ကွတ်ခိုင်မြို့ ဗျူဟာကုန်း ၊ နမ့်ခိုင်တံတားနှင့် နမ့်ခမ်းအနီးရှိ စစ်ကောင်စီတပ်၏ စခန်းများကို KIA မှ တပြိုင်ထဲ ဝင်ရောက်တိုက်ခိုက်

ကွတ်ခိုင်မြို့ ဗျူဟာကုန်း ၊ နမ့်ခိုင်တံတားနှင့် နမ့်ခမ်းအနီးရှိ စစ်ကောင်စီတပ်၏ စခန်းများကို KIA မှ တပြိုင်ထဲ ဝင်ရောက်တိုက်ခိုက်

ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် နမ့်ခိုင်တံတားနှင့် နမ့်ခမ်းတို့တွင်ရှိသည့် စစ်ကောင်စီစခန်းများကို ကချင်လွတ်လပ်ရေးတပ်မတော် KIA မှ တပြိုင်ထဲ ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း ရှေ့တန်းသတင်းနှင့် ဒေသခံများထံမှ သိရသည်။

ယနေ့ ဖေဖော်ဝါရီ ၁ နံနက်ပိုင်း ၈ နာရီဝန်းကျင်တွင် ကွတ်ခိုင်မြို့ စစ်ကောင်စီတပ်၏ ဗျူဟာကုန်း၊ နမ့်ခမ်းစစ်ကောင်စီတပ်နှင့် နမ့်ခိုင်တံတားစောင့်တပ် တို့ကိုလည်း တပြိုင်ထဲ သွားရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ရှေ့တန်း သတင်း ရင်းမြစ် တစ်ဦးက ပြောသည်။

“ကွတ်ခိုင် ခလရ ၂၄၁ တပ်ဖွဲ့တွေ တန်းစီနေတာကို လက်နက်ကြီးနဲ့ ကျွေးလိုက်တယ်” ဟု ရှေ့တန်းသတင်းရင်းမြစ်တစ်ဦးက ပြောသည်။

ဒေသခံများ၏ ပြောပြချက်အရ KIA ပစ်ခတ် တိုက်ခိုက်မှုကြောင့် ကွတ်ခိုင်ဗျူဟာကုန်းတွင် ၆၀ မမ ဗုံးသီး ၄ လုံးကျရောက်ပေါက်ကွဲခဲ့‌ကြောင်း ၎င်းက ဆက်ပြောသည်။

ထို့အပြင် ဗျူဟာကုန်းအား သွားရောက်ပစ်ခတ်ချိန် စစ်ကောင်စီတပ်မှလည်း လက်နက်ကြီး ရမ်းသမ်းပစ်ခတ်လိုက်သည့်အတွက် ‌ကွတ်ခိုင်‌ဒေသခံ ဦးအောင်မြတ်၏ ဝက်ခြံ၊ အမှတ် ၅ ကျောင်းဝင်း ထဲ လက်နက်ကြီးကျ ရောက်ပေါက်ကွဲခဲ့ပြီး ခြံစောင့်၏ ခြေထောက် လက်နက်ကြီး ထိမှန် ဒဏ်ရာရရှိကြောင်း ၎င်းကဆက်ပြောသည်။

“နှစ်ဖက် ထိခိုက်မူအခြေနေတော့ အသေးစိတ်မသိရသေးဘူး လက်နက်ကြီးကျတာက တိုးဂိတ်အနီး၊ ပြည်ထောင်စု လမ်းမကြီးဘေးရှိ တိုင်းရင်းဆေးဋ္ဌာနအဆောက်အဦးနား လက်နက်ကြီး ကျရောက်ပေါက်ကွဲပြီး လက်နက်ကြီးတွေထိမှန် ပါတယ် လူ တော့ အချိန်မီ ကတုတ်ကျင်းထဲ ဆင်းကြလို့ မထိဘူး” လို့ ဒေသခံတစ်ဦးကပြောသည်။

အလားတူ နမ့်ခိုင်တံတားစောင့်စခန်းနှင့် နမ့်ခမ်းမြို့ စစ်ကောင်စီတပ်စခန်းကိုလည်း KIA တို့ အလစ်ဝင်ရောက် တိုက်ခိုက်ခဲ့ကာ နှစ်ဖက် အပြန်အလှန်ပစ်ခတ်မှုပြင်းထန်ခဲ့ကြောင်း ဒေသခံများကပြောသည်။

စစ်ကောင်စီတပ်မှ မတရားအာဏာ သိမ်းယူခဲ့သည့် တစ်နှစ်ပြည့်နေ့တွင် ရှမ်းပြည်နယ် မြောက်ပိုင်း နှင့် ကချင်ပြည်နယ် နေရာ အချို့တွေမှာ KIA နှင့် PDF တို့ ပူးပေါင်းကာ အာဏာသိမ်းမှုကို ဆန့်ကျင်သည့် တိုက်ပွဲနေရာ အနှံ့အပြား ပြုလုပ်လျက်ရှိနေသည်။

Most read this week

December 17, 2025
မြေရှားသတ္တု တူးဖော်ရေးနဲ့ ပတ်သက်ပြီး ကချင်လွတ်တပ်ရေးအဖွဲ့ KIO/KIA နဲ့ အိန္ဒိယအစိုးရကြား...
December 16, 2025
ကချင်ပြည်နယ်အတွင်းက လူ့အခွင့်အရေးချိုးဖောက်မှု အများဆုံးကျူးလွန်သူတွေဟာ စစ်ကောင်စီတပ်တွေ...
December 15, 2025
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်ထဲက ရှမ်းနီပြည်သူ့စစ်ဂိတ် ၃ ခုမှာ အခွန်အဆမတန်ကောက်နေတဲ့အတွက်...
December 10, 2025
ရှမ်းမြောက်၊ မန်တုံမြို့နယ်မှာ TNLA နဲ့ တရုတ်လုပ်ငန်းရှင်တွေပေါင်းပြီး မြေရှားသတ္တုတူးဖို့...