ပျူစောထီးအဖွဲ့ဝင် သတင်းပေး ဆိုသူ တစ်ဦးကို လပွတ္တာ ပြောက်ကျားအဖွဲ့ သတ်ဖြတ်

ပျူစောထီးအဖွဲ့ဝင် သတင်းပေး ဆိုသူ တစ်ဦးကို လပွတ္တာ ပြောက်ကျားအဖွဲ့ သတ်ဖြတ်

ဧရာဝတီတိုင်း၊ လပွတ္တာမြို့နယ်တွင် ပျူစောထီးအဖွဲ့ဝင် တစ်ဦးကို ဒေသခံ မြို့ပြပြောက်ကျားတပ်ဖွဲ့က သုတ် သင်ရှင်းလိုက်သည်ဟု ပြောက်ကျား အဖွဲ့က ကြေညာသည်။

လပွတ္တာမြို့နယ် အထက်ပြွန်ချောင်းကျေးရွာက အသက် ၅၀ နှစ်အရွယ်ရှိ ပျူစောထီး အဖွဲ့ဝင်၊ စစ်ကောင်စီ သတင်းပေး တစ်ဦးဟု ဆိုသည့် ဦးသံချောင်းကို ၎င်း၏ စက်လှေပေါ်တွင် ဖေဖော်ဝါရီလ ၁၈ ရက်နေ့က သုတ်သင် ရှင်းလင်းလိုက်သည်ဟု လပွတ္တာ မြို့ပြပြောက်ကျားတပ်ဖွဲ့ က ထုတ်ပြန်ထားသည်။

“သူက ဒလန်ဆိုတာ အထောက်အထား အခိုင်အလုံရှိပါတယ်။ ဒေသခံတွေရဲ့ တိုင်ကြားချက်တွေကို စီစစ်ပြီးမှ ရှင်းလိုက်တာ” ဟု လပွတ္တာ မြို့ပြပြောက်ကျားတပ်ဖွဲ့ဝင်တစ်ဦး ကပြောသည်။

ပျူစောထီးအဖွဲ့ဝင် ဦးသံချောင်းသည် ကျေးရွာအုပ်စုအတွင်း နေထိုင်သူများကို နည်းအမျိုးမျိုးဖြင့် ခြိမ်းခြောက် ခြင်း၊ အပြစ်မဲ့ ဒေသခံများအား ဖမ်းဆီးရန် စစ်ကောင်စီအား သွေးထိုးခြင်းများ လုပ်ဆောင်နေသူဖြစ်သည့် အတွက် ယခုကဲ့သို့ သုတ်သင်ရှင်းလင်းလိုက်သည်ဟု လပွတ္တာ မြို့ပြပြောက်ကျားတပ်ဖွဲ့ ကပြောသည်။

လပွတ္တလုပ်ကျေးရွာ၊ အထက်ပြွန်ချောင်းကျေးရွာတို့တွင် ခရီးသည်တင် စက်လှေ လုပ်ငန်းလုပ် ကိုင်သူ ဦးသံ ချောင်းသည် ပြည်ခိုင်ဖြိုးပါတီ စည်းရုံးမှူး ဖြစ်ပြီး ရာအိမ်မှူးတစ်ဦးလည်းဖြစ်သည်ဟု ဒေသခံများက ပြော သည်။

ဒေသခံတစ်ဦးက “သူ (ဦးသံချောင်း)ကြောင့် ဒီဒေသကလူတွေ ကျီးလန့်စာ စားနေကြရတာ။ မဟုတ်တဲ့ သတင်း ပေးလို့ အဖမ်းခံရတဲ့ လပွတ္တလုပ်နဲ့ အထက်ပြွန်ချောင်းက လူတွေ အခုထိ ပြန်မလွတ်သေးဘူး” ဟု ပြောသည်။

ရာအိမ်မှူး ဦးသံချောင်းကို PDF များက သတ်ပြီး ငွေ ၂၅ သိန်းအား ယူဆောင်သွားသည်ဟု စစ်ကောင်စီ က ပြည် သူများ အကြား သတင်းလွှင့်ထားသည်ဟုလည်း ဒေသခံ အချို့ က ပြောသည်။

သို့သော် ပျူစောထီးအဖွဲ့ဝင် စစ်ကောင်စီသတင်းပေး ဦးသံချောင်း၏ ရုပ်အလောင်း နှင့် ၎င်း၏ စက်လှေအား မြစ်အတွင်း သီးခြားစီ မျှောလိုက်ပြီး ငွေကြေး နှင့် အခြား မည်သည့်ပစ္စည်းကိုမှ ယူဆောင်ခဲ့ခြင်းမျိုး မရှိ ဟု လပွတ္တာ မြို့ပြပျောက်ကျား အဖွဲ့ တာဝန်ရှိသူ က ပြောသည်။

May 5, 2026
စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့ကို ပြန်လည်ထိန်းချုပ်ခဲ့သည့် စစ်တပ်သည် အမျိုးသားညီညွတ်ရေး...
May 4, 2026
ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ (၆) နယ်မြေ၊ ဘုရားသုံးဆူမြို့အနီးရှိ မက္ကသာသတ္တုခဲမိုင်း...
May 1, 2026
တနင်္သာရီတွင် ရဟတ်ယာဉ်ကွင်းဆောက်ရန် ရွာသား ၁၅ ဦးပိုင် မြေနှင့်အိမ်များကို စစ်တပ်က...
April 30, 2026
စက်သုံးဆီရှားပါးမှုကြောင့် တနင်္သာရီတိုင်း အတွင်း ကမ်းနီး ငါးဖမ်းလုပ်ငန်းများ ရပ်နားရမည့်...