မြောက်ဦးမြို့နယ် ကင်းဆိပ်ရွာကို စစ်တပ်ဝင်ရောက်ပြီး မှတ်ပုံတင်နှင့် အိမ်ထောင်စုစာရင်းများကိုစစ်ဆေး

မြောက်ဦးမြို့နယ် ကင်းဆိပ်ရွာကို စစ်တပ်ဝင်ရောက်ပြီး မှတ်ပုံတင်နှင့် အိမ်ထောင်စုစာရင်းများကိုစစ်ဆေး

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ် ကင်းဆိပ်ကျေးရွာအတွင်းသို့ စစ်သားအင်အား ၆၀ ခန့်ဝင်ရောက်လာပြီး ၂ နာရီကျော်ကြာ ကျေးရွာအတွင်းလှည့်လည်သွားရောက်ခဲ့ကြောင်း ကျေးရွာသားများက ပြောသည်။

ဒီဇင်ဘာ ၈ ရက်နေ့ နံနက် ၈ နာရီခန့်တွင် ကျေးရွာအတွင်းဝင်ရောက်လာသော စစ်သားများသည် ဘုန်းတော်ကြီးကျောင်းနှင့် စာသင်ကျောင်းများကိုဝင်ရောက်ခဲ့ကြပြီး ကျေးရွာသားများ၏ အိမ်ထောင်စုစာရင်းများကို ကြည့်ရှုခဲ့ကြကြောင်း ကင်းဆိပ်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးလှသာထွန်းကပြောသည်။

“ကိုဗစ်ကာကွယ်ဆေးထိုးပြီးပြီလား။ ပန်းခင်းစီမံချက်နဲ့ လဝက ကလုပ်ဆောင်ပေးနေတဲ့ မှတ်ပုံတင်လုပ်ပြီးပြီလားမေးတယ်။ ကျနော်ကတော့ မှတ်ပုံတင်ပျောက်ဆုံးနေသူအချို့ ပြန်မလုပ်ရသေးဘူးလို့တော့ပြောလိုက်ပါတယ်။ စစ်တပ်က ရွာကိုတစ်ပတ်ပတ်ပြီး အိမ်ထောင်စုစာရင်းတွေမေးမြန်းခဲ့တယ်”ဟု ဦးလှသာထွန်းကပြောသည်။

သို့ရာတွင် စစ်သားများက ကျေးရွာအတွင်းလှည့်လည်သွားလာခဲ့ကာ ရွာရှိသောက်ရေကန်များကို ပြန်လည်ပြုပြင်ပေးရန်ပြောဆိုခဲ့သည်ဟုလည်း ကျေးရွာသားများထံမှ သိရသည်။

“အရင်က ဖြစ်ပျက်ခဲ့တဲ့အဖြစ်ပျက်တွေကြောင့် ရွာထဲစစ်သားတွေဝင်လာလို့ အကုန်လုံးကကြောက်လန့်နေကြတယ်။ တစ်ခုခု လုပ်သွားမှာကိုလည်းစိုးရိမ်နေတယ်။ အခုတော့ သူတို့(စစ်တပ်)က ဘာမှမလုပ်ခဲ့ပါဘူး။ ရွာကိုတစ်ပတ်ပတ်တယ်၊ လိုအပ်တာတွေကိုလုပ်ပေးမယ်လို့ ပြောသွားတယ်”ဟု စစ်သားများနှင့်ရွာပတ်လှည့်လည်ရာတွင်ပါဝင်ခဲ့သည့် ကင်းဆိပ်ကျေးရွာသား ဦးကျော်ကျော်နိုင်က ပြောသည်။

စစ်ကား ၂ စီးဖြင့်ရောက်ရှိလာသော စစ်သားများသည် ယနေ့မွန်းလွဲပိုင်းတွင် ကင်းဆိပ်ကျေးရွာမှ ပြန်လည်ထွက်ခွာသွားကြကြောင်း ကျေးရွာသားများထံမှ သိရသည်။

ကင်းဆိပ်ကျေးရွာသို့ နောက်ထပ်တစ်ကြိမ် စစ်သားများလာရောက်မည်ကိုစိုးရိမ်ကြောင်း ကင်းဆိပ်ကျေးရွာမှ မဦးခိုင်ဌေးကပြောသည်။

“ကျမက ရွာထဲကိုစစ်သားတွေဝင်လာတယ်လို့ ပြောသံကြားတာနဲ့ သားသမီးတွေခေါ်ပြီး လယ်တဲကိုထွက်ပြေးခဲ့တယ်။ တချို့ယောကျာ်းတွေဆိုရင်လည်း တခြားရွာတွေကိုထွက်ပြေးကြတယ်။ အကုန်လုံးက သူတို့(စစ်သား)တွေလာတယ်ဆိုရင် ကြောက်နေကြပါတယ်“ဟု မဦးခိုင်ဌေးကပြောသည်။

ကင်းဆိပ်ကျေးရွာအတွင်းသို့ စစ်သားများဝင်ရောက်ခဲ့ခြင်းနှင့်ပတ်သက်ပြီး မေးမြန်းရန် ရခိုင်ပြည်နယ် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်သူရကို DMG မှ ဆက်သွယ်ခဲ့သော်လည်း အဆက်သွယ်မရခဲ့ပေ။

April 11, 2026
တိုက်ပွဲများ ရှိနေသည့် စစ်တွေမြို့တွင် စစ်ကောင်စီသည် ရခိုင်ပြည်နယ် အစိုးရအဖွဲ့အဖြစ် ဝန်ကြီး ၈...
April 10, 2026
စစ်ကောင်စီ ထိန်းချုပ်ထားဆဲဖြစ်သည့် ရခိုင်ပြည်၊ စစ်တွေမြို့တွင် သင်္ကြန်ကာလ နီးကပ်လာမှုနှင့်အတူ...
နတ်ရေကန်ဗျုဟာကုန်းအနီးက ကမ္ဘာလုံးကာကင်းစခန်းကို ၂၀၂၅ အောက်တိုဘာလက တွေ့ရစဉ်။ ဓာတ်ပုံ - AK Htoo
April 9, 2026
မကွေးတိုင်း၊ ငဖဲမြို့နယ် နတ်ရေကန်စခန်းတွင် တိုက်ပွဲဖြစ်ပွားမှု ဆက်တိုက်ရှိနေပြီး...
တားမြစ်ထားသည့် ယစ်မျိုးကုန်များ ရောင်းချမှုရှိ/မရှိ ULA/AA က စစ်ဆေးမှုများ လုပ်ဆောင်နေသည်ကို ၂၀၂၅ ခုနှစ်အတွင်းက ရခိုင်ဒေသတစ်နေရာတွင် တွေ့ရစဉ်။ ဓာတ်ပုံ - APM
April 8, 2026
သင်္ကြန်ကာလအတွင်း အာရက္ခတပ်တော်(AA) ထိန်းချူပ်ဒေသများသို့ တရားဝင် တင်သွင်းခွင့်ပြုထားသည့်...