လှေစီးဘင်္ဂလီ ၃၇ ဦးကို ဇွန် ၁၇ ရက်နေ့ ပြန်ပို့မည်

လှေစီးဘင်္ဂလီ ၃၇ ဦးကို ဇွန် ၁၇ ရက်နေ့ ပြန်ပို့မည်
by -
နိရဥ္စရာ
ဖမ်းမိ ဘင်္ဂလီ လှေစီး ရေမျောကမ်းတင်များအား တွေ့ရစဉ်
ဖမ်းမိ ဘင်္ဂလီ လှေစီး ရေမျောကမ်းတင်များအား တွေ့ရစဉ်
ရခိုင်ပြည်နယ် မောင်တောမြို့နယ် တောင်ပြိုမြို့တွင် ထိန်းသိမ်းထားသော လှေစီးဘင်္ဂလီဒုက္ခသည် ၃၇ ဦးအား ဇွန်လ ၁၇ ရက်နေ့တွင် ဘင်္ဂလာဒေ့ရှ်နိုင်ငံသို့ ပြန်လည် ပို့ဆောင်သွားမည်ဟု မောင်တောခရိုင် အထွေထွေအုပ်ချုပ်ရေးမှူး ဦးခင်မောင်လွှင်က ပြောသည်။

“ဟုတ်ကဲ့။ နှစ်ဦးနှစ်ကဘက် သဘောတူထားပြီ။ မနက်ဖြန် ဇွန်လ ၁၇ ရက်နေ့မှာ ယခင်ကျန်နေခဲ့တဲ့ ၅၀ ထဲက ၃၇ ဦးကို လွဲပြောင်းမှာ ဖြစ်ပါတယ်။ ခေါင်းတုံးကနေ လွဲပြောင်း ဖြစ်ပါတယ်” ဟု ပြောသည်။

ယခုလွဲပြောင်းမည့် ၃၇ ဦးမှာ ရခိုင်ပြည်နယ် မောင်တောမြို့နယ် သင်္ဘောကွေ့ကျေးရွာ အနောက်တောင်ဘက် ၄ မိုင်အကွာ ပင်လယ်ပြင်တွင် ဖမ်းဆီးမိသော လှေစီးဒုက္ခသည် ၂၀၀ ဦးထဲမှ ဖြစ်သည်။ ယင်းအထဲမှ ၁၅၀ ကို ဇွန်လ ၈ ရက်နေ့က သူတို့၏ နေရပ်ရင်းနိုင်ငံ ဖြစ်သော ဘင်္ဂလာဒေ့ရှ်သို့ ပြန်လည်လွဲပြောင်းခဲ့သည်။

“အကုန်လုံးကို လွဲမှာပါ။ ကျန်တဲ့ ရ၀၀ ကျော်ကိုလည်း စိစစ်ပြီးပြီ။ ဘင်္ဂလာဒေ့ရှ် နိုင်ငံခြားရေး ၀န်ကြီးဌာနကို စာရင်းပို့ထားပြီးပြီ။ ဘင်္ဂလာဒေ့ရှ် ပြည်ထဲရေးဝန်ကြီးက သူတို့မိသားစုတွေရှိတဲ့ နေရာကို သွားရောက်စိစစ်ပြီးရင် ကျန်တဲ့ ဘင်္ဂလာဒေ့ရှ်နိုင်ငံသားကို လွဲပြောင်းသွားမှာ ဖြစ်ပါတယ်” ဟု ဦးခင်မောင်လွှင်က ဆက်လက် ပြောကြားသည်။

ဧရာဝတီတိုင်းတွင် ဖမ်းမိပြီး ရခိုင်ပြည်နယ် အနောက်ဘက် နယ်စပ် တောင်ပြိုမြို့နယ် ယာယီ လက်ခံစခန်းသို့ ပို့ဆောင်ခံရသူ ဘင်္ဂလီ ရ၃၃ ဦးထဲမှ ၅၄၄ ဦးမှာ ဘင်္ဂလာဒေ့ရှ် နိုင်ငံသားများ ဖြစ်ကြောင်း စိစစ်ထားပြီး ဖြစ်ကြောင်း သိရသည်။

ယင်းလွဲပြောင်းပွဲသို့ တောင်ပြိုမြို့နယ်ခွဲ လဝကမှူးနှင့် ဘင်္ဂလာဒေ့ရှ် ခေါင်းတုံးစခန်းမှ နယ်ခြားစောင့်တပ်ဖွဲ့မှ တာဝန်ရှိသူတို့ တက်ရောက်မည်ဟု သိရသည်။

May 19, 2026
ခိုင်လူလှ (ရိုးမမြေ) — ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ တောင်မော်ဦး၊ရေတပ်စခန်း...
May 18, 2026
မောင်စာဂ — ရခိုင်ပြည်၊ ကျောက်တော်မြို့နယ်တွင် အသက်မပြည့်သေးသည့် ညီအစ်မနှစ်ဦးသည်...
ဓာတ်ပုံ - ဦးခင်မောင်ဆန်း
May 16, 2026
မောင်စာဂ — ရခိုင်ပြည်အတွင်း ပညာဆက်လက်သင်ယူရန် နွမ်းပါးပြီး အခက်အခဲဖြစ်နေသည့် Grade-11 ကျောင်းသူ...
May 15, 2026
"အမြောက်တပ်နှင့်လက်နက်ကြီး လက်တစ်ကမ်းအကွာသို့ ရောက်ရှိလာသဖြင့်...