ရခိုင်က ဝန်ကြီးချုပ်ဟောင်းဦးညီပုနှင့် ဝန်ကြီးဟောင်းဦးမင်းအောင်တို့ကို ပုဒ်မထပ်တိုးတရားစွဲထား

ရခိုင်က ဝန်ကြီးချုပ်ဟောင်းဦးညီပုနှင့် ဝန်ကြီးဟောင်းဦးမင်းအောင်တို့ကို ပုဒ်မထပ်တိုးတရားစွဲထား

ရခိုင်က ပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဦးညီပုနှင့် စည်ပင်သာယာရေးဝန်ကြီးဟောင်း ဦးမင်အောင်တို့နှစ်ဦးကို ရာဇသတ်ကြီးဥပဒေပုဒ်မ-၁၃၀(က)ဖြင့် ထပ်တိုးတရားစွဲဆိုထားကြောင်း ရှေ့နေထံမှသိရသည်။

၎င်းတို့နှစ်ဦးကို ရခိုင်ပြည်နယ်ရွေးကောက်ပွဲကော်မရှင် အတွင်းရေးမှူး ဦးသူရိန်ထွဋ်က တရားလိုပြုလုပ်ကာ စစ်တွေမြို့နယ်တရားရုံး၌ တရားစွဲဆိုထားကြောင်းသိရသည်။

အဆိုပါအမှုအတွက် ပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဦးညီပုနှင့် စည်ပင်သာယာရေးဝန်ကြီးဟောင်း ဦးမင်အောင်တို့ကို ယနေ့(ဒီဇင်ဘာ ၂၂ ရက်)တွင် Video Conferencing ဖြင့် ရုံးချိန်းပေးခဲ့ကြောင်း ဝန်ကြီးများထံမှတစ်ဆင့်သိခဲ့ရသည်ဟု သဇင်ဥပဒေအထောက်အကူပြုအဖွဲ့မှ တရားလွှတ်တော်ရှေ့နေ ဦးအေးကျော်သန်းကပြောသည်။

“ပြည်နယ်ရွေး/ကော်က အတွင်းရဲမှူးလို့ပြောတယ်။ အဂတိအမှုကိုမစစ်ဆေးမီ ထောင်ထဲကနေပြီး Video Conferencing နဲ့ရုံးချိန်းပေးတယ်လို့ပြောတယ်။ စစ်ဆေးတဲ့အဆင့်တော့မဟုတ်ဘူး။ သူတို့ကို(ဝန်ကြီးနှစ်ဦး) အခုလိုစွဲထားတယ်ဆိုတာကို ရုံးချိန်းပေးတယ်လို့ပြောတယ်”ဟု ရှေ့နေဦးအေးကျော်သန်းကပြောသည်။

ထပ်တိုးတရားစွဲဆိုထားသည့် ရာဇသတ်ကြီးပုဒ်မ-၁၃၀(က)နှင့်ပတ်သက်၍ လာမည့်ဇန်နဝါရီလ ၅ ရက်နေ့ကို ရုံးချိန်းထားပြီး ယင်းနေ့တွင် ရှေ့နေကိုယ်စားလှယ်လွှဲစာတင်သွားမည်ဟု သိရသည်။

ဝန်ကြီးချုပ်ဟောင်းဦးညီပုနှင့် ဝန်ကြီးဟောင်းဦးမင်းအောင်တို့ကို တရားဆိုစွဲသည့်ကိစ္စနှင့်ပတ်သက်၍ ရခိုင်ပြည်နယ် ရွေးကောက်ပွဲကော်မရှင်မှ အတွင်းရေးမှူး ဦးသူရိန်ထွဋ်က “ပြောလို့မရဘူးခင်ဗျာ။ အဲဒါ နောက်မှတရားဝင်ထုတ်ပြန်မှပြောလို့ရမယ်”ဟု DMG သို့ပြောသည်။

ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဦးညီပုအပါအဝင် အဂတိမှုဖြင့်တရားစွဲဆိုခံထားရသည့် ဝန်ကြီးဟောင်း ငါးဦး၏အမှုကိုလည်း ယနေ့(ဒီဇင်ဘာလ ၂၂ ရက်)တွင် စစ်တွေအကျဉ်းထောင်သီးသန့်တရားရုံး၌ ရုံးထုတ်ခဲ့ပြီး တရားခံပြသက်သေ ၄ ဦးကို စစ်ဆေးခဲ့ကြောင်း ရှေ့နေထံမှသိရသည်။

“ဒီနေ့ရုံးချိန်းမှာ ခံပြသက်သေလေးဦးကို စစ်ဆေးခဲ့တယ်။ လာမယ့်ရုံးချိန်းမှာ နောက်ထပ်ကျန်ရှိတဲ့ ခံပြသက်သေတွေကို စစ်ဆေးဖို့ချိန်းထားတယ်။ ခံပြသက်သေတွေစစ်မယ့်ဟာမှာတော့ ငါးယောက်တစ်မှု၊ လေးယောက်တစ်မှု၊ နှစ်ယောက်တစ်မှုကျန်သေးတယ်။ ဒါပေမယ့် အားလုံးတော့စစ်ဖြစ်မှာမဟုတ်ဘူး။ သက်သေကိုတော့ အလိုအပိုတင်ထားကြတယ်။ တကယ်စစ်တဲ့အခါ အားလုံးကို မစစ်ဆေးတာလည်းရှိတယ်”ဟု ရှေ့နေဦးအေးကျော်သန်းက ပြောသည်။

ကျန်ရှိနေသည့်သက်သေများကို လာမည့် ဒီဇင်ဘာလ ၂၉ ရက်နေ့တွင် ဆက်လက်စစ်ဆေးရန် ချိန်းဆိုထားကြောင်း သိရသည်။

အဂတိမှုဖြင့်တရားစွဲဆိုခံထားရသည့် ဝန်ကြီးဟောင်းငါးဦးမှာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဦးညီပု၊ ဘဏ္ဍာ၊ အခွန်၊ စီမံကိန်းနှင့် စီးပွားရေးဝန်ကြီးဟောင်း ဦးကျော်အေးသိန်း၊ လျှပ်စစ်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ် ရေးဝန်ကြီးဟောင်း ဦးအောင်ကျော်ဇံ၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တောနှင့် သတ္တုတွင်းဝန်ကြီးဟောင်း ဦးကျော်လွင်၊ စည်ပင်ဝန်ကြီးဟောင်း ဦးမင်းအောင်တို့ဖြစ်ကြသည်။

ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဦးညီပုမှာ လက်ရှိတရားရင်ဆိုင်နေရသော အဂတိမှုသုံးမှုအပြင် နိုင်ငံတော် အကြည်ညိုပျက်စေမှုဥပဒေပုဒ်မ- ၅၀၅(ခ) ဖြင့်လည်း အလုပ်ကြမ်းနှင့် ထောင်ဒဏ်နှစ်နှစ် ချမှတ်ခံထားရသည်။

စည်ပင်ဝန်ကြီးဟောင်း ဦးမင်းအောင်မှာလည်း ငြိမ်းစုစီဥပဒေပုဒ်မ-၁၉ အတွက် အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၂ နှစ်၊ ဘေး/စီ/မံဥပဒေပုဒ်မ-၂၅ အတွက် အလုပ်ကြမ်းနှင့်ထောင်ဒဏ် ၂ လစီ ချမှတ်ခံထားရသည်။

April 11, 2026
တိုက်ပွဲများ ရှိနေသည့် စစ်တွေမြို့တွင် စစ်ကောင်စီသည် ရခိုင်ပြည်နယ် အစိုးရအဖွဲ့အဖြစ် ဝန်ကြီး ၈...
April 10, 2026
စစ်ကောင်စီ ထိန်းချုပ်ထားဆဲဖြစ်သည့် ရခိုင်ပြည်၊ စစ်တွေမြို့တွင် သင်္ကြန်ကာလ နီးကပ်လာမှုနှင့်အတူ...
နတ်ရေကန်ဗျုဟာကုန်းအနီးက ကမ္ဘာလုံးကာကင်းစခန်းကို ၂၀၂၅ အောက်တိုဘာလက တွေ့ရစဉ်။ ဓာတ်ပုံ - AK Htoo
April 9, 2026
မကွေးတိုင်း၊ ငဖဲမြို့နယ် နတ်ရေကန်စခန်းတွင် တိုက်ပွဲဖြစ်ပွားမှု ဆက်တိုက်ရှိနေပြီး...
တားမြစ်ထားသည့် ယစ်မျိုးကုန်များ ရောင်းချမှုရှိ/မရှိ ULA/AA က စစ်ဆေးမှုများ လုပ်ဆောင်နေသည်ကို ၂၀၂၅ ခုနှစ်အတွင်းက ရခိုင်ဒေသတစ်နေရာတွင် တွေ့ရစဉ်။ ဓာတ်ပုံ - APM
April 8, 2026
သင်္ကြန်ကာလအတွင်း အာရက္ခတပ်တော်(AA) ထိန်းချူပ်ဒေသများသို့ တရားဝင် တင်သွင်းခွင့်ပြုထားသည့်...