ရခိုင်တွင် အိမ်တွင်းစီးပွားရေးလုပ်ကိုင်နိုင်ရန် မှိုစိုက်ပျိုးရေးသင်တန်းပို့ချ

ရခိုင်တွင် အိမ်တွင်းစီးပွားရေးလုပ်ကိုင်နိုင်ရန် မှိုစိုက်ပျိုးရေးသင်တန်းပို့ချ

ရခိုင်ပြည်နယ်အတွင်းက ဒေသနေပြည်သူများ အိမ်တွင်းစီးပွားရေးလုပ်ငန်းလုပ်ကိုင်နိုင်ရန် မှိုစိုက်ပျိုးရေးသင်တန်းကို စစ်တွေမြို့ရှိ စစ်ဘေးရှောင်စခန်းများနှင့် အခြားမြို့နယ်များတွင် သင်ကြားပို့ချပေးလျက်ရှိသည်။

အိမ်တွင်းစီးပွားရေးလုပ်ငန်းကို ရခိုင်တွင်းလုပ်ကိုင်သူနည်းပါးသဖြင့် အလုပ်အကိုင်အခွင့် အလမ်းများရရှိလာစေရန်ရည်ရွယ်ပြီး မှိုစိုက်ပျိုးရေးသင်တန်းကို သင်ကြားပို့ချ နေခြင်းဖြစ်ကြောင်း သင်တန်းဆရာ ဦးကြည်စိုးက DMG ကိုပြောသည်။

“ပြည်မဖက်တွေမှာကျတော့ အိမ်တွင်းမှု စီးပွားရေးလုပ်ငန်းတွေကို တွင်တွင်ကျယ်ကျယ် လုပ်ကိုင်နေကြတယ်။ ဒါပေမဲ့ ရခိုင်ပြည်မှာတော့ အိမ်တွင်းမှုစီးပွားရေးလုပ်ငန်းတွေက သိပ်မရှိဘူး။ ဆိုတော့ အိမ်တွင်းမှုစီးပွားရေးလုပ်ငန်းတစ်ခုလုပ်ကိုင်နိုင်မယ့်  မှိုစိုက်ပျိုးရေးသင်တန်းကို သင်ကြားပို့ချပေးနေတာဖြစ်ပါတယ်”ဟု ၎င်းကရှင်းပြသည်။

စစ်တွေမြို့ရှိ လုပ်ငန်းရှင်အချို့၏ကူညီထောက်ပံ့မှုဖြင့် မှိုစိုက်ပျိုးရေးသင်တန်းကို ယခုနှစ် စက်တင်ဘာလမှစတင်ပြီး သင်တန်းဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း ဦးကြည်စိုးထံမှ သိရသည်။

“မှိုစိုက်နည်းနဲ့ပတ်သက်ပြီးတော့ နည်းပညာတွေက ပြည့်စုံတဲ့ အနေအထားတစ်ခုဖြစ်သွားပြီး။ ဒါပေမဲ့ ရခိုင်တစ်ပြည်လုံးမှာ မှိုစိုက်ပျိုးပြီး အိမ်တွင်းစီးပွားရေးလုပ်ငန်းတစ်ခု ဖြစ်ထွန်းလာမယ် ဆိုရင်တော့ ငွေကြေးပံ့ပိုးမှုတွေက လိုအပ်ချက်တွေရှိလာမယ်။ လက်ရှိအစိုးအဖွဲ့တွေက ငွေကြေးပံ့ပိုးမှုတွေကူညီမယ်ဆိုရင်တော့ အဆင်ပြေသွားမယ့်ပုံစံရှိတယ်”ဟု ဦးကြည်စိုးက ဆိုသည်။

မှိုစိုက်ပျိုးနည်းသင်တန်းကို စစ်တွေမြို့ရှိ စစ်ဘေးရှောင်းစခန်းများ၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ မင်းပြား၊ ဘူးသီးတောင်၊ မြောက်ဦး၊ အမ်း၊ ရမ်းဗြဲအစရှိသည့်မြို့နယ်တွေကို သွားရောက်ပြီး လူမျိုးဘာသာမရွေးကို အခမဲ့ သင်ကြားပေးလျှက်ရှိကာ သင်တန်းသား၊သူ စုစုပေါင်း ၃၀၀ ကျော်ကို ပို့ချသင်ကြားပေးပြီးဖြစ်ကြောင်းလည်း သိရသည်။

မှိုစိုက်ပျိုးရေးသင်တန်းတက်ရောက်ပြီး တစ်ပိုင်တစ်နိုင် အိမ်တွင်းမှုစီးပွားရေးလုပ်ငန်းကို လုပ်ဆောင်ရန်ပြင်ဆင်နေကြောင်း သင်တန်းတက်ရောက်နေသည့် ရသေ့တောင်မြို့နယ်၊ အိုးဖောက် ကျေးရွာမှ ကိုအာကာစိုးက DMG ကိုပြောသည်။

“သင်တန်းပြီးရင်တော့ ရွာမှာမှိုစိုက်ဖို့လုပ်ဆောင်နေတယ်။ သင်တန်းကတော့ မှိုစိုက်ပျိုးမယ်ဆို ဘာတွေလိုအပ်တယ်၊ ဘယ်လိုစိုက်ရမယ်ဆိုတဲ့ ပုံသေနည်းတွေနဲ့ နည်းပညာတွေ အကုန်လုံး သင်ကြားပေးလိုက်တယ်”ဟု ၎င်းကဆိုသည်။

မှိုစိုက်ပျိုးရေးသင်တန်းပေးသည့်အခါ ကောက်ရိုးမှို၊ ငွေနှင်းမှို၊ ကြွက်နားရွက်မှို(မှိုဂျိ)နှင့် ငွေမိုးမှိုတို့ စိုက်ပျိုးခြင်းကိုသင်ကြားပေးလျက်ရှိပြီး မှိုစိုက်ပျိုးသူများအနေဖြင့် မျိုးစေ့များကို ရန်ကုန်မှ အဓိကမှာယူရကြောင်း သိရသည်။

August 10, 2026
စစ်အုပ်စုတပ်က ထိန်းချုပ်ထားသည့် ရခိုင်ပြည်၊ ကျောက်ဖြူမြို့ပေါ်တွင် ရန်ကုန်မှ ကုန်တင်သင်္ဘော...
ဓာတ်ပုံ - စစ်တပ်ပြန်ကြားရေး (စစ်တပ်၏ စစ်ရေးလေ့ကျင့်မှုတစ်ခုကို တွေ့ရစဉ်)
August 8, 2026
ရခိုင်ပြည်နှင့် မကွေးတိုင်းအစပ်၊ မကွေးတိုင်း၊ ငဖဲမြို့နယ် နတ်ရေကန်စခန်းအနီးရှိ...
ဓာတ်ပုံ - ပေးပို့ / တရုတ်နိုင်ငံ၊ ကျင်းဟုန်မြို့တွင် ဖမ်းဆီးခံရသည့် မြန်မာလုပ်သားများကို တွေ့ရစဉ်
August 7, 2026
တရုတ်အာဏာပိုင်များက ဖမ်းဆီးပြီးနောက် ပြန်လည်လွှဲပြောင်းပေးလိုက်သည့် မြန်မာရွှေ့ပြောင်းအလုပ်သမား...
ဓာတ်ပုံ - (DMG) ဘင်္ဂလားဒေ့ရှ်နယ်စပ်တွင် တွေ့ရသည့် AA တပ်ဖွဲ့ဝင်တစ်ဦး။
August 7, 2026
စစ်အုပ်စုနှင့် ဘင်္ဂလားဒေ့ရှ်အာဏာပိုင်တို့ သဘောတူညီထားကြသည့် ဘင်္ဂလားဒေ့ရှ်-မြန်မာ...