ဆွမ်ပီယန် ဒေသခံ ၁ ထောင်ဝန်းကျင် ညတောတွင်းတိမ်းရှောင်နေရ

ဆွမ်ပီယန် ဒေသခံ ၁ ထောင်ဝန်းကျင် ညတောတွင်းတိမ်းရှောင်နေရ

စစ်ကောင်စီတပ်ဖွဲ့က ရဟတ်ယာဉ်ဖြင့် လာရောက်ဗုံးကြဲတိုက်ခိုက်သည့် ပူတာအိုမြို့နယ် ဆွမ်ပီယန်ကျေးရွာဒေသခံပြည်သူများ က ညအချိန် ထပ်မံလာရောက်တိုက်ခိုက်မည်ကို စိုးရိမ်သဖြင့် တောတွင်းတိမ်းရှောင်နေရသေးကြောင်းသိရသည်။

ယမန်နေ့ညနေ ၄နာရီဝန်းကျင်တွင် ရဟတ်ယာဉ် ၃စီးဖြင့် ကျေးရွာအတွင်း လာရောက်ဗုံးကြဲတိုက်ခိုက်သွားသဖြင့် ဒေသခံ ၅ဦးခန့်နှင့် လူနေအိမ် ၅အိမ်ထက်မနည်း မီးရိူ့ပျက်စီးသွားပြီး တောတွင်းတိမ်းရှောင်နေရသည်ဟု ဆွမ်ပီယန်ဒေသခံတစ်ဦးက KNG သတင်းဌာနကိုပြောဆိုခဲ့သည်။

“ဒီညလည်း ဘယ်လိုဖြစ်လာမယ်ဆိုတာကို မသိရသေးဘူး။ အားလုံးက အိမ်လည်းမပြန်ရဲကြတော့ဘူး။ ပြန်အိမ်ရင်လည်း ညချင်း စစ်တပ်က လေကြောင်းလိုင်းနဲ့ ပြန်လာတိုက်မှာစိုးရိမ်ရတယ်။ ရွာသားတွေအားလုံးက ၁ထောင်လောက်ရှိတယ်။ အဒီညအားလုံး တောခိုဖို့လုပ်နေကြတယ်”ဟုပြောဆိုသည်။

စစ်ကောင်စီတပ် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒေသခံရွာသားများ ထိခိုက်ဒဏ်ရာရှိသူ ၅ဦးထက်မိနည်းရှိနိုင်ပြီး လက်ရှိတွင် အမျိုးသမီး ၂ဦးနှင့် အမျိုးသား ၁ဦး၊ စုစုပေါင်း ၃ဦး၏ ထိခိုက်မှုစားရင်းသာ အတိကျရရှိနိုင်သေးကြောင်းသူကဆက်ဆိုသည်။

ဆွမ်ပီယန်ကျေးရွာ၏ စစ်ကောင်စီတပ်စခန်းကို ကချင်လွတ်လပ်ရေးတပ်မတော် KIA နှင့် PDF အဖွဲ့က ဇန်နဝါရီလ ၁ ရက်နေ့ နံနက်ပိုင်းအချိန်တွင် သွားရောက်တိုက်ခိုက်သိမ်းပိုက်ခဲ့သောကြောင့် ၁ရက်ခန့်အကြာမှ စစ်ကောင်စီတပ်ဖွဲ့က လေကြောင်းလိုင်းဖြင့် ပြန်လည်လာတိုက်ခိုက်ခြင်းဖြစ်ပါသည်။

ထိုနောက် ဖေဖော်ဝါရီလ ၁ရက်နေ့ တစ်ရက်တည်းတွင် KIA နှင့် PDF အဖွဲ့က ဆွမ်ပီယန်ကျေးရွာနှင့်တစ်လျှောက်တွင်ရှိသော လုန်ရှာယန်ကျေးရွာရှိ တပ်စခန်းကိုလည်း ဝင်ရောက်တိုက်ခိုက်ကာ မီးရှို့ဖျက်ဆီးမှုများထပ်မံပြုလုပ်ခဲ့ပါသည်။

လက်ရှိတွင် စစ်ကောင်စီတပ်ဖွဲ့က ဆွမ်ပီယန်အထိ လေကြောင်းလိုင်းဖြင့် လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် လုန်ရှာယန်ကျေးရွာဘက်လည်း ပြန်လည်လာတိုက်ခိုက်မည်ကိုလည်း စိုးရိမ်နေရကြောင်းဆက်လက်သိရသည်။

July 27, 2026
ကချင်ပြည်၊ ဖားကန့်မြို့နယ်၊ လုံးခင်းအုပ်စု၊ ခွန်ဆာကုန်းကျေးရွာ ကားကြီးကွင်းအနီးတွင်...
July 24, 2026
ကချင်ပြည်၊ ခေါင်လန်ဖူးမြို့နယ်၊ ရှိန်းခေါင်ကျေးရွာဘက်သို့ စစ်ဘေးရှောင်လာကြသည့် အမတ်ပေါ်ကျေးရွာ...
July 24, 2026
ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ်အတွင်းရှိ နာမ့်ထွမ်ချောင်းနှင့် မကျော့ဝါကျေးရွာတို့တွင် မြို့ပေါ်မှ...
July 23, 2026
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်အတွင်း တစ်နှစ်ကျော်ကာလအတွင်း မီးသတ်တပ်ဖွဲ့ဝင် ၃၀ ဦးထက်မနည်း...