စီးပွားရေးကြပ်တည်းမှုထဲ ထပ်မံတွန်းပို့မဲ့ ဆိုက်ဘာဥပဒေမူကြမ်း

စီးပွားရေးကြပ်တည်းမှုထဲ ထပ်မံတွန်းပို့မဲ့ ဆိုက်ဘာဥပဒေမူကြမ်း
မြန်မာ့ဆိုရှယ်မီဒီယာပလက်ဖောင်းများကို ပိတ်ပင်တားမြစ်ပြီး အင်တာနက် privacy ထိခိုက်စေသောဥပဒေအားပြန်လည်အသက်သွင်း
မြန်မာ့ဆိုရှယ်မီဒီယာပလက်ဖောင်းများကို ပိတ်ပင်တားမြစ်ပြီး အင်တာနက် privacy ထိခိုက်စေသောဥပဒေအားပြန်လည်အသက်သွင်း

ရန် စစ်ကောင်စီကကြိုးပမ်းလျက်ရှိနေေသာကြောင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများနှင့် စီးပွားရေးလုပ်ငန်းရှင်များက ဝေဖန်လျက်ရှိနေသည်။

လူသိရှင်ကြားထုတ်ပြန်ထားခြင်းမရှိသော်လည်း Asia Times သို့ပေါက်ကြားလာသော တရားဝင်စာရွက်စာတမ်းတစ်ခုအရ Virtual Private Network (VPNs) ကို ရာဇဝတ်မှုဖြစ်စေသည့် ဆိုက်ဘာလုံခြုံရေးဥပဒေမူကြမ်းကိုအဆိုပြုကာ အွန်လိုင်းလောင်းကစားနှင့် Data localization လုပ်ပိုင်ခွင့်ကိုလည်း တားမြစ်ထားသည်။

၎င်းဥပဒေမူကြမ်းတွင် ခွင့်ပြုချက်မရှိဘဲ VPN အသုံးပြုခြင်းနှင့် အွန်လိုင်းလောင်းကစားများအတွက် ပြစ်ဒဏ်အဖြစ် ဒဏ်ငွေ သိန်း၅၀ (အမေရိကန်ဒေါ်လာ ၂၈၀၀) နှင့် ထောင်ဒဏ် ၃ နှစ် သို့မဟုတ် ပြစ်ဒဏ်နှစ်ရပ်စလုံးကျခံစေရန်ပါဝင်သည်။

အမည်၊ အင်တာနက် နှင့် လိပ်စာအပါအဝင် ကိုယ်ရေးကိုယ်တာအချက်အလက်၊ ID နံပတ် စသည်များကို အသုံးပြုသည့်နေ့မှစပြီး သုံးနှစ်ကြာသည်အထိသိမ်းဆည်းထားမည်ဖြစ်ပြီး လိုအပ်ချက်အရ စစ်တပ်အာဏာပိုင်များထံသို့ ပေးပို့ရမည်ဖြစ်သည်။

“စစ်တပ်ရဲ့ ဆိုက်ဘာလုံခြုံရေးဥပဒေမူကြမ်းသစ်က အရင်ရှိပြီးသားမူကြမ်းတွေရဲ့ ဖိနှိပ်ချုပ်ချယ်မှုပြဋ္ဌာန်းချက်ေတွကို ထပ်ခါထပ်ခါဖြည့်စွက်နေတဲ့အတွက် မြန်မာနိုင်ငံရဲ့ဒစ်ဂျစ်တယ်လ်လုံခြုံရေးဆိုင်ရာကို ပြင်းပြင်းထန်ထန်ခြိမ်းခြောက်နေပါတယ်” ဟု Free Expression Myanmar (FEM) ၏ လူ့အခွင့်အရေးအဖွဲ့ ဥပဒေရေးရာလေ့လာသုံးသပ်ချက်တွင်ေဖာ်ပြထားသည်။

အဆိုပြုချက်အသစ်၏ ဆဋ္ဌမမြောက်တွင် စစ်တပ်ကဖျက်ပစ်နိုင်သော “လူတစ်ဦးချင်းဆီ၏ လူမှုဘဝရပ်တည်မှုနှင့် အသက်မွေးဝမ်းကြောင်းမှုကိုထိခိုက်ပျက်စီးစေသောစကားရပ်များ” ပုဒ်မ ၃၅ (စ) ကိုရည်ညွှန်းပြီး မရေရာသောအသုံးအနှုန်းများဖြင့်သုံးနှုန်းထားကြောင်းကိုလည်း FEM ကပြောသည်။

ဘာသာစကားအရမရေရာမှုတွေရှိသော်လည်း ဆိုလိုရင်းကတော့ အာဏာသိမ်းခေါင်းဆောင်မင်းအောင်လှိုင်ကိုဝေဖန်ခြင်းက ရာဇဝတ်မှုမြောက်သည်ဟုဆိုနိုင်သည်။ ဒစ်ဂျစ်တယ်လ်အဝှမ်းကို ဖြိုခွင်းမှုများနှင့်ပတ်သက်ပြီး စစ်တပ်၏မှတ်တမ်းများကရှိပြီးဖြစ်သောကြောင့် သိပ်တော့ အံ့သြစရာမဟုတ်ပေ။

” သတင်းရယူခွင့်က အခြေခံလူ့အခွင့်အရေးတစ်ရပ်ပဲ။ အာဏာသိမ်းပြီးကတည်းက မြန်မာစစ်တပ်ဟာ လွတ်လပ်စွာပြောဆိုခွင့် ၊ စုဝေးခွင့် နဲ့ အခြေခံလူ့အခွင့်အရေးတွေကို ကန့်သတ်ချုပ်ချယ်ဖို့ ဒါမှမဟုတ် ရာဇဝတ်မှုမြောက်ကြောင်းဖော်ပြဖို့ ဥပဒေအများအပြားကို စနစ်တကျပြင်ဆင်ပြီး မြန်မာ့ဒီမိုကရေစီအဖွဲ့အစည်းတွေကိုချုပ်ကိုင်ဖို့ ကြိုးစားနေတယ်” ဟု ရန်ကုန်မြို့ရှိ အနောက်တိုင်းသံတမန်တစ်ဦးက Asia Times သို့ပြောသည်။

Facebook ကို VPN မပါဘဲအသုံးပြုခွင့်မရအောင် ပိတ်ပင်ထားခဲ့မှုကြောင့် လုပ်ငန်းလည်ပတ်မှုထိခိုက်လာမည်ကို စီးပွားရေးလုပ်ငန်းရှင်များကြား စိုးရိမ်မှုဖြစ်ပေါ်စေခဲ့သည်။

” သူတို့ ( မြန်မာဗိုလ်ချုပ်) တွေက မြန်မာနိုင်ငံကို မြောက်ကိုရီးယားလိုဖြစ်အောင် ပြောင်းလဲချင်နေကြတယ်” ဟု စီးပွားရေးမြို့တော်မှာနေသော နိုင်ငံခြားကော်ပိုရေးရှင်းအမှုဆောင်တစ်ဦးက Asia Times သို့ပြောသည်။

ပြည်ထောင်စုမြန်မာနိုင်ငံ ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) သည် စစ်တပ်လိုလားသူများဖြစ်ကြသည်ဟု ကျယ်ကျယ်ပြန့်ပြန့်ရှုမြင်ခံထားရသည်။ သို့သော် မြန်မာစစ်တပ်ကတော့ ၎င်းထိပ်တန်းစီးပွားရေးလုပ်ငန်းရှင်များကိုပင် ကျောခိုင်းနေပြီဖြစ်သည်။

UMFCCI မှထုတ်ပြန်သောကြေညာချက်တွင် ဒစ်ဂျစ်တယ်လ်စီးပွားရေးစနစ် ဖွံ့ဖြိုးတိုးတက်ရေးနှင့်ခိုင်မာအားကောင်းရေးက လက်ရှိစီးပွားရေးပတ်ဝန်းကျင်တွင် အရေးအကြီးဆုံးဖြစ်ကြောင်း ၊ ပြည်တွင်းမှာသာမကပြည်ပစီးပွားရေးများတွင်ပါအရေးပါသောအစိတ်အပိုင်းတစ်ခုဖြစ်လာသည့်အတွက် ကမ္ဘာ့စီးပွားရေးအခင်းအကျင်းနှင့်ပတ်သက်ပြီး VPN ဆိုင်ရာကန့်သတ်ချက်များကိုဖယ်ရှားပေးရန် သို့မဟုတ် ပြန်လည်စဉ်းစားပေးရန် အစိုးရသို့UMFCCI မှတိုက်တွန်းလိုကြောင်းဖြင့် ဖော်ပြထားသည်။

နိုင်ငံတကာစီးပွားရေးအုပ်စု ၁၀ စုကတော့ အဆိုပြုချက်ကိုကန့်ကွက်ထားလေသည်။ သောကြာနေ့ကထုတ်ပြန်ခဲ့သော ပူးတွဲထုတ်ပြန်ချက်အရ အမေရိကန် ၊ သြစတြေးလျ ၊ ဗြိတိန် ၊ ဥရောပ ၊ ပြင်သစ် ၊ ဂျာမန် ၊ ဂရိ ၊ အီတလီ ၊ အမေရိကန်အိုင်စီတီ နှင့် အာရှအင်တာနက်ညွှန့်ပေါင်းအဖွဲ့တို့က အဆိုပြုချက်နှင့်ပတ်သက်ပြီး မြန်မာနိုင်ငံအတွက် အလွန်အမင်းစိုးရိမ်ပူပန်ကြောင်းဖော်ပြထားပြီး အဆိုပါဥပဒေမူကြမ်းက “သတင်းအချက်အလက်လွတ်လပ်စွာစီးဆင်းမှုကို အနှောင့်အယှက်ဖြစ်စေပြီး မြန်မာနိုင်ငံတွင် တရားဝင်ထိထိရောက်ရောက်လည်ပတ်နိုင်မည့် စီးပွားရေးလုပ်ငန်းများ၏ စွမ်းရည်များကို တိုက်ရိုက်အကျိုးသက်ရောက်စေသည်”ဟု ပါရှိသည်။

ဆက်လက်ပြီး VPN များသည် စီးပွားရေးလုပ်ငန်းများနှင့်ပတ်သက်ပြီး ဆိုက်ဘာနှင့်ဘဏ္ဍာရေးဆိုင်ရာရာဇဝတ်မှုများမှ ကာကွယ်ပေးသည့် တရားဝင်လုံခြုံရေးဆိုင်ရာကိရိယာတစ်ခုဖြစ်ပြီး ဒစ်ဂျစ်တယ်လ်စီးပွားရေးလုပ်ငန်းများကိုပံ့ပိုးပေးရန်အတွက် လုံခြုံမှုကိုစွမ်းဆောင်ပေးသည် ဟုဖော်ပြထားသည်။ နိုင်ငံတကာစီးပွားရေးလုပ်ငန်းများ အထူးသဖြင့်မြန်မာနိုင်ငံပြင်ပရှိကော်ပိုရိတ်ဖိုင်များနှင့် အီးမေးလ်ဆာဗာများကို ဝင်ရောက်ကြည့်ရှုသည့်အခါ ထိထိရောက်ရောက်နှင့်လုံလုံခြုံခြုံလုပ်ဆောင်နိုင်ဖို့က VPN သုံးစွဲမှုပေါ်တွင်မူတည်လေသည်။

သတင်းအချက်အလက် ၊ နည်းပညာနှင့်ဝန်ဆောင်မှုလက်လှမ်းမီမှုများက လုပ်ငန်းလည်ပတ်မှုနှင့် သန်စွမ်းသောအမျိုးသားဒစ်ဂျစ်တယ်လ်စီးပွားရေးအတွက် မရှိမဖြစ်လိုအပ်သည်ဟု ကုန်သည်ကြီးများကဆိုလေသည်။

တင်းကြပ်ခံရမှုများတွင် လူ့အခွင့်အရေးအဖွဲ့များလည်းပါဝင်လေသည်။ အွန်လိုင်းလွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ကို ဒီဥပဒေမူကြမ်းက အကုန်ဖျက်ဆီးလိုက်မှာဖြစ်ပြီး မြန်မာပြည်သူတွေကို အမှောင်ထဲမှာထားလိမ့်မယ် ဟု Human Rights Group ၏ အာရှရေးရာလက်ထောက်ဒါရိုက်တာ Phil Robertson ကပြောသည်။ အင်တာနက်ဆက်သွယ်ရေးကိုဖြတ်တောက်ထားရင် သူတို့နိုင်မယ်လို့စစ်တပ်ကယူဆထားပေမယ့် တကယ်တမ် းဒီဥပဒေကိုအတည်ပြုလိုက်ရင်ဖြစ်လာမယ့် စီးပွားရေးလုပ်ငန်းနဲ့ပတ်သက်ပြီး လုံးဝလျှော့တွက်ထားတယ်။

ဆန့်ကျင်ကန့်ကွက်မှုများရှိနေသာ်ငြား ယခုတစ်ကြိမ်မှာတော့ စစ်တပ်ကအဆိုပါဥပဒေကို ပြဋ္ဌာန်းနိုင်လိမ့်မည့်ပုံပေါ်သည်။ သို့သော် ထိုသို့လုပ်ဆောင်လိုက်ခြင်းဖြင့် စစ်တပ်နှင့်စီးပွားရေးလုပ်ငန်းရှင်များကြား ကြီးထွားလာနေသောအကွဲအပြဲကို ပိုမိုနက်ရှိုင်းစေမည်ဖြစ်ပြီး အဓိကအားဖြင့် ရင်းနှီးမြှုပ်နှံသူများကိုဆွဲဆောင်ရန် စစ်တပ်၏ကြိုးပမ်းမှုများကို အချည်းနှီးဖြစ်စေပေလိမ့်မည်။

မကြာသေးမီကပင် စီးပွားရေးလုပ်ငန်းအဖွဲ့အစည်းအချို့က မြန်မာစစ်တပ်ကိုတရားဝင်ဖြစ်အောင်ပြုလုပ်ပေးနေသည်ဟူသော စွပ်စွဲချက်တချို့ထွက်ပေါ်ခဲ့ပြီးနောက်ပိုင်း အဆိုပါဥပဒေမူကြမ်းက သူတို့အပေါ်အားပေးထောက်ခံမှုကိုစမ်းသပ်လိုက်ခြင်းဖြစ်သည်ဟု အချို့ကရှုမြင်ကြသည်။

“နိုင်ငံခြားကုန်သည်ကြီးများအသင်းနဲ့ နိုင်ငံတကာစီးပွားရေးလုပ်ငန်းတွေက နိုင်ငံတကာလူ့အခွင့်အရေးဆိုင်ရာတာဝန်တွေအရပဲ ဒီဥပဒေကိုဆန့်ကျင်တွန်းလှန်ဖို့ ရှိနိုင်သမျှ စွမ်းအားအကုန်အသုံးပြုဖို့အရေးကြီးပါပြီ။ အခုက ပြောရမယ့်အချိန်ပါပဲ” ဟု မြန်မာနိုင်ငံ Justic for Myanmar မှ ပြောရေးဆိုခွင့်ရှိသူ ရတနာမောင်က ပြောသည်။

” အာဏာသိမ်းစစ်တပ်က တရားမဝင်တဲ့ ဥပဒေတွေကို ပြဋ္ဌာန်းပိုင်ခွင့်မရှိပါဘူး။ အခုဆိုက်ဘာဥပဒေက ကိုယ်ရေးကိုယ်တာလွတ်လပ်ခွင့်နဲ့ လွတ်လပ်စွာသတင်းရယူခွင့်အပေါ် ထိတ်လန့်ဖွယ်တိုက်ခိုက်မှုတစ်ခုြဖစ်ပြီး အသက်အန္တရာယ်ကိုပါကျရောက်စေပါလိမ့်မယ်”

အိန္ဒိယ-မြန်မာ ကုန်သည်ကြီးများအသင်း (IMCC)၊ ကိုရီးယား – မြန်မာကုန်သည်ကြီးများအသင်းနှင့် (KoCham) နှင့် Malaysia-Myanmar Business Chamber (MMBC) ကဲ့သို့သော ဒီမိုကရေစီနိုင်ငံများမှ လူများအပါအဝင် လူနည်းစုကတော့မှတ်ချက်ပေးရန်ငြင်းဆိုထားသည်။

အမှုဆောင်အရာရှိများကတော့ ဒါကိုမျှော်လင့်ထားကြောင်းဆိုလေသည်။ IMCC ဥက္ကဌ Sunil Seth သည် စစ်တပ်ပိုင်မြေတွင်ငှားရမ်းထားပြီး ပိုင်ဆိုင်မှုများပြန်လည်ရောင်းချခြင်းမပြုသေးသော အိန္ဒိယ၏ Adani Port များကိုဦးဆောင်နေသူဖြစ်ပြီး KoChan ဥက္ကဋ္ဌ Jeong-Hwan Park ကလည်း Lotte ဟိုတယ်တွင်ကျင်းပသည့် စစ်တပ်နှင့်ဆက်စပ်နေသောပွဲကိုတက်ရောက်ခဲ့မှုကြောင့် နိုင်ငံတကာမီဒီယာများတွင်အရှက်ရခဲ့သည်။

Park ၊ Seth နှင့် MMBC ကိုဦးဆောင်နေသူရှေ့နေ Jean Loi ကလည်း မှတ်ချက်ပေးဖို့ငြင်းဆန်ခဲ့သည်။

အာဏာသိမ်းချိန်မြန်မာ့ပဋိပက္ခစတင်ချိန်မှစပြီး အာဆီယံတွင်မလေးရှားကအသံအထွက်ဆုံးဖြစ်ခဲ့ပြီး တောင်ကိုရီးယားကလည်း NUG ကိုထောက်ပံ့ပေးနေသည့်နိုင်ငြံဖစ်သည်။ ထို့ကြောင့်လည်း Jeong-Hwan Park နှင့် Jean Loi တို့က မြန်မာနိုင်ငံဒီမိုကရေစီရေးတွင် ၎င်းတို့အစိုးရကြိုးပမ်းအားထုတ်မှုကို အားနည်းစေသည်ဟု ရှုမြင်နိုင်သည်။

ကုန်သည် ၃ ဦးစလုံးက စစ်တပ်မှခန့်အပ်ထားသော ရင်းနှီးမြှုပ်နှံမှုဝန်ကြီး ဦးအောင်နိုင်ဦးနှင့် သွားရောက်တွေ့ဆုံနှုတ်ဆက်ခဲ့သည်။

“စီးပွားရေးလုပ်ငန်းလည်ပတ်မှုတွေအပေါ် ဆိုးဆိုးရွားရွားထိခိုက်စေမယ့် မူဝါဒပိုင်းဆိုင်ရာဆွေးနွေးငြင်းခုံနေကြချိန်မှာ စစ်တပ်ကခန့်ထားတဲ့ဝန်ကြီးတစ်ယောက်ကိုသွားတွေ့တာက စီးပွားကျင့်ဝတ်သိက္ခာပိုင်းဆိုင်ရာကို ဘယ်လိုကာကွယ်ပေးမလဲ”ဟု ရန်ကုန်အခြေစိုက်အလုပ်အမှုဆောင်တစ်ဦးက မေးခွန်းထုတ်လိုက်သည်။ ” စီးပွားရေးသမားတွေက သူတို့သင်္ချိုင်း သူတို့တူးနေကြတယ်။ မှတ်ချက်မပေးဘူးဆိုကတည်းက မှတ်ချက်ပေးနေတာနဲ့အတူတူပါပဲ”

တရုတ်နိုင်ငံက နိုင်ငံ၏အကြီးမားဆုံးရင်းနှီးမြှုပ်နှံသူဖြစ်ကြောင်း ပြီးခဲ့သည့်သီတင်းပတ်အတွင်းကပဲ စစ်တပ်ကကြေညာခဲ့ပြီး အသေးစိတ်အချက်အလက်များကိုတော့ ထုတ်ဖော်ပြောဆိုခြင်းမပြုခဲ့ပေ။ ဂျပန်ရင်းနှီးမြှုပ်နှံသူတစ်ဦးထံမှ ကန်ဒေါ်လာ ၅၁၆ ဒဿမ ၄ သန်း ၊ စင်ကာပူကုမ္ပဏီလေးခုမှ ကန်ဒေါ်လာ ၄၄၂ ဒဿမ ၂ သန်း ၊ ထိုင်းဖက်စပ်လုပ်ငန်းနှစ်ခုမှ ကန်ဒေါ်လာ ၇၅ ဒဿမ ၅ သန်း ၊ ကိုရီးယားစီးပွားရေးလုပ်ငန်းငါးခုမှ ကန်ဒေါ်လာ ၆၆ ဒဿမ ၁ သန်းရရှိထားကြောင်း ၎င်းကဆိုသည်။

ဖေဖော်ဝါရီ ၁ ရက်အာဏာသိမ်းပြီး နှစ်ပတ်အကြာတွင် ဆိုက်ဘာလုံခြုံရေးဥပဒေမူကြမ်းကို စစ်တပ်ကစတင်ကြိုးပမ်းခဲ့ဖူးပြီး ဝန်ကြီးဌာနများ ၊ ကုမ္ပဏီများနှင့်လုပ်ငန်းအသီးသီးတို့ကမှတ်ချက်ပေးရန်တောင်းဆိုခဲ့သည်။ သို့သော် အရပ်ဘက်အဖွဲ့အစည်း ၁၅၀ ကျော်နှင့်စီးပွားရေးအဖွဲ့အစည်းများသဘောထားကွဲလွဲမှုကြောင့် စစ်တပ်အတွက်ကျောထောက်နောက်ခံမြဖစ္ခဲ့ပါ။

အာဏာသိမ်းပြီးကတည်းက မြန်မာနိုင်ငံအင်တာနက်ကွန်ရက်ကညတဖြည်းဖြည်းချင်းကျဆင်းလာခဲ့သည်။ Facebook နှင့် Twitter ကိုပိတ်ပင်ခဲ့သော်လည်း VPN များသုံးပြီးကျော်လွှားနိုင်ခဲ့သည်။

စစ်တပ်မှခန့်အပ်ထားသောဝန်ကြီးများ Facebook ဆက်လက်သုံးစွဲလျက်ရှိနေသေးကြောင်း ကော်ပိုရိတ်များကထောက်ပြကြသည်။ လူမှုကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီး သက်သက်ခိုင်ကလည်း ဇန်နဝါရီလလယ်ကကချင်ပြည်နယ်ခရီးစဉ်ကိုမှတ်တမ်းတင်ဖို့ သူမ၏ Facebook page တွင် ပိုစ့် ၅ ခုကျော်တင်ခဲ့သည်။

VPN များအသုံးပြုခြင်းကိုတားမြစ်မှုက စီးပွားရေးလုပ်ငန်းလည်ပတ်မှုနှင့်ဆိုရှယ်မီဒီယာအသုံးပြုမှုကို ချောက်နက်ထဲကျစေလိမ့်မည်ဟု ကမ္ဘာ့ဘဏ်ကထုတ်ပြန်ခဲ့သော နောက်ဆုံးထွက်စီးပွားရေးစောင့်ကြည့်လေ့လာရေးကဏ္ဍတွင်ပြောကြားခဲ့သည်။

ထိုကဲ့သို့သောလမ်းပိတ်မှုများဆက်လက်ရှိနေသေးသရွေ့ မြန်မာနိုင်ငံ၏ ဒစ်ဂျစ်တယ်လ်အခြေခံအဆောက်အဦနှင့်ဒစ်ဂျစ်တယ်လ်စနစ်သုံးဝန်ဆောင်မှုလုပ်ငန်းများ သိသာထင်ရှားသောရေရှည်အကျိုးသက်ေရာက်မှုများက ကုန်ထုတ်စွမ်းအားနှင့်ထုတ်လုပ်မှုကိုလျှော့ချခြင်းဖြစ်ပြီး စီးပွားရေးကုန်ကျစရိတ်ကို သိသာထင်ရှားစွာယူဆောင်လာပေလိမ့်မည်ဟု အစီရင်ခံစာတွင်ဖော်ပြထားသည်။

စစ်တပ်က အင်တာနက်အခွန်အသစ် ၊ ဒေတာသုံးစွဲမှုကြမ်းခင်းစျေးများမြှင့်တင်ခြင်း ၊ အင်တာနက်ပိတ်ဆို့မှုများဆက်လက်ထားရှိခြင်း ၊ ပုဂ္ဂလိကကဏ္ဍပံ့ပိုးပေးသူများ၏စျေးကွက်ထွက်ပေါက်ကိုပိတ်ပစ်ခြင်းစသောခြိမ်းခြောက်မှုအားလုံးက ပြီးခဲ့သောဆယ်စုနှစ်များအတွင်းလုပ်ဆောင်ခဲ့သော ကြီးမားသည့်တိုးတက်မှုများအားလုံးကို နောက်ပြန်ဆုတ်နေခြင်းသာဖြစ်ကြောင်း အစီရင်ခံစာကဆိုလေသည်။

ကြည်ဖြူစံ

Asia Times တွင်ဖော်ပြထားသော Junta cyber bill has Myanmar Bussiness up in arms ကိုဆီလျော်အောင်ရေးသာသည်။

Most read this week

May 20, 2024
စစ်ကောင်စီ အသက်သွင်းလိုက်တဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေအရ မွန်ပြည်နယ်မှာ ရွှေ့ပြောင်းလုပ်သားတွေကို...
May 20, 2024
နွေဦးတော်လှန်ရေးကနေ ပေါက်ဖွားလာတဲ့ မွန်လူမျိုးအခြေပြု လက်နက်ကိုင်တော်လှန်ရေးတပ်တွေဖြစ်တဲ့ MSRF...
May 18, 2024
တိုက်ပွဲတွေ ပြင်းထန်နေတဲ့ တနင်္သာရီတိုင်းမှာ ပြီးခဲ့တဲ့ ဧပြီလတစ်လအတွင်း စစ်ကောင်စီတပ်နဲ့...
May 17, 2024
တိုက်ပွဲတွေ ပိုမိုပြင်းထန်လာတဲ့ တနင်္သာရီတိုင်းမှာ စစ်ရှောင်ဒုက္ခသည် အရေအတွက် ၆၀၀၀၀ ဝန်းကျင်အထိ...