အလုံ Mytel ရုံးခွဲ ပေါက်ကွဲ မီးလောင်မှုဖြစ်

အလုံ Mytel ရုံးခွဲ ပေါက်ကွဲ မီးလောင်မှုဖြစ်

အလုံမြို့နယ်ရှိ Mytel ရုံးခွဲတွင် ယနေ့နံနက်အစောပိုင်းက ပေါက်ကွဲမှုကြောင့် မီးလောင်မှု ဖြစ်ပွားခဲ့ပြီးနောက် ထိုရုံးအနီးက ၆ ထပ်တိုက်တလုံးကို စစ်ကောင်စီက ချိပ်ပိတ်လိုက်သည်ဟု သိရသည်။

ဖေဖော်ဝါရီလ ၂ ရက်နေ့၊ နံနက်အစောပိုင်းက ကွင်းကျောင်းလမ်းအတွင်းရှိ Mytel ရုံးတွင် ပေါက်ကွဲမှုဖြစ်ကာ မီးလောင်ခဲ့ခြင်းဖြစ်သည်ဟု ဆင်မင်းရပ်ကွက်အတွင်းနေ ထိုင်သူများ က ပြောသည်။

“တိုက်က ဟိုဖက်ဒီဖက်ဆို ၁၄ ခန်းရှိတာပေါ့။ မြေပိုင်ရှင်ပိုင်တဲ့ဖက် အခြမ်းက ၇ ခန်းကို ချိပ်ပိတ်လိုက်တာ။ အကုန်ဖယ်ခိုင်းပြီး စာကပ် သွားတာ” ဟု ဆင်မင်းရပ်ကွက်အတွင်းက အသက် ၃၀ ကျော် အရွယ် အမျိုးသား တစ်ဦးက ပြောသည်။

ချိပ်ပိတ်ခံခဲ့ရသည့်တိုက်၏ မြေပိုင်ရှင်မိသားစုဝင် လူငယ်တစ်ဦးက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF အတွင်းသို့ ဝင်ရောက်သွားသည်ဟု ဆိုကာ ချိတ်ပိတ်ခဲ့ခြင်းဖြစ်ပြီး အဆိုပါတိုက်မှ အမျိုးသား ၃ ဦး အပါအဝင် အလုံမြို့နယ် NLD ပါတီအဖွဲ့ဝင် အမျိုးသမီးတစ်ဦးကိုလည်း စစ်ကောင်စီက ဖမ်းဆီးသွားသည်ဟု ဆင်မင်းရပ်ကွက်က ဒေသခံ တစ်ယောက်က ပြောသည်။

ချိပ်ပိတ်ခံလိုက်ရသည့် တိုက်သည် ဆင်ရေကန်လမ်း အတွင်းတည်ရှိပြီး ပေါက်ကွဲမီးလောင်မှု ဖြစ်ပွားခဲ့သည့် Mytel ရုံးခွဲ၏ အနီးတွင်ရှိသည်ဟု ဆင်မင်းရပ်ကွက်အတွင်းနေထိုင်သူများက ဆိုသည်။

အဆိုပါရပ်ကွက်သည် စစ်ကောင်စီကို ဆန့်ကျင်သူ အများစုနေထိုင်သည့် ရပ်ကွက်ဖြစ်ပြီး ဦးတေဇ ပိုင်ဆိုင်သည့် ထူးဓာတ်ဆီဆိုင် ပေါက်ကွဲ မီးလောင်မှု ဖြစ်ပွားပြီး နောက်ပိုင်း စစ်ကောင်စီက အညှိုးအတေးထားကာ စစ်ဆေးမှု များ မကြာခဏ ပြုလုပ်လေ့ရှိသည်ဟုလည်း ရပ်ကွက်သူရပ်ကွက်သားများ က ဆိုသည်။

ပြီးခဲ့သည့် ဇန္နဝါရီလအတွင်းက အလုံမြို့နယ်အတွင်းရှိ ဦးတေဇ ပိုင် ထူးဇာတ်ဆီဆိုင်နှင့် အေးနေဝင်းပိုင် YBS-56 ယာဉ်လိုင်းတို့ ၃ ရက်ခြားကာ ဗုံးဖောက်ခွဲခံခဲ့ရပြီး ထူးဓာတ်ဆီဆိုင် တစ်ဆိုင်လုံး နီးပါး မီးလောင် ပျက်စီးသွား ခဲ့သည်။

March 30, 2026
မြန်မာစစ်တပ်အတွက် လက်နက်ပွဲစားလုပ်ကိုင်ပေးနေသော Synpex Shwe (SS) ကုမ္ပဏီသည်...
မြန်မာနိုင်ငံကူးလက်မှတ် ထုတ်ပေးရေးရုံး ရန်ကုန် ရန်ကင်း (Facebook)
March 28, 2026
နိုင်ငံကူးလက်မှတ် ဥပဒေသစ်ဖြင့် နိုင်ကျဉ်းဟောင်းများကို စစ်ကော်မရှင်က...
Indaw Revolution (IR)
March 26, 2026
လူပေါင်း ၈၀ ခန့် သေဆုံးခဲ့ရသည့် တိုက်ခိုက်မှု နောက်ပိုင်း စစ်ကိုင်းတိုင်း ဒေသကြီး၊ ကသာမြို့တွင်...
ဓာတ်ပုံ - (ပုံဟောင်း)
March 25, 2026
ရှမ်းမြောက် နမ့်ခမ်းမှ ကိုးကန့်တပ် (MNDAA) တပ်ဖွဲ့ဝင်များ ဆုတ်ခွာသွားပြီး ၁၀၅ မိုင်တွင်လည်း...