ဟိုပင်မြို့အရှေ့ဘက် စစ်ကောင်စီတပ် နှင့် KIA ၊ PDF တပ်တို့ တိုက်ပွဲဖြစ်ပွား

ဟိုပင်မြို့အရှေ့ဘက် စစ်ကောင်စီတပ် နှင့် KIA ၊ PDF တပ်တို့ တိုက်ပွဲဖြစ်ပွား
Photo;မိုးညှင်းမြို့နယ်မှ KIA စစ်သားများ
Photo;မိုးညှင်းမြို့နယ်မှ KIA စစ်သားများ

မိုးညှင်းခရိုင် ဟိုပင်မြို့နယ် နမ်ဂျွမ့်ကျေးရွာ (Nam Jun Mare)အနီးတွင် စစ်အင်အားတိုးချဲ့လာသည့် စစ်ကောင်စီတပ်ဖွဲ့ကို ကချင်လွတ်လပ်ရေးတပ်မတော် KIA နှင့် PDF ပူးပေါင်းတပ်တို့က ကြားဖြတ်ဝင်ရောက်တိုက်ခိုက်ခဲ့သောကြောင့် ယနေ့နံနက် ၁၁နာရီဝန်းကျင်မှစကာ တိုက်ပွဲပြင်းထန်နေကြောင်းသိရသည်။

ယနေ့နံနက် ၇နာရီခန့်အချိန်မှ ဟိုပင်မြို့အခြေစိုက် ခလရ ၄၀ စစ်အင်အား ၂၀၀ ဝန်းကျင်ခန့်က KIA တပ်မဟာ ၈ လက်အောက်တပ်ရင်း ၄၁ နယ်မြေတွင် စစ်ကြောင်း ၂ခုဖြင့် ဝင်ရောက်ထိုးစစ်ဆင်လာသောကြောင့် နမ်ဂျွမ်ကျေးရွာအနီး စံပယ်တောင်ခြေအောက်တွင် တိုက်ပွဲ ဖြစ်ပွားခဲ့သည်ဟု ရှေ့တန်း KIA သတင်းအရင်းမြစ်တစ်ဦးထံမှ သိရသည်။

“တိုက်ပွဲဖြစ်တာက ၁ နာရီဝန်းကျင်ရှိလာပြီ။ စစ်ကောင်စီဘက်က KIA ရှိတဲ့ဘက်ကို ထိုးစစ်ဆင်လာလို့ PDF ၂ဖွဲ့ နှင့် KIA က တောင်ခြေနားမှာ ဝင်တိုက်တယ်။ နားလိုက်ပစ်တိုက်လိုက်နဲ့ ဖြစ်နေတယ်။ သူတို့ဘက်က ဆက်ထိုးလာရင် တိုက်ပွဲက ဒီထက်ပိုကြီးလာနိုင်တယ်။ အခုက ထိခိုက်မှုတွေက အသေးစိတ်မသိနိုင်သေးဘူး”ဟုပြောဆိုသည်။

လက်ရှိတိုက်ပွဲဖြစ်ပွားနေသည့်နေရာမှာ ဟိုပင်မြို့၏ အရှေ့ဘက်ခြမ်း ၃မိုင်ခန့်ဝေးသည့်နေရာတွင်ဖြစ်ပြီး တိုက်ပွဲတွင် ဟိုပင် PDF အပါအဝင် နန့်မား PDF အဖွဲ့လည်း ပူးပေါင်းတိုက်ခိုက်နေကြောင်းသိရသည်။

ပြီးခဲ့သော ဖေဖော်ဝါရီလ ၃ရက်နေ့ နံနက်ပိုင်းက မိုးညှင်းမြို့နယ် မော်ဟန်ကျေးရွာရှိ စစ်ကောင်စီတပ်၏ ရဲစခန်းကို KIA နှင့် PDF အဖွဲ့က သွားရောက်တိုက်ခိုက်ခဲ့သောကြောင့် စစ်ကောင်စီဘက်မှ ရဲအရာရှိတစ်ဦးနှင့် စစ်ဗိုလ်တစ်ဦး ၂ဦး သေဆုံးခဲ့ပြီး ၃ဦးထက်မနည်းထိခိုက်ရခဲ့ကြောင်းသိရသည်။

ထို့နောက် ဇန်နဝါရီလ ၂၈ရက်နေ့တွင်လည်း စစ်ကိုင်းတိုင်းဘက်မှ ကချင်ပြည်နယ်အတွင်းသို့ စစ်ရိက္ခာသယ်လာသည့် စစ်ကောင်စီတပ်၏ စစ်ယာဉ်တန်း ၅၀စီးခန့်ကိုလည်း ဟိုပင်မြို့ထွက် ၅မိုင်နှင့်ကြာကြီးကွင်း ကြားရှိ တံတားအနီးတွင် KIA နှင့် PDF အဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

May 5, 2026
အမိုး — စစ်ကိုင်းနဲ့ကချင်အစပ် အင်းတော်မြို့နယ်အတွင်းမှာရှိတဲ့ Star Link Wifi...
May 1, 2026
ကချင်ပြည်နယ်၊ မချမ်းဘော့မြို့နယ် အရှေဘက် အလန်ဂါးကျေးရွာအဝင်က...
April 30, 2026
စစ်ကိုင်းနဲ့ကချင်အစပ်က အမျိုးသားညီညွတ်ရေးအစိုးရ NUGသိမ်းပိုက်ထားတဲ့...
April 29, 2026
ဖားကန့်မှာ စစ်တပ်ဖမ်းဆီးသွားတဲ့ မိုင်(Mai) ဆေးရုံက ဆေးဆရာဝန်တစ်ချို့နဲ့ ဥရုဆွတ်အောင်တည်းခိုခန်းက...