မြစ်ကြီးနားမြို့ မြေမြင့်ရပ်ကွက်တွင်ပေါက်ကွဲသဖြင့် MPT Cable ပုံးပျက်စီးသွား

မြစ်ကြီးနားမြို့ မြေမြင့်ရပ်ကွက်တွင်ပေါက်ကွဲသဖြင့် MPT Cable ပုံးပျက်စီးသွား

ကချင်ပြည်နယ်၊မြစ်ကြီးနားမြို့၊ မြေမြင့်ရပ်ကွက်၊ Asia Energy စက်သုံးဆီအရောင်း ဆိုင်အနီး  ဇန်နဝါရီလ ၂၉ ရက်နေ့တွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့မှုကြောင့် အနီးဝန်းကျင်ရှိ MPT Cable ပုံးထိခိုက်ပျက်စီးသွားကြောင်း မြို့သစ်ကြီးရပ်ကွက်နေအမျိုးသားတစ်ဦးက ယခုကဲ့သို့ဆိုသည်။

”မနက်သုံးနာရီခွဲကပေါက်ကွဲတာ ချိန်ကိုက်မိုင်းလား ပစ်မိုင်းလာတောင်မသိလိုက်ဘူး အစောကြီးဆိုတော့ အသံတော့ကျယ်တယ်။ မနက်စောကြိီးဆိုတော့ လူသွားလူလာမရှိသေးတော့ တခြားထိခိုက်တာမရှိဘူးသိရတယ်။သို့ပေမယ့်အဲ့ဒီ ဆီဆိုင်အနီးက MPT ပုံးတစ်ခုတော့ တစ်စစီပျက်စီးသွားတယ်။”ဟု အမည်မဖော်လိုသည့် မြို့သစ်ကြီး ရပ်ကွက်နေသူ အမျိုးသားတစ်ဦးကပြောသည်။

ယင်းပေါက်မှုသည် Asia Energy ဆီဆိုင်နဲ့ ပေ သုံးဆယ်ခန့်အကွာတွင်ရှိသည့် MPT Cable ပုံးအနီးတွင်ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ယင်းဆီဆိုင်သည် စစ်တပ်အာဏာသိမ်းသည့်နောက် အာဏာပိုင်များနှင့်ဆက်နွယ်သည်ဟုဆိုကာ သပိတ်မှောက်မှုများရှိခဲ့ပြီး ဆီဆိုင်စတင်တည်ဆောက်ချိန်ကာလ ၌လည်းအနီးပတ်ဝန်ကျင်ရှိရပ်ကွက်နေပြည်သူများကဆီဆိုင်တည်ဆောက်မှုကို အလိုမရှိကြောင့်ကန့်ကွက်ဆန္ဒထုတ်ဖော်မှုများရှိခဲ့သည်။

မြစ်ကြီးနားမြို့တွင်းတွင် လွန်ခဲ့သည့်ရက်ပိုင်းက တပ်ကုန်းရပ်ကွက်၊ ဂျာရာပါတီး နယ်မြေရှိ Mytel တာဝါတိုင်တစ်ခု ဖောက်ခွဲခံရာမှုနှင့် Mytel ရုံးဖောက်ခွဲခံရမှုဖြစ်စဥ်များသာရှိခဲ့ပြီး မြန်မာ့ဆက်သွယ်ဆက်သွယ်ရေးလုပ်ငန်း (MPT)နှင့်ပတ်သက်၍ဖောက်ခွဲဖျက်စီးခံရမှုမှာ ယခုတစ်ကြိမ်ပထမဆုံးဖြစ်သည်။

September 11, 2026
ကချင်ပြည်၊ ပူတာအို - မြစ်ကြီးနား ကားလမ်းပိုင်းတွင် အသက် ၁၅ နှစ်အထက်နှင့် အသက် ၄၀ အောက် ခရီး သွား...
ဓါတ်ပုံ – (SNA) က ပိတ်ထားသည့် ဖားကန့်–ဟုမ္မလင်း ရေကြောင်းလမ်း အခြေအနေ။
September 10, 2026
ရှမ်းနီအမျိုးသားများတပ်မတော် (SNA) က ပိတ်ထားသည့် ဖားကန့် - ဟုမ္မလင်း ရေကြောင်းလမ်းကို အမြန်ဆုံး...
September 10, 2026
ကချင်ပြည်၊ ရွှေကူမြို့တွင် ကမ်းကပ်ထားသည့် စစ်အုပ်စုတပ်၏ ဒုတိယအကြိမ် ဧရာဝတီရေကြောင်း စစ်ကြောင်းမှ...
မြေမြှုပ်မိုင်းပုံ / Crd
September 8, 2026
ကချင်ပြည်၊ ဝိုင်းမော်မြို့နယ်အတွင်း မြေမြှုပ်မိုင်းများကြောင့် အရပ်သား ထိခိုက်သေဆုံးသူ ၅ ဦးအထိ...