ဒီပဲယင်းမြို့နယ် ကျေးရွာ ၃ ခုရှိ စပါးများနှင့် နေအိမ် ၇ လုံး စစ်ကောင်စီတပ်မီးရှို့ဖျက်ဆီးခဲ့

ဒီပဲယင်းမြို့နယ် ကျေးရွာ ၃ ခုရှိ စပါးများနှင့် နေအိမ် ၇ လုံး စစ်ကောင်စီတပ်မီးရှို့ဖျက်ဆီးခဲ့
Photo - Voice of Depeyin
Photo - Voice of Depeyin

စစ်ကိုင်းတိုင်းဒေသကြီး၊ ဒီပဲယင်းမြို့နယ်က ကျေးရွာသုံးခုရှိလူနေအိမ်များနှင့် သိမ်းဆည်းထားသော စပါးများအား  စစ်ကောင်စီတပ်များကတစ်ရွာဝင်တစ်ရွာထွက်၍ မီးရှို့နေကြောင်း ဒေသခံများ ထံမှ သိရသည်။

ပြီးခဲ့သည့် ဇန်နဝါရီလ ၃၀ ရက်နေ့ ညပိုင်းမှ စတင်ကာ ဝပါကျေးရွာနှင့် သပြေသာကျေးရွာ ရှိလူနေအိမ်များကို စတင်မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်ပြီး ယနေ့ နံနက်ပိုင်းတွင် ငဝဲတောကျေးရွာတို့ ဝင်ရောက်ကာ စတင်မီးရှို့ခဲ့ကြောင်း ဒီပဲယင်းဒေသကာကွယ်ရေးတပ်ဖွဲ့ ဝင်တစ်ဦးက KNG သတင်းဌာန သို့ပြောသည်။

“မီးကတော့ အခုချိန်ထိငြိမ်းလို့မရသေးဘူးဗျ။ဒီနေ့မနက်ထိကို အိမ်ခြေခုနှစ်လုံးအထိမီးရှိ့ခံလိုက်ရပြီ။ တစ်ရွာဝင်တစ်ရွာထွက်နဲ့ အခုရောဆိုရင်သုံးရွာထိမီးရှို့ခံလိုက်ရပြီ။စစ်ကြောင်းကတော့ ဒီနေ့ နေ့လယ် ပိုင်းမှာ အနောက်တောကုန်းရွာကို ရောက်နေပြီ။ဒလံကလမ်းပြပြီးမီးရှို့သွားတဲ့ ပုံစံဖြစ်နေတယ် နေအိမ်တွေကို ကွက်ပြီး မီးရှို့သွားတာ” ဟု အမည်မဖော်လိုသည့် ဒီပဲယင်းပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့ဝင်တစ်ဦးကပြေသည်။

မီးရှို့ခံလိုက်ရသည့် နေအိမ်ခုနှစ်လုံးမှာ ဝပါနှင့် သပြေသာကျေးရွာမှ လေးလုံးနှင့် ငဝဲတောကျေးရွာမှ သုံးလုံး မီးရှို့ခံလိုက်ရကြောင်းသိရသည်။

အဆိုပါ မီးရှို့ဖျက်ဆီးခံရမှုကြောင့် လူထိခိုက်မှုမရှိသော်လည်း ဒေသခံများနေအိမ်နှင့် ဒေသခံများဧ စပါးတင်း ၁၀၀၀ ကျော်ဆုံးရှုံးလိုက်ရပြီး စစ်ကောင်စီတပ်ဧ အကြမ်းဖျက်လုပ်ရပ်များကြောင့် ယင်းကျေး ရွာသုံးခုမှ ဘေးလွတ်ရာသို့ထွက်ပြေးတိန်းရှောင်နေသူ ၄၀၀၀ နီးပါရှိကြောင်းသိရသည်။

လတ်တလောတွင် ယင်းကျေးရွာသုံးခုမှ မီးဘေးသင့်ပြည်သူ ၈၀ နီးပါးရှိပြီး ဒေသခံများသည်လည်း ဘေးလွတ်ရာသို့ထွက်ပြေးတိန်းရှောင်နေရကြောင်း သိရသည်။

လက်ရှိ ထွက်ပြေးတိမ်းရှောင်နေရသည့် ပြည်သူ ၄၀၀၀ နီးပါးရှိပြီး ၎င်းတို့အတွက် အဝတ်အထည်၊ ဆေးဝါးနှင့် အစားအသောက် အကူအညီများလိုအပ်နေကြောင်းသိရသည်။

ထို့ပြင် စစ်ကိုင်းတိုင်းသည် စစ်အာဏာသိမ်းပြီးနောက် စစ်ရေးအရှိန်ပိုမို မြင့်လာပြီး ဒေသခံကာကွယ်ရေးတပ်များနှင့် စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲပြင်းထန်လျှက်ရှိသည့် တိုင်းဒေသကြီးတစ်ခုဖြစ်သည်။

ဓါတ်ပုံ – (SNA) က ပိတ်ထားသည့် ဖားကန့်–ဟုမ္မလင်း ရေကြောင်းလမ်း အခြေအနေ။
September 10, 2026
ရှမ်းနီအမျိုးသားများတပ်မတော် (SNA) က ပိတ်ထားသည့် ဖားကန့် - ဟုမ္မလင်း ရေကြောင်းလမ်းကို အမြန်ဆုံး...
September 10, 2026
ကချင်ပြည်၊ ရွှေကူမြို့တွင် ကမ်းကပ်ထားသည့် စစ်အုပ်စုတပ်၏ ဒုတိယအကြိမ် ဧရာဝတီရေကြောင်း စစ်ကြောင်းမှ...
မြေမြှုပ်မိုင်းပုံ / Crd
September 8, 2026
ကချင်ပြည်၊ ဝိုင်းမော်မြို့နယ်အတွင်း မြေမြှုပ်မိုင်းများကြောင့် အရပ်သား ထိခိုက်သေဆုံးသူ ၅ ဦးအထိ...
September 8, 2026
မန္တလေးဘက်ကနေ ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာသည့် စစ်အုပ်စုတပ် ရေယာဉ်အုပ်စုပါ ဖလပ်သံ ခွန် ၂၈...