ကိုးကန့်တပ်ဖွဲ့ တည်ထောင်သူ ဦးဖုန်ကြားရှင် ကွယ်လွန်

ကိုးကန့်တပ်ဖွဲ့ တည်ထောင်သူ ဦးဖုန်ကြားရှင် ကွယ်လွန်

ကိုးကန့်တပ်ဖွဲ့ဟု လူသိများသည့် မြန်မာ အမျိုးသားဒီမိုကရက်တစ် မဟာမိတ် တပ်မတော် MNDAA  တည် ထောင်သူလည်းဖြစ်၊ ဥက္ကဌဟောင်းလည်း ဖြစ်သူ ဦးဖုန်ကြားရှင် ဖေဖော်ဝါရီလ ၁၆ ရက်နေ့ (ယနေ့) နံနက် ပိုင်း တွင် ကွယ်လွန်သွားခဲ့သည်ဟု MNDAA က ထုတ်ပြန်ထားသည်။

အသက် ၉၁ နှစ်ရှိပြီဖြစ်သည့် ဖုန်ကြားရှင်သည် သာမန် လူကြီးရောဂါနှင့် ကွယ်လွန်သွားခြင်း ဖြစ်သည်ဟု MNDAA က ပြောသည်။

ဖုန်ကြားရှင်သည် လက်နက်ကိုင်တော်လှန်ရေး ဘဝကို ၁၉၆၅ ခုနှစ်တွင် စတင်ခဲ့ခြင်းဖြစ်သည်။ ပထမဆုံး ဂျင်မီ ယန်း ဦးဆောင်သည် ကိုးကန့် ပြည်သူ့ တော်လှန်ရေး တပ်မတော်တွင် အရာရှိ အဆင့်အထိ တာဝန်ထမ်း ဆောင် ခဲ့သည်။

ထို့နောက် ၁၉၆၉ ခုနှစ်တွင် ဗမာပြည်ကွန်မြူနစ် ပါတီနှင့် ပူးပေါင်းခဲ့သည်။

"ကိုးကန့်စော်ဘွားခေတ် ကာကွယ်ရေးခေါင်းဆောင်မှ CPB တပ်မှူးတဦးဖြစ်ခဲ့ပြီး ၁၉၈၉ ခုနှစ်တွင် CPB အား ပထမဆုံးပုန်ကန်ခဲ့သူဖြစ်သော ဖုန်ကြားစင်း (ဖုန်ကြားရှင်) သည် အကောင်းအဆိုးများ ဒွန်တွဲနေပြီး မည်သို့ဆိုစေ လုပ်ရည် ကိုင်ရည်အစွမ်းအစရှိသူတဦးဖြစ်သူဟု ဆိုရပါမည်။ မှတ်ချက်။ မိမိတဦးချင်းအမြင်အရ သူ၏ညီ ဖုန်ကြားဖူး က စစ်ရေးအစွမ်းအစတွင် သူထက် သာလွန်ပြီး ဖုန်ကြားစင်းက စည်းရုံးအုပ်ချုပ်ရေးတွင် သာလွန်သည်ဟု ထင်မြင်ယူဆပါသည်" ဟု တိုင်းရင်းသားအရေးလေ့လာသုံးသပ်သူ ဦးမောင်မောင်စိုးက ၎င်း၏ လူမှုကွန်ရက် စာမျက်နှာတွင် ရေးသားထားသည်။

၁၉၈၉ ခုနှစ် မတ်လ အတွင်းတွင် ဗမာပြည်ကွန်မြူနစ်ပါတီကို တော်လှန်ပြီး မြန်မာ အမျိုးသား ဒီမိုကရေစီ မဟာ မိတ် တပ်မတော် (MNDAA) ကို ဖွဲ့စည်းပြီး ဦးဆောင်ခဲ့သည်။ ကိုးကန့်အဖွဲ့သည် ဗမာပြည်ကွန်မြူနစ်ပါတီကို တော်လှန်ခဲ့သည့် ပထမဆုံး တိုင်းရင်းသား တပ်ဖွဲ့ ဖြစ်သည်။

MNDAA ကို ဖွဲ့စည်းပြီးနောက်တွင် ထိုအချိန်တွင် ရှိနေသည့် မြန်မာစစ်အစိုးရနှင့် အပစ်အခတ်ရပ်စဲရေး သဘော တူခဲ့ပြီး မူးယစ်ဆေးဝါးကို တရားဝင်နီးပါး လုပ်ကိုင်ခွင့်ရခဲ့သည့်အတွက် ဘိန်းရာဇာ တစ်ဦးအနေဖြင့်လည်း နာမည်ကျော်ကြားခဲ့သည်။

၂၀၀၉ ခုနှစ်တွင် စစ်တပ်နှင့် တိုက်ပွဲပွားခဲ့ဖြစ်ပြီး တရုတ်နိုင်ငံတွင် ထွက်ပြေးခိုလှုံနေခဲ့သည်။

ထို့နောက် ၂၀၁၅ ခုနှစ်တွင် ကိုးကန့်တပ်မတော် MNDAA ကို ပြန်လည် ဖွဲ့စည်းခဲ့ပြီး မြန်မာစစ်တပ်ကို ဆက် လက်တော်လှန်နေရင်းဖြင့် ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ ၁၆ ရက်တွင် ကွယ်လွန်သွားခဲ့ခြင်း ဖြစ်သည်။ 

June 6, 2026
စစ်ကိုင်းမြို့ပေါ်ရှိ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန (လဝက) ရုံးအတွင်း...
ဓာတ်ပုံ-Crd(ပုံဟောင်း)
June 5, 2026
စစ်တပ်က တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းများကို နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးမည်ဟု...
June 4, 2026
တနင်္သာရီတိုင်းဒေသကြီး၊ သရက်ချောင်းမြို့နယ် အတွင်း တိုက်ပွဲဖြစ်ပွားနေခြင်း မရှိဘဲ စစ်တပ်က...
June 3, 2026
မြန်မာစစ်အုပ်စု ခေါင်းဆောင် ဦးမင်းအောင်လှိုင်၏ အိန္ဒိယနိုင်ငံခရီးစဉ်နှင့် ပတ်သက်၍ အိန္ဒိယအစိုးရက...