မောင်တောနယ်စပ်ကုန်သွယ်ရေးစခန်းတွင် မော်တော်ဘုတ်မလုံလောက်၍ ကုန်ပစ္စည်းအများအပြားသောင်တင်နေ

မောင်တောနယ်စပ်ကုန်သွယ်ရေးစခန်းတွင် မော်တော်ဘုတ်မလုံလောက်၍ ကုန်ပစ္စည်းအများအပြားသောင်တင်နေ

မောင်တောနယ်စပ်ကုန်သွယ်ရေးစခန်းမှ တစ်ဖက်ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ကုန်တင်ပို့ရာတွင် မော်တော်ဘုတ်မလုံလောက်၍ ကုန်ပစ္စည်းအများအပြား သောင်တင်လျက်ရှိနေသည်။

မောင်တောဝင်/ထွက်စခန်း POE ဘုတ်ဆိတ်တွင် ကုန်များသောင်တင်နေပြီး ကုန်တင်ကားများလည်း ပိတ်ဆို့လျှက်ရှိနေသည်။

ကုန်သည်တစ်ဦးဖြစ်သည့် မာမတ်ဆော်ဒိတ်က "မော်တော်ဘုတ်တွေ လုံလောက်မှုမရှိဘူး။ ကုန်တွေကလည်း များများရောက်လာတာနေတယ်။ ကုမ္ပဏီတွေဖက်မှာလည်း မော်တော်ဘုတ်တွေမလုံလောက်တော့ ကျွန်တော်တို့ကုန်သည်တွေ ကုန်စည်အမြန်ရောက်ဖို့ အချိန်ကြန့်ကြာနေတယ်"ဟု DMG သို့ ပြောသည်။

မောင်တောမြို့နယ် ကုန်သည်ကြီးများအသင်း ဒုတိယဥက္ကဋ္ဌ ဦးအောင်စံသိန်းက "မော်တော်ဘုတ်တွေမလုံလောက်တာတော့ ဟုတ်တယ်။ ကုန်တွေကလည်း များများရောက်လာတာကြောင့်ပါ။ ကုမ္ပဏီတွေဖက်မှာလည်း မော်တော်ဘုတ်တွေထိန်းသိမ်းရတာ အခက်အခဲတွေရှိတယ်"ဟု ပြောသည်။

ကိုဗစ်ကြောင့်ယာယီရပ်နားခဲ့ရသည့် မောင်တောနယ်စပ်ကုန်သွယ်ရေးစခန်းမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ကုန်သွယ်မှုကို

အောက်တိုဘာလ ၂၀ ရက်နေ့မှ စတင်ကုန်သွယ်ခွင့်ရခဲ့ပြီး အောက်တိုဘာ ၃၁ ရက်နေ့အထိ ကုန်သွယ်မှုပမာဏမှာ အမေရိကန်ဒေါ်လာ ၃ သိန်း ၄ သောင်း ၆ ထောင်ရှိကြောင်း သိရသည်။

ပြီးခဲ့သည့်နိုဝင်ဘာလအတွင်းက ကုန်သွယ်ရာတွင် ပို့ကုန်ပမာဏ ကန်ဒေါ်လာ ၁,၅၈၃,၃၃၅ အထိ ကုန်သွယ်မှုပြုခဲ့ကြောင်း မောင်တောမြို့နယ် ကုန်သည်ကြီးများအသင်းမှ သိရသည်။

လက်ရှိကုန်တင်ပို့ရာတွင် မော်တော်ဘုတ်များမလုံလောက်၍

ကုန်တင်ယာဉ်များပိတ်ဆို့နေသဖြင့် လမ်းသွားလမ်းလာများ အခက်အခဲရှိကြောင်းလည်း သိရသည်။

August 10, 2026
စစ်အုပ်စုတပ်က ထိန်းချုပ်ထားသည့် ရခိုင်ပြည်၊ ကျောက်ဖြူမြို့ပေါ်တွင် ရန်ကုန်မှ ကုန်တင်သင်္ဘော...
ဓာတ်ပုံ - စစ်တပ်ပြန်ကြားရေး (စစ်တပ်၏ စစ်ရေးလေ့ကျင့်မှုတစ်ခုကို တွေ့ရစဉ်)
August 8, 2026
ရခိုင်ပြည်နှင့် မကွေးတိုင်းအစပ်၊ မကွေးတိုင်း၊ ငဖဲမြို့နယ် နတ်ရေကန်စခန်းအနီးရှိ...
ဓာတ်ပုံ - ပေးပို့ / တရုတ်နိုင်ငံ၊ ကျင်းဟုန်မြို့တွင် ဖမ်းဆီးခံရသည့် မြန်မာလုပ်သားများကို တွေ့ရစဉ်
August 7, 2026
တရုတ်အာဏာပိုင်များက ဖမ်းဆီးပြီးနောက် ပြန်လည်လွှဲပြောင်းပေးလိုက်သည့် မြန်မာရွှေ့ပြောင်းအလုပ်သမား...
ဓာတ်ပုံ - (DMG) ဘင်္ဂလားဒေ့ရှ်နယ်စပ်တွင် တွေ့ရသည့် AA တပ်ဖွဲ့ဝင်တစ်ဦး။
August 7, 2026
စစ်အုပ်စုနှင့် ဘင်္ဂလားဒေ့ရှ်အာဏာပိုင်တို့ သဘောတူညီထားကြသည့် ဘင်္ဂလားဒေ့ရှ်-မြန်မာ...