရေးပုဒ်မ အမျိုးမျိုးတပ်ကာ ဖမ်းဆီးခံထားရသူ အယောက် ၃၅၀ ဝန်း ကျင်ရှိနေသည်ဟု အကျဉ်းဦးစီးဌာနနှင့် နီးစပ်သူများ၏ ပြောပြချက်အရ သိရသည်။

ထို့အပြင် ပုသိမ်အကျဉ်းထောင်အတွင်း အမျိုးသမီး နိုင်ငံရေးအကျဉ်းသား အယောက် ၄၀ ခန့်ရှိသည်ဟုလည်း အကျဉ်းဦးစီးဌာနနှင့် နီးစပ်သူများက ဆိုသည်။

ဓါတ်ပုံ - ပုံဟောင်း
July 27, 2026
စစ်တပ်က အင်အားထပ်မံဖြည့်တင်းထားသည့် ရခိုင်ပြည်၊ စစ်တွေမြို့နှင့် ၇ မိုင်အကွာရှိ ရွှေမင်းဂံရေတပ်...
July 27, 2026
ကရင်ပြည်၊ မြဝတီမြို့တောင်ဘက်ခြမ်းရှိ လေးကေ့ကော်မြို့သစ် အနောက်ဘက် ရဲကုန်းနေရာ၌ ပြီးခဲ့သည့်...
July 27, 2026
UWSA ‘ဝ’ အပါအဝင် မဟာမိတ်ညီနောင် အချို့ စစ်တပ်နှင့် တွေ့ဆုံရန် ပြင်ဆင်နေချိန်အတွင်း...
ဓါတ်ပုံ - Soe Than WIN/AFP via Getty Images
July 25, 2026
စစ်တပ် ထိန်းချုပ်ထားဆဲဖြစ်သည့် ရခိုင်ပြည်၊ စစ်တွေမြို့နယ်အတွင်း အခုရက်ပိုင်းအတွင်း စစ်တပ်က...