ပူတာအိုမှာ ဓ့ါတ်ဆီတစ်ဂါလံ ကျပ်တစ်သောင်း အထိမြင့်တက်

ပူတာအိုမှာ ဓ့ါတ်ဆီတစ်ဂါလံ ကျပ်တစ်သောင်း အထိမြင့်တက်

ကချင်ပြည်နယ် ပူတာအိုမြို့တွင်  ဖေဖော်ဝါရီလ ၇ ရက်နေ့ ညပိုင်းမှ စတင်ကာ ဓာတ်ဆီတစ်ဂါလံ ကျပ်တစ်သောင်းနှုန်းအထိ မြင့်တက်နေပြီဖြစ်ကြောင်း သိရသည်။

အောက်တိန်းဓါတ်ဆီ ၉၂ တစ်လီတာ ၂၅၀၀၊ ၉၅ တစ်လီတာ ၂၁၀၀ နှုန်းဖြင့် ၉၂ တစ်ဂါလံ ၁၀၀၀၀ ကျပ်နှင့် ၉၅ တစ်ဂါလံ ၉၀၀၀ ကျပ်အထိ စျေးမြင့်တက်နေကြောင်း ပူတာအိုဒေသခံတစ်ဦးက ဆိုသည်။

”ဒီနေ့ပဲ ချက်ချင်းကြီးစျေးတက်သွားတယ် မနေ့ကတော့။ ဆီတွေထပ်ရောက်လာဖို့ မရှိတာကြောင့် စျေးတက်တာတဲ့ဆီလက် ကျန်ပဲရောင်းနေတာတဲ့ ဒီပူတာအိုမြို့ထဲမှာက တိုင်းကျော်၊ ဇေယျာမင်း ၊ Prtro 7 အဲ့သုံးဆိုင်ပဲရှိတာ ဇေယျာမင်းကတော့ ဆီလက်ကျန်နည်းနေတယ်ဆိုပြီး ဆိုင်ပိတ်ထားတယ်။ အချိန်ပိုင်း အဲ့ကြောင့် ပြည်သူတွေက အခုဆီတွေအလုအယက်ပြေးဝယ်နေကြတယ်။ ပုံးဝါတွေနဲ့ လေးငါးပုံထိဝယ်ထားတဲ့လူရှိတယ် ကျနော်လည်းနှစ်ပုံသွားဝယ်ရတယ်။ လူကတော့အလုအယက်ပဲဝယ်နေကြတယ်” ဟု ပူတာအိုမြို့ ကောင်ကထောင် ရပ်ကွက်နေသူက ပြောသည်။

ယခုရက်ပိုင်းတွင် ပူတာအို-ဆွမ်ပရာဘွမ် -မြစ်ကြီးနားလမ်းပိုင်း၌ စစ်ကောင်စီတပ်နှင့် KIA ၊ PDF တို့အကြား တိုက်ပွဲမကြာခဏဖြစ်ပွားလျက်ရှိနေသောကြောင့် လမ်းပန်းဆက်သွယ်ရေး ခက်ခဲနေသဖြင့် ကုန်စျေးတက်နေခြင်းဖြစ်ကြောင်း ပူတာအိုမှ စက်သုံးဆီအရောင်းဆိုင်နှင့် ရင်းနှီးသူတစ်ဦးက ဆိုသည်။

”ပူတာအိုလမ်းက ပိတ်တောတော့ မပိတ်ပါဘူး။ ခုလောဆယ်ကတော့ သွားလာနေတာပဲ ဒါပေမယ့် လမ်းပိတ်မယ်ဆိုတဲ့သတင်းက ထွက်နေတာ ၂၀ ရက်နေ့အထိ ဆီကားတွေပိတ်မယ်လို့ကြားတယ်။ ပြီးတော့ အခုရက်ပိုင်းက တိုက်ပွဲတွေဖြစ်နေတော့ ဆီကားတွေလည်း ထပ်မရောက်ဘူးတဲ့။ အဲကြောင့် ဆီစျးတက်တာလို့သိရတယ်။”ဟု စက်သုံးဆီအရောင်းဆိုင်နှင့် ရင်းနှီးသူတစ်ဦးကပြောသည်။

ပူတာအိုခရိုင်တွင် ယခုကဲ့သို့ ဆီစျေးမြင့်တက်လာမှုနှင့်အတူ အခြားကုန်စျေးနှုန်းများလည်း မြင့် တက်သွားမည်ကို အထူးစိုးရိမ်ကြောင်း ဒေသခံများက ဆိုသည်။

ပူတာအိုတွင် ဖေဖော်ဝါရီလ ၆ ရက်နေ့အထိ တစ်လနီးပါး ၉၂ တစ်ဂါလံ ၈၀၀၀ ကျပ်နှင့် ၉၅ တစ်ဂါလံ ၇၀၀၀ အထိစျေးရှိရာမှ ယခုအခါ စျေးတက်သွားခြင်းဖြစ်သည်။

ဓါတ်ပုံ – (SNA) က ပိတ်ထားသည့် ဖားကန့်–ဟုမ္မလင်း ရေကြောင်းလမ်း အခြေအနေ။
September 10, 2026
ရှမ်းနီအမျိုးသားများတပ်မတော် (SNA) က ပိတ်ထားသည့် ဖားကန့် - ဟုမ္မလင်း ရေကြောင်းလမ်းကို အမြန်ဆုံး...
September 10, 2026
ကချင်ပြည်၊ ရွှေကူမြို့တွင် ကမ်းကပ်ထားသည့် စစ်အုပ်စုတပ်၏ ဒုတိယအကြိမ် ဧရာဝတီရေကြောင်း စစ်ကြောင်းမှ...
မြေမြှုပ်မိုင်းပုံ / Crd
September 8, 2026
ကချင်ပြည်၊ ဝိုင်းမော်မြို့နယ်အတွင်း မြေမြှုပ်မိုင်းများကြောင့် အရပ်သား ထိခိုက်သေဆုံးသူ ၅ ဦးအထိ...
September 8, 2026
မန္တလေးဘက်ကနေ ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာသည့် စစ်အုပ်စုတပ် ရေယာဉ်အုပ်စုပါ ဖလပ်သံ ခွန် ၂၈...