မန်းရွှေစက်တော် ဘုရားပွဲတွင် လူငယ် ၃ ဦး ရေနစ်သေဆုံး

မန်းရွှေစက်တော် ဘုရားပွဲတွင် လူငယ် ၃ ဦး ရေနစ်သေဆုံး

မန်းရွှေစက်တော်ဘုရားပွဲတွင် မင်းဘူး (စကု)မြို့နယ် ချောင်းဖြူကျေးရွာမှ လူငယ် ၃ ဦး ရေနစ်သေဆုံးသွားသည်ဟု လူမှုကယ်ဆယ်ရေး ပရဟိ တအဖွဲ့တာဝန်ရှိသူများထံမှ သိရသည်။

ရေနစ်သေဆုံးသွားသူ လူငယ် ၃ ဦးမှာ မကွေးတိုင်း၊ မင်းဘူး (စကု) မြို့နယ်၊ ချောင်းဖြူကျေးရွာမှ လူငယ်များဖြစ် ကြသည့် မောင်ဝင်းထက်သူ အသက် (၁၉) နှစ်၊ မောင်ဇင်မင်းအောင် အသက် (၁၉) နှစ်နှင့် မောင်ဇင်ကိုဝင်း အသက် (၂၂) နှစ် တို့ကြကြောင်း သိရသည်။

အဖြစ်အပျက်မှာ ဖေဖော်ဝါရီလ ၁၂ ရက်နေ့ ပြည်ထောင်စုနေ့ နံနက်ပိုင်း ၁၁ နာရီခွဲ အချိန်ခန့်က ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု ပရဟိတ အဖွဲ့ဝင် တစ်ဦးက ပြောသည်။

“ရေနက်တဲ့ နေရာတွေမှာ ရေချိုးကြတာကိုလည်း ရှောင်ကျဉ်ကြပါ။ ရေစီးကြောင်းနဲ့ ရေစီးကြောက သန်နေ ပါက ရေချိုးတာကို ရှောင်ကျဉ်ကြစေလို ပါတယ်” ဟု ပရဟိတအဖွဲ့ဝင် တစ်ဦးက ပြောသည်။

ထိုမန်းရွှေစက်တော် ဘုရားပွဲတော်အပြင် ဓါတ်လှေကားတာဝါနှင့် စင်္ကြန်လျှောက်လမ်းဖွင့်ပွဲတို့ကို ဖေဖော်ဝါရီလ ၅ ရက်နေ့က စစ်ကောင်စီလက်အောက်ခံများဖြစ်ကြသည့် ဟော်တယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန၊ ပြည် ထောင်စုဝန်ကြီး အလယ်ပိုင်းတိုင်းစစ်ဌာချုပ်တိုင်းမှူး၊ မကွေးလေတပ်စခန်းဌာနချုပ်မှူး၊ အမှတ်(၉၀၅) အမြောက် စစ်ဆင်ရေးကွပ်ကွဲမှု ဌာနချုပ်မှူးနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့် နယ်စပ်ရေးရားဝန်ကြီးတို့နှင့် မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်တို့က ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။

စစ်ကောင်စီ လက်ထက်တွင် ကျင်းပသည့် မန်းရွှေစက်တော်ဘုရားပွဲတွင် စျေးသည်များ၏ လုံခြုံရေးကိုလည်း တာဝန်ရှိယူပေးသည့် အဖွဲ့အစည်းမရှိဟု စျေးသည်အချို့က ပြောသည်။

မန်းရွှေစက်တော်ဘုရားပွဲမှ ပြန်ကျ ဈေးသည် တစ်ဦး က “အနီးအနားက ရွာတွေကဘဲ ဈေးရောင်းလို့ရတယ်။ ဈေးသည်လည်း သိပ်မရှိပါဘူး။ ဘုရားလူကြီးတွေကလည်း ဈေးသည်တွေကို လာရောင်းချင်ရောင်း၊ မရောင်း ချင်နေ ကိုယ်ဖြစ် ကိုယ်ဘာသာခံ၊ ဘာမှ တာဝန်မယူဘူးလို့ ပြောပါတယ်” ဟု ပြောသည်။

စစ်ကောင်စီလက်ထက်တွင် ဘုရားပွဲကို နေချင်းပြန်ပဲ ဖူးခွင့်ရပြီး တည်ခိုဆောင်များ ရှိသော်လည်း ညအိပ်ခွင့် မပြုသလို ဈေးသည်များအားလည်း အများအပြား လာရောင်းခွင့်မပြုဘူးဟု မန်းရွှေစက်တော်ဘုရားပွဲမှ ပြန်ကျ ဈေးသည် တစ်ဦး က ပြောသည်။

May 5, 2026
စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့ကို ပြန်လည်ထိန်းချုပ်ခဲ့သည့် စစ်တပ်သည် အမျိုးသားညီညွတ်ရေး...
May 4, 2026
ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ (၆) နယ်မြေ၊ ဘုရားသုံးဆူမြို့အနီးရှိ မက္ကသာသတ္တုခဲမိုင်း...
May 1, 2026
တနင်္သာရီတွင် ရဟတ်ယာဉ်ကွင်းဆောက်ရန် ရွာသား ၁၅ ဦးပိုင် မြေနှင့်အိမ်များကို စစ်တပ်က...
April 30, 2026
စက်သုံးဆီရှားပါးမှုကြောင့် တနင်္သာရီတိုင်း အတွင်း ကမ်းနီး ငါးဖမ်းလုပ်ငန်းများ ရပ်နားရမည့်...