ဆွမ်ပီယန်စစ်ကောင်စီတပ်စခန်းကို KIA တိုက်ခိုက်သိမ်းပိုက်

ဆွမ်ပီယန်စစ်ကောင်စီတပ်စခန်းကို KIA တိုက်ခိုက်သိမ်းပိုက်

ပူတာအိုမြို့နယ် ဆွမ်ပီယန်ကျေးရွာရှိ အာဏာသိမ်းစစ်ကောင်စီ၏ တပ်စခန်းတစ်ခုကို ကချင်လွတ်လပ်ရေးတပ်မတော် KIA မှ ဖေဖော်ဝါရီ ၁ ရက် နံနက်ပိုင်းတွင် သွားရောက်တိုက်ခိုက် သိမ်းပိုက်ထားပြီဟု သိရသည်။

ဆွမ်ပီယန်ကျေးရွာကုန်းထိပ်တွင်ရှိသော ပြည်သူ့စစ်နှင့် စစ်ကောင်စီ တပ်ပေါင်းစုနေထိုင်သောစခန်းကို KIA တပ်မဟာ ၁ လက်အောက် တပ်ရင်း ၇ က သွားရောက် တိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆွမ်ပီယန်ဒေသခံတစ်ဦးက KNG သတင်းဌာနကို အတည်ပြုပြောဆိုခဲ့သည်။

“၁၀ နာရီလောက်မှာ စဖြစ်တာ။ KIA က စခန်းဝင်သိမ်းတဲ့တိုက်ပွဲဖြစ်တယ်။ ပထမက လက်နက်ကြီးသံတွေ အရင်ကြားရတယ်။ နောက်တော့ လက်နက်ငယ်တွေပြန်ကြားတယ်။ KIA က စခန်းကို ဝင်သိမ်းထားပြီ။ ဘယ်လိုဖြစ်လာမယ်ကို မသိရသေးဘူး။ ထိခိုက်မှုတွေလည်း မသိရသေးဘူး”ဟု ပြောဆိုသည်။

လက်ရှိတွင် KIA က သိမ်းပိုက်ထားသည့် စစ်ကောင်စီ၏ တပ်စခန်းကို မီးရှို့ဖျက်ဆီးနေသည်ကို တွေ့မြင်ရပြီဟု ဒေသခံများထံမှ သိရသည်။

အဆိုပါတပ်စခန်းသည် ယခင်ကတည်းကတည်ရှိသော စခန်းဖြစ်ကာ စစ်ကောင်စီနှင့် ပြည်သူ့စစ်အင်အား ၄၀ ဝန်းကျင်ခန့် ပုံမှန်ရှိသည်ဟု သိရသည်။

တိုက်ပွဲဖြစ်ပွားမှုကြောင့် ဆွမ်ပီယန်ဒေသခံ ပြည်သူများအားလုံးက ကျေးရွာအပြင်ဘက်သို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဆက်လက် သိရသည်။

September 11, 2026
ကချင်ပြည်၊ ပူတာအို - မြစ်ကြီးနား ကားလမ်းပိုင်းတွင် အသက် ၁၅ နှစ်အထက်နှင့် အသက် ၄၀ အောက် ခရီး သွား...
ဓါတ်ပုံ – (SNA) က ပိတ်ထားသည့် ဖားကန့်–ဟုမ္မလင်း ရေကြောင်းလမ်း အခြေအနေ။
September 10, 2026
ရှမ်းနီအမျိုးသားများတပ်မတော် (SNA) က ပိတ်ထားသည့် ဖားကန့် - ဟုမ္မလင်း ရေကြောင်းလမ်းကို အမြန်ဆုံး...
September 10, 2026
ကချင်ပြည်၊ ရွှေကူမြို့တွင် ကမ်းကပ်ထားသည့် စစ်အုပ်စုတပ်၏ ဒုတိယအကြိမ် ဧရာဝတီရေကြောင်း စစ်ကြောင်းမှ...
မြေမြှုပ်မိုင်းပုံ / Crd
September 8, 2026
ကချင်ပြည်၊ ဝိုင်းမော်မြို့နယ်အတွင်း မြေမြှုပ်မိုင်းများကြောင့် အရပ်သား ထိခိုက်သေဆုံးသူ ၅ ဦးအထိ...