ပြည်ထောင်စု မြန်မာနိုင်ငံ ရွှေကျင်ဂိုဏ်း အနုနာယက ကျိုင်းတုံမြို့ ဓမ္မောဒယ မိုးနဲကျောင်းတိုက် ဆရာတော် ခန္ဓာချုပ်ငြိမ်း

ပြည်ထောင်စု မြန်မာနိုင်ငံ ရွှေကျင်ဂိုဏ်း အနုနာယက ကျိုင်းတုံမြို့ ဓမ္မောဒယ မိုးနဲကျောင်းတိုက် ဆရာတော် ခန္ဓာချုပ်ငြိမ်း
by -
သျှမ်းသံတောဆင့်
ပြည်ထောင်စု မြန်မာနိုင်ငံ ရွှေကျင်ဂိုဏ်း အနုနာယက ၊ သျှမ်းပြည်နယ်လုံးဆိုင်ရာ သံဃာ့ မဟာနာယက၊ သျှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံမြို့နယ် သံဃာ့နာယက ဆရာတော် ဘဒ္ဒန္တအာဇေယျ အဘိဓဇ သာသန ကရဓမ္မရာဇဂုရု သာသနဓ္ဇဇသီရီပဝရ ဓမ္မစရိယ အဂ္ဂမဟာပဏ္ဌိတ၊ ကျိုင်းတုံမြို့ ပဓာနနာယက ဓမ္မောဒယ ပရိယတ္တိစာတင်တိုက် (မိုးနဲကျောင်းတိုက်) ဆရာတော်သည် ယနေ့ ညနေပိုင်းတွင် ပျံလွန်တော်မူ သည်ဟု သိရှိရသည်။

၂၀၁၇ ဂျူလိုင် ၁၁ ရက် ညနေ ရ နာရီအချိန် ပျံလွန်တော်မူသည့် သက်တော် ၉၀ ၊ ဝါတော် ရ၀ ရှိ ဘဒ္ဒန္တအာဇေယျသည် သက်ကြီးရောဂါကြောင့် ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းရိုင်း ဆေးရုံကြီးသို့ အကြိမ်ကြိမ် ပင့်ဆောင်ကုသကြောင်း၊ သက်တော်ကြီးရင့်လာမှုကြောင့် ခံစားနေရသည့် ဝေဒနာမသက်သာဘဲ ချင်းရိုင်းမြို့မှ သျှမ်းပြည် အရှေ့ပိုင်း ကျိုင်းတုံမြို့သို့ ပြန်လည်ပင့်ဆောင်ကာ ゞင်းကျိမ်းဝတ်သည့် မိုးနဲ ကျောင်းတိုက်အရောက်တွင် ခန္ဓာချုပ်ငြိမ်းသွားခြင်းဖြစ်ကြောင်း ဆရာတော်၏ တပည့်ဒါယိကာ တဦးဖြစ်သည့် ဆရာစိုင်းပင်ခမ်းက သျှမ်းသံတော်ဆင့်သို့ ဤကဲ့သို့ ပြောသည်။

“ဆရာတော်ဘုရားကြီးက သက်ကြီးရောဂါ ပါဘဲ၊ ချင်းရိုင်းမှာ ဆေးလာစစ်တော့ အဆုတ် တခြမ်းမ ကောင်းဘူးပြောတယ်။ ချွဲတွေ တအားထတယ်။ အသက်ရှူ ခက်ခက်လာလို့ ဒီကနေ့ ကျိုင်းတုံ ကို ပြန်ပင့်တာ။ ဒီနေ့ ဘဲ ရောက်တယ်။ ဒီနေ့ ဘဲ ပျံလွန်သွားတာ။ ဒီခရီးက ဘယ်သူမှ မလွန်ဆန်နိုင်ဘူး လေ။ အဓိက ကတော့ ဆရာတော်ဘုရားလမ်းပြထားတဲ့ အတိုင်း ကျန်ရှိတပည့်တပမ်းတွေ လိုက်လျှောက်ဖို့ဘဲ” – ဟု ဆရာ စိုင်းပင်ခမ်း ကပြောသည်။

6.Sao Thammorthiya Passaway

ဘဒ္ဒန္တအာဇေယျ ခေါ် မိုးနဲကျောင်းတိုက် ဆရာတော်သည် ၁၂၈၉ ခု ၊ တန်ဆောင်မုန်းလပြည့်ကျော် ၁ ရက်နေ့တွင် ဖွားမြင်သည်။ ဖခမည်းတော် စိုင်းဆန်ဆု၊ မယ်တော် နန်းမို တို့၏ မွေးချင်း ၄ ဦး အနက်သားထွေးဖြစ်သည်။ ငယ်နာမည်မှာ စိုင်းကမ်ဖြစ်သည်။ အသက် ၁၀ နှစ်အရွယ်တွင် ဝတ့်ဖရကျောဝ် ကျောင်းတိုက်၌ သာမဏေ ဝတ်ပြီး သက်တော် ၁၈ နှစ် ကိုယ်ရင်ဘဝ တွင်ပင် မိုးနဲကျောင်းထိုင် ဆရာတော် အဖြစ် ဒါယိကာများက ဆက်ကပ်အပ်နှင်းတော်မူသည်။

၁၃၁၁ ခု ၁၃၁၈ ခု အထိ လောကုတ္တရာစာပေအားဆည်းပူးကာ ညောင်ရွှေမြို့ ကန်ကြီးကျောင်းတိုက်၌ ဓမ္မစရိယ အောင်တော်မူသည်။ သာသနာနှစ် ၂၅၀ဝ ပြည့် တွင် ကျိုင်းတုံမြို့ မိုးနဲကျောင်းတိုက်အား ဓမ္မောဒယ စာသင်တိုက် အဖြစ်ဦးဆောင်ဖွင့်လှစ်ကာ ပရိယတ္တိ စာပေပြန့်ပွားရေးအတွက် နှစ်ပေါင်း ၅၀ ကျော် စာချတော်မူသည်။ သက်ကြီးရောဂါကြောင့် အရေးပေါ် ဆေးဝါး ဆက်ကပ်လှူဒါန်းနိုင်ရန် တြိဂံ တိုင်း စစ်ဌာနချုပ် တပ်ဆရာဝန်ကြီးများ သမားတော်ကြီးများက အနီးကပ်ပြုစုပေးသည်ဟုသိရသည်။

ဝါတွင်းဖြစ်သည့်အားလျော်စွာ မန္တလေးမြို့ ရွှေကျင်ဂိုဏ်းချုပ် ခွင့်ပြုချက်ဖြင့် ဝိနည်းတော်အတိုင်း ကြွင်းကျန်ရုပ်အလောင်းအား မီးသင်္ဂ࿿ြိုဟ်မည်ဖြစ်သည့်အတွက် အရက်အတိအကျ သတ်မှတ်ကြေငြာပေးသွားမည်ဟု တပည့်တပန်း ဆရာတော်ဘုရားများက မိန့်ကြားတော်မူသည်။

May 27, 2026
သျှမ်းပြည်တောင်ပိုင်း ပင်းတယမြို့နယ် ရွာငံမြို့နယ် အောင်ပန်းမြို့နှင့် ပင်လောင်းဒေသဘက်များတွင်...
May 26, 2026
သျှမ်းပြည်၊ရွာငံမြို့နယ်တွင် စစ်ကော်မရှင်တပ်က ကျေးရွာလမ်းမများနှင့် စစ်ဆေးရေးဂိတ်များတွင်...
May 23, 2026
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့...
May 23, 2026
သျှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့နယ် နောင်ပီရွာတွင် တောင်ကျရေကြောင့် စိုက်ခင်းများ...