ကသာ ချောင်းဝကျေးရွာသို့ ချီတက်လာသော စစ်ကောင်စီတပ် တိုက်ခိုက်ခံရသဖြင့် ဒဏ်ရာရလူနာများကို ရေလမ်းဖြင့်သယ်ဆောင်

ကသာ ချောင်းဝကျေးရွာသို့ ချီတက်လာသော စစ်ကောင်စီတပ် တိုက်ခိုက်ခံရသဖြင့် ဒဏ်ရာရလူနာများကို ရေလမ်းဖြင့်သယ်ဆောင်
ပုံ/ မြို့လှ PDF တပ်ဖွဲ့ဝင်များဖြစ်သည်။
ပုံ/ မြို့လှ PDF တပ်ဖွဲ့ဝင်များဖြစ်သည်။

စစ်ကိုင်းတိုင်း ကသာမြို့နယ် ချောင်းဝရွာအနီးသို့ ခြေလျင်ဖြင့် စစ်ကြောင်းထိုးလာသော စစ်ကောင်စီ တပ်ဖွဲ့ကို ယမန်နေ့ ညနေ ၅ နာရီခန့်တွင် မြို့လှ PDF မှ ခြုံခိုတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဘက်မှ သေဆုံးသူနှင့် ဒဏ်ရာရရှိသူများရှိခဲ့ကြောင်း သိရသည်။

ယင်းဒဏ်ရာရရှိသူများအား ယနေ့နံနက် ၅နာရီဝန်းကျင် ‌ချောင်းဝရွာရေဆိပ်မှ မော်တော်ယာဉ်နှစ်စီးဖြင့် သယ်ဆောင်သွားကြောင်း မြို့လှ PDF နှင့် နီးစပ်သူတစ်ဦးက KNG ကို ယခုလိုပြောသည်။

“သူ့လူအချင်းချင်း အချက်ပေးအသံပြုနေတာ ကျွန်တော်တို့အဖွဲ့ကကြားတော့ အခြေနေသွားကြည့်တယ်။ သူတို့ အစုလိုက်ကြီးအနားယူနေတာ အဲ့တာနဲ့ လက်ထောက် ၂ လုံးပစ်သွင်းလိုက်တယ်။ ဘယ်နှစ်ယောက်ထိလဲ‌တော့ တိတိကျကျမပြောနိုင်ဘူး လူအုပ်ထဲပစ်ထဲ့လိုက်တာ ဒီနေ့မနက်ရောက်တော့ အရေးကြီးလူနာဆိုပြီး မော်တော် ၂ စီးခေါ်ယူတယ်။ ဒဏ်ရာရတဲ့ထဲမှာ စစ်ကြောင်းမှူး ပါလောက်မယ်ထင်တယ်” ဟု Myo Hla PDF တပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးက ပြောသည်။

အဆိုပါ စစ်ကောင်စီတပ်သည် ဖေဖော်ဝါရီလ ၆ ရက် နံနက် ၉ နာရီဝန်းကျင် ကသာမြို့နယ် နမ့်စမ်းရွာအနီးတွင် ပြည်သူ့ကာကွယ်ရေး တပ်ပေါင်းစုများနှင့် အချိန် ၃ နာရီခန့်ကြာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး‌နောက် မှတ်တိုင်ရွာမှတဆင့် ချောင်းဝရွာဖက်သို့ ဆုတ်ခွာသွားခဲ့ကြသည့် စစ်ကြောင်းဖြစ်သည်ဟု မြို့လှ PDF က ပြောသည်။

ယခုနှစ်ဆန်း ဇန်နဝါရီလမှစကာ ကသာနယ်အတွင်း စစ်ကောင်စီတပ်နှင့် ဒေသခံကာကွယ်ရေးပူးပေါင်းတပ်တို့အကြား တိုက်ပွဲ မကြာခနဆိုသလို ဖြစ်ပွားလျှက်ရှိနေပြီး ဖေဖော်ဝါရီလ ၈ရက်နေ့ထိ တိုက်ပွဲအကြိမ်ရေ ၁၀ ကြိမ်ထက်မနည်း ရှိလာပြီဖြစ်သည်။

ဓါတ်ပုံ – (SNA) က ပိတ်ထားသည့် ဖားကန့်–ဟုမ္မလင်း ရေကြောင်းလမ်း အခြေအနေ။
September 10, 2026
ရှမ်းနီအမျိုးသားများတပ်မတော် (SNA) က ပိတ်ထားသည့် ဖားကန့် - ဟုမ္မလင်း ရေကြောင်းလမ်းကို အမြန်ဆုံး...
September 10, 2026
ကချင်ပြည်၊ ရွှေကူမြို့တွင် ကမ်းကပ်ထားသည့် စစ်အုပ်စုတပ်၏ ဒုတိယအကြိမ် ဧရာဝတီရေကြောင်း စစ်ကြောင်းမှ...
မြေမြှုပ်မိုင်းပုံ / Crd
September 8, 2026
ကချင်ပြည်၊ ဝိုင်းမော်မြို့နယ်အတွင်း မြေမြှုပ်မိုင်းများကြောင့် အရပ်သား ထိခိုက်သေဆုံးသူ ၅ ဦးအထိ...
September 8, 2026
မန္တလေးဘက်ကနေ ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာသည့် စစ်အုပ်စုတပ် ရေယာဉ်အုပ်စုပါ ဖလပ်သံ ခွန် ၂၈...