လာနီညာ(အအေးလှိုင်း)ကြောင့် ယခုနှစ်တွင် ရာသီဥတုပြောင်းလဲမှုဖြစ်စဉ်များ ကြုံတွေ့နိုင်

လာနီညာ(အအေးလှိုင်း)ကြောင့် ယခုနှစ်တွင် ရာသီဥတုပြောင်းလဲမှုဖြစ်စဉ်များ ကြုံတွေ့နိုင်

ယခုနှစ်တွင် လာနီညာ(အအေးလှိုင်း)ကြောင့် ဆောင်းရာသီကာလမှာ ဘင်္ဂလားပင်လယ်အော်တွင် မုန်တိုင်းများပိုမိုဖြစ်ပေါ်လာနိုင်ခြင်း၊ ညအပူချိန်လျောနည်းခြင်း၊ အအေးပိုခြင်း၊ အရှေ့ဘက်မှ လေပွေလှိုင်းများတိုက်ခတ်ခြင်းနှင့် အချိန်အခါမဟုတ် မိုးရွာသွန်းမှုများဖြစ်ပေါ်လာနိုင်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာက အသိပေးထုတ်ပြန်ထားသည်။

လာနီညာရာသီဥတုသည် နှစ်စဉ်ဖြစ်ပေါ်ခြင်းမဟုတ်ဘဲ အဆိုပါ ရာသီဥတု၏ဒဏ်ကို မြန်မာနိုင်ငံတောင်ပိုင်းဒေသများတွင် ကြုံတွေ့ရတတ်သည်ဟု မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးလှထွန်းကပြောသည်။

“လာနီညာကြောင့် ပုံမှန်ရာသီဥတုထက် ပိုအေးမယ်။ စွတ်စိုမယ်။ လာနီညာကြောင့် ဘင်္ဂလားပင်လယ်အော်ထဲမှာ မုန်တိုင်းတွေဖြစ်လာမယ်”ဟု ဦးလှထွန်းကပြောသည်။

အီကွေတာအနီးရှိ အပူပိုင်းပစိဖိတ်သမုဒ္ဒရာ၏ ပင်လယ်ရေမျက်နှာပြင်အပူချိန်နှင့် လေထုဖြစ်စဉ်များမှာ အားအသင့်အတင့်ရှိနေပြီး လာနီညာအခြေအနေသို့ရောက်ရှိနေသည်ဟု ၎င်းကဆိုသည်။

ယခုဒီဇင်ဘာလတွင် အားအသင့်အတင့်ရှိသော လာနီညာအဆင့်သို့ရောက်ရှိနေပြီး လာမည့်ဇန်နဝါရီလအတွင်း အားအနည်းငယ်မှ အားအသင့်အတင့်ရှိသော လာနီညာဖြစ်ပေါ်နိုင်သည်ဟု မိုးဇလက ထုတ်ပြန်ထားသည်။

လာနီညာရာသီဥတုကြောင့် ယခု ၂၀၂၁ ခုနှစ် ဒီဇင်ဘာလနှင့် ၂၀၂၂ ခုနှစ် ဇန်နဝါရီလတွင် မြန်မာနိုင်ငံအတွင်း ပုံမှန်ထက်အအေးပိုနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှူးဦးစီးဌာက အသိပေးထားသည်။

“တစ်နှစ်နဲ့တစ်နှစ် ရာသီဥတုအခြေအနေက မတူဘူး။ အချို့သြစတြေးလျတိုက်၊ အင်ဒိုနီရှား၊ ဖိလပိုင် အဲဒီနေရာတွေကျတော့ လာနီညာ၊ နီညိုတို့ကြောင့် သက်ရောက်မှုတွေအများကြီးရှိတယ်။ ကျွန်တော်တို့နိုင်ငံကျတော့ သက်ရောက်မှုတွေ အဲလောက်မရှိဘူး”ဟု မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးလှထွန်းကပြောသည်။

လာနီညာရာသီဥတုဖြစ်စဉ် ဖြစ်ပွားခြင်းသည် ကမ္ဘာကြီးပူနွေးလာမှုနှင့်ဆက်စပ်မှုရှိပြီး ပြီးခဲ့သည့်နှစ်တွင်လည်း မြန်မာနိုင်ငံအတွင်း လာနီညာဖြစ်ပွားခဲ့သော်လည်း ပိုမိုအေးမြမှုနှင့် စွတ်စိုမှုအများအပြားမရှိခဲ့ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။

August 10, 2026
စစ်အုပ်စုတပ်က ထိန်းချုပ်ထားသည့် ရခိုင်ပြည်၊ ကျောက်ဖြူမြို့ပေါ်တွင် ရန်ကုန်မှ ကုန်တင်သင်္ဘော...
ဓာတ်ပုံ - စစ်တပ်ပြန်ကြားရေး (စစ်တပ်၏ စစ်ရေးလေ့ကျင့်မှုတစ်ခုကို တွေ့ရစဉ်)
August 8, 2026
ရခိုင်ပြည်နှင့် မကွေးတိုင်းအစပ်၊ မကွေးတိုင်း၊ ငဖဲမြို့နယ် နတ်ရေကန်စခန်းအနီးရှိ...
ဓာတ်ပုံ - ပေးပို့ / တရုတ်နိုင်ငံ၊ ကျင်းဟုန်မြို့တွင် ဖမ်းဆီးခံရသည့် မြန်မာလုပ်သားများကို တွေ့ရစဉ်
August 7, 2026
တရုတ်အာဏာပိုင်များက ဖမ်းဆီးပြီးနောက် ပြန်လည်လွှဲပြောင်းပေးလိုက်သည့် မြန်မာရွှေ့ပြောင်းအလုပ်သမား...
ဓာတ်ပုံ - (DMG) ဘင်္ဂလားဒေ့ရှ်နယ်စပ်တွင် တွေ့ရသည့် AA တပ်ဖွဲ့ဝင်တစ်ဦး။
August 7, 2026
စစ်အုပ်စုနှင့် ဘင်္ဂလားဒေ့ရှ်အာဏာပိုင်တို့ သဘောတူညီထားကြသည့် ဘင်္ဂလားဒေ့ရှ်-မြန်မာ...