ကျိုက်ထိုမှာ ရွေးကောက်ပွဲ ဆန့်ကျင်ရေး စာရွက်ကောက်ဖတ်မိသူ လူငယ် သုံးဦး ဖမ်းဆီးခံရ

ကျိုက်ထိုမှာ ရွေးကောက်ပွဲ ဆန့်ကျင်ရေး စာရွက်ကောက်ဖတ်မိသူ လူငယ် သုံးဦး ဖမ်းဆီးခံရ
Photo credit - social media
Photo credit - social media

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် ကော့ထင်းကျေးရွာမှာ စစ်ကော်မရှင် ရွေကောက်ပွဲ ဆန့်ကျင်ရေး လှုပ်ရှားမှု စာရွက် ကောက်ဖတ်မိတဲ့ လူငယ် သုံးဦး ဖမ်းဆီးခံလိုက်ရတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂ ရက်နေ့ နေ့လယ်ပိုင်းမှာ စစ်ကော်မရှင်အဖွဲ့ဟာ ကော့ထင်းကျေးရွာထဲ ဝင်ရောက်လာပြီးနောက် အဲဒီလူငယ် သုံးဦးကို ဖမ်းဆီးသွားခဲ့တာ ဖြစ်ပါတယ်။

အဲဒီလူငယ်သုံးဦးဟာ ရွေးကောက်ပွဲဆန့်ကျင်ရေး စာရွက်ကောက်ဖတ်ပြီး ဝေဖန်မှု ပြောဆိုမှုအပေါ် သတင်းပေးသူတွေရဲ့ တိုင်ကြားမှုကြောင့် ဖမ်းဆီးခံလိုက်ရတာလို့ ဒေသခံတွေက ဆိုပါတယ်။

ဖမ်းဆီးခံလိုက်ရတဲ့ လူငယ် သုံးဦးထဲက ကော့ထင်းကျေးရွာထိပ်မှာ ဘီယာဆိုင်ဖွင့်ထားတဲ့ ဦးတာပေါရဲ့ သားဖြစ်သူကို မိသားစုက ငွေပေးပြန်ရွေးနိုင်ခဲ့ပေမယ့် ကျန်လူငယ် နှစ်ဦးက ဖမ်းဆီးခံထားရတာပါ။

ဖမ်းဆီးခံလိုက်ရတဲ့ လူငယ် နှစ်ဦးကိုလည်း မော်လမြိုင်မြိုအခြေစိုက် အရှေ့တောင်တိုင်းစစ်ဌာနချုပ် လက်အောက်ခံ အမှတ် ၆ လေ့ကျင်းရေးကျောင်းထံ ပို့ဆောင်လိုက်ပြီး စစ်မှုထမ်းတပ်သား စုဆောင်းခံလိုက်ရတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၇ ရက်နေ့က တက်ကြွလှုပ်ရှားသူ လူငယ်တချို့ဟာ ကျိုက်ထိုမြို့အပါအဝင် ကော့ထင်းကျေးရွာနဲ့ အနီးပတ်ဝန်းကျင် ကျေးရွာတချို့မှာ ရွေးကောက်ပွဲဆန့်ကျင်ရေး လက်ကမ်းစာစောင်တွေ လမ်းပေါ်ကြဲချပြီး လှုပ်ရှားမှု ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

အာဏာသိမ်း စစ်ကော်မရှင်ဟာ သူတို့ကျင်းပမယ့် ရွေးကောက်ပွဲ ဆန့်ကျင်သူတွေ တားဆီးဖို့ အထွေထွေရွေးကောက်ပွဲ နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေးဥပဒေကို ပြီးခဲ့တဲ့ ဇူလိုင်လနှောင်းပိုင်းမှာ ပြဌာန်းလိုက်ပါတယ်။

အဲဒီဥပဒေ ပြဌာန်းပြီးနောက် နိုင်ငံတဝန်းမှာ ရွေးကောက်ပွဲ ပျက်ပြားအောင် လှုံ့ဆော်မှု စွပ်စွဲချက်တွေနဲ့ အနုပညာရှင်တွေအပါအဝင် လူပေါင်း ၁၀၀ ထက်မနည်း ဖမ်းဆီးအမှုဖွင့်ခံထားရပါတယ်။

Most read this week

February 26, 2026
ထိုင်း-မြန်မာနယ်စပ် တနင်္သာရီတိုင်း မောတောင်မြို့ကို ပြန်လည်ထိန်းချုပ်ဖို့ စစ်ကော်မရှင်ဘက်က...
February 25, 2026
ပိုင်ကျုံ — ကရင်အမျိုးသားအစည်းအရုံး KNU ဌာနချုပ်ဖြစ်တဲ့ တပ်မဟာ ၇ နယ်မြေထဲ စစ်ကော်မရှင်တပ်...
February 24, 2026
မွန်ပြည်နယ်မှာ အစိုးရအဖွဲ့အသစ် အပြောင်းအလဲ မတိုင်မီ ပြည်နယ်စစ်ကော်မရှင်က ရပ်ကွက်ကျေးရွာ...
February 23, 2026
မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းကို မကြာခင် ဖွဲ့စည်းမယ့် အစိုးရလက်ထက်မှာ အ‌ကောင်အထည်ဖော်နိုင်ဖို့...