PDF နှင့် ဆက်သွယ်သည်ဆိုကာ ထောင်နှစ်ရှည်ချခံရသည့် ရွာသားအိမ်များကို ချိပ်ပိတ်

PDF နှင့် ဆက်သွယ်သည်ဆိုကာ ထောင်နှစ်ရှည်ချခံရသည့် ရွာသားအိမ်များကို ချိပ်ပိတ်

တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်က နှစ်ရှည်ထောင်ဒဏ် ချမှတ်ခံရသော ရွာသားများ၏ နေအိမ်များကို စစ်ကောင်စီက ချိပ်ပိတ်လိုက်သည်ဟု ဒေသခံများက ပြောသည်။

မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ ရှပ်ပုံကျေးရွာမှ ရွာသား ၄ ဦးမှာ မကြာသေးခင် ရက်များအတွင်းက နှစ်ရှည်ထောင်ဒဏ်များ ချမှတ်ခံခဲ့ရသည်။

ပုလောမြို့နယ်အတွင်း ဖမ်းဆီးခံထားရသူများ၏ နေအိမ်များ ချိပ်ပိတ်ခံရမှုမှာ ယခုအကြိမ်သည် ပထမဆုံး အကြိမ်ဖြစ်သည်။

“ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ ထောင်နှစ် ၂၀ ချခံထားရတာ။ အမိန့်ချပြီး နောက်တရက်ဆို နေအိမ်တွေ ချိပ် လာ ပိတ် တယ်။ အခုမိသားစုတွေ ပြောင်းပေးရတော့မယ်” ဟု အသက် ၅၀ အရွယ် ရှပ်ပုံကျေးရွာသား တစ်ဦးက ပြော သည်။

နေအိမ်များကို ဖေဖော်ဝါရီလ ၁၉ ရက်နေ့က  စစ်ကောင် စီတပ်ဖွဲ့ ဝင်များက လာရောက် ချိပ်ပိတ်လိုက်ခြင်း ဖြစ်သည်ဟု ရွာသားများက ပြောသည်။

ချိတ်ပိတ်သိမ်းဆည်းခံရသည့် သူများမှာ ရှပ်ပုံကျေးရွာနေ ကိုဖိုးကျော်၊ ကိုတင်ဝင်းညွန့်၊ ကိုအောင်နိုင်စိုးနှင့် ကို မင်းမင်းလတ်တို့ ဖြစ်ကြသည် ဟု သိရသည်။

၎င်းတို့ ၄ ဦးသည် PDF အဖွဲ့များကို ဆက်သွယ်ပံ့ပိုးကူညီနေသည်ဟုဆိုကာ စစ်ကောင်စီတပ်ဖွဲ့၏ မတရား အမှု ဆင် ဖမ်းဆီးခံခဲ့ရသူများဖြစ်သည်ဟု ဒေသခံများက ပြောသည်။

ယခုချိပ်ပိတ်လိုက်သည့်နေအိမ် ၄ လုံးတွင် လက်ရှိ နေထိုင်နေကြသည့် မိသားစုဝင်များကိုလည်း နေအိမ်ပေါ်မှ ဖေဖော်ဝါရီလ ၂၁ ရက်နေ့ နောက်ဆုံးထား ပြောင်းရွှေ့ပေးရန် ကျေးရွာ အုပ်ချုပ်ရေးမှူးမှ တဆင့် သတိပေးထားသည်ဟု သိရသည်။

ချိတ်ပိတ်ခံရသည့်နေအိမ်များက မိသားစုဝင်များသည် နေရာပြောင်းရွှေ့ရေးအတွက် အခက်အခဲများ ရှိနေသည် ဟု ဆွေမျိုးတော်စပ်သူ တစ်ဦးက ဆိုသည်။

ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလလယ်ပိုင်းတွင် စစ်ကောင်စီတပ်ဖွဲ့က ရွာသားလေးဦးကို ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့များနှင့် ဆက်နွယ်သည်ဆိုကာ  ပုဒ်မ ၅၀(ည)၊ ၅၁(ဂ) တို့ဖြင့် ဖမ်း ဆီးခဲ့ပြီး ဖေဖော်ဝါရီလ ၁၈ ရက်နေ့တွင် မြိတ်အကျဉ်းထောင်အထူးတရားရုံးမှ တစ်ဦးလျှင် ထောင်ဒဏ် အနှစ် ၂၀ နှစ်စီ ချမှတ်ခံခဲ့ရသည်။

ဓါတ်ပုံ - ပုံဟောင်း
July 27, 2026
စစ်တပ်က အင်အားထပ်မံဖြည့်တင်းထားသည့် ရခိုင်ပြည်၊ စစ်တွေမြို့နှင့် ၇ မိုင်အကွာရှိ ရွှေမင်းဂံရေတပ်...
July 27, 2026
ကရင်ပြည်၊ မြဝတီမြို့တောင်ဘက်ခြမ်းရှိ လေးကေ့ကော်မြို့သစ် အနောက်ဘက် ရဲကုန်းနေရာ၌ ပြီးခဲ့သည့်...
July 27, 2026
UWSA ‘ဝ’ အပါအဝင် မဟာမိတ်ညီနောင် အချို့ စစ်တပ်နှင့် တွေ့ဆုံရန် ပြင်ဆင်နေချိန်အတွင်း...
ဓါတ်ပုံ - Soe Than WIN/AFP via Getty Images
July 25, 2026
စစ်တပ် ထိန်းချုပ်ထားဆဲဖြစ်သည့် ရခိုင်ပြည်၊ စစ်တွေမြို့နယ်အတွင်း အခုရက်ပိုင်းအတွင်း စစ်တပ်က...