စစ်ကောင်စီတပ်၏ တိုက်ခိုက်ရေးလေယာဉ်တစ်စီးပျက်ကျ လေယာဉ်မှူးတစ်ဦးသေဆုံး

စစ်ကောင်စီတပ်၏ တိုက်ခိုက်ရေးလေယာဉ်တစ်စီးပျက်ကျ လေယာဉ်မှူးတစ်ဦးသေဆုံး

စစ်ကိုင်းတိုင်း‌ဒေသကြီး၊ အုန်းတောကျေးရွာ အရှေ့ဘက်ရှိ၊ ရေမြက်ကြီးအင်းအနီးတွင် စစ်ကောင်စီတပ်၏ တိုက်လေယာဥ်တစ်စီး ယမန်နေ့ နေ့လည် ၁၁ နာရီဝန်းကျင်တွင် ပျက်ကျခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

”ကျနော်တို့ရွာနဲ့တော့ နည်းနည်းဝေးတယ်။ ဒါပေမယ့် အဲက ဒေသခံတွေကို ဖုန်းဆက်မေးတာ လေယာဥ်ပျက်ကျတာ ဟုတ်တယ်။ ရေမျက်ကြီးအင်းအလည်မှာပျက်ကျတာလို့ သိရတယ် လေယာဉ်မှူးသေတယ်လို့ သိရတယ် ခုက ကယ်ဆယ်ရေးတွေ စလုပ်နေပြီ” ဟု ရေမြက်ရွာ ဒေသခံတစ်ဦးကပြောသည်။ယင်းလေယာဉ်ပျက်ကျမူပြီး‌နောက် စစ်‌ကောင်စီတပ်များအုန်းတောရွာ၊ ရေမျက်ကြီးရွာအနီးရှိ ကျေးရွာများသို့ ဝင်ရောက်လာသည့်အတွက် ဒေသခံအချို့ ထွက်ပြေးတိမ်းရှောင်နေကြကြောင်းလည်း ၎င်းကဆက်ပြောသည်။

” ကြားတာက အဲလေယာဉ်ပျက်ကျခါနီးမှာ လေထီးနဲ့ခုန်ဆင်းတဲ့သူလည်းရှိတယ် အဲလေထီးနဲ့ခုန်ဆင်းတဲ့သူတွေကို လိုက်ရှာတာတဲ့ ရွာထဲစစ်သားတွေလည်း ရောက်လာတော့ ရွာသားတွေကြောက်လို့ တစ်ချို့ပြေးကုန်တာ” လို့ ‌ဒေသခံတစ်ဦးက ပြောသည်။

ဒေသခံများ၏ ပြောဆိုချက်အရ လေထီးနှင့် ခုန်ဆင်းသူ နှစ်ဦးရှိသည်ဟုဆိုသော်လည်း အဆိုပါ သတင်းအချက်လက်အား အတည်ပြုရန် ခက်ခဲနေဆဲဖြစ်သည်။

အဆိုပါ လေယာဥ်ပျက်ကျမူနှင့် ပတ်သက်ပြီး ဒေသခံများ၏ ပြောဆိုချက်အရ PDF များထံဗုံးလာကျဲသည့် လေယာဥ်ဟု ဆို‌သော်လည်း စစ်တပ်ပိုင်ရုပ်သံသတင်းဌာနတွင်မူ လေ့ကျင့်ပျံသန်းသည့် လေယာဥ်စက်ချို့ယွင်းမူ‌ကြောင့် ပျက်ကျခြင်းဖြစ်‌ကြောင်းကြေညာထားသည်။

May 5, 2026
အမိုး — စစ်ကိုင်းနဲ့ကချင်အစပ် အင်းတော်မြို့နယ်အတွင်းမှာရှိတဲ့ Star Link Wifi...
May 1, 2026
ကချင်ပြည်နယ်၊ မချမ်းဘော့မြို့နယ် အရှေဘက် အလန်ဂါးကျေးရွာအဝင်က...
April 30, 2026
စစ်ကိုင်းနဲ့ကချင်အစပ်က အမျိုးသားညီညွတ်ရေးအစိုးရ NUGသိမ်းပိုက်ထားတဲ့...
April 29, 2026
ဖားကန့်မှာ စစ်တပ်ဖမ်းဆီးသွားတဲ့ မိုင်(Mai) ဆေးရုံက ဆေးဆရာဝန်တစ်ချို့နဲ့ ဥရုဆွတ်အောင်တည်းခိုခန်းက...